မြန်မာ ယူ-၁၆ အသင်း အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

၂၀၁၄ ခုနှစ် အသက် ၁၆ နှစ်အောက် အာဆီယံ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(က)တွင်
ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာ ယူ-၁၆ အသင်းသည် ဩဂုတ်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်
ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိခဲ့သော်လည်း အုပ်စု
တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် မျှော်လင့်ချက် ပျက်ပြယ်ခဲ့
ရသည်။

ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းအတွက် အနိုင် ဂိုးများကို ပွဲချိန် ၁၀ မိနစ်
နှင့် မိနစ် ၈၀ တို့တွင် တိုက်စစ်မှူး စအောင်ပြည့်ကို က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု(က)၌ ဩစတြေးလျ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား အသင်းတို့နှင့်
ကျရောက်ခဲ့ရာ လေးပွဲကစား နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ခြောက်မှတ်ရရှိကာ အုပ်စုအဆင့်(၃)နေရာ
ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အုပ်စု(က)တွင် ဩစတြေးလျအသင်းက လေးပွဲကစားပြီး လေးပွဲစလုံး အနိုင်ရရှိကာ ရမှတ်
၁၂ မှတ်ဖြင့် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သလို ဗီယက်နမ်အသင်းကလည်း လေးပွဲ ကစား
သုံးပွဲနိုင် ရမှတ် ကိုးမှတ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၂ ရက်နေ့အထိ
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြု လုပ်သွားမည်ဖြစ်ရာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို
ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ် နှင့် တတိယနေရာလုပွဲစဉ်ကို
စက်တင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း