ပါ့ခ်ရွိုင်ရယ် ရဲ့လူငယ် ပန်းချီပြိုင်ပွဲ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်နေ

မြန်မာလူငယ်များရဲ့ အနုပညာအရည် အသွေး တောက်ပလင်းလက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့
နှစ်စဉ်ကျင်းပလာခဲ့တဲ့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်(ရန်ကုန်)ရဲ့ "Youth Art Award" ပြိုင်ပွဲဟာ
၂၀၁၂ ခုနှစ် အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်နေ ပါပြီ။

» အပြည့်အစုံသို့

ဒီတစ်ပတ်ရုပ်ရှင်

သမ္မတ၊ သွင်၊ မင်္ဂလာ(၁)၊ Junction မော်တင်၊ Junction Square နဲ့ Top Royal ရုပ်ရှင်ရုံ
တွေမှာ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)ရိုက်ကူးပြီး အကြည်တော် ၀တ္ထု၊ ဇာတ်ညွှန်းရေးသား
ထားတဲ့ '၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀' ဇာတ်ကား သစ်ကို နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး တစ်ပြိုင်
နက်တည်း ရုံတင်ပြသနေပါပြီ။

» အပြည့်အစုံသို့

လူငယ်တွေရဲ့အနုပညာဖန်တီးမှုတွေကို ကူညီအားပေးမယ့် ၀က်ဘ်ဆိုက်တစ်ခု ခရစ္စဘရောင်း လွှင့်တင်လိုက်ပြီ

အဆိုတော် ခရစ္စဘရောင်းဟာ လူငယ် တွေအတွက် အနုပညာ ဖန်တီးရေးနဲ့ ထောက်ပံ့ရေး
စီမံကိန်းတစ်ရပ်အဖြစ် Symphonic Love Foundation ဆိုတဲ့ ၀က်ဘ်ဆိုက်ကို လွှင့်တင်
လိုက်ပါတယ်။

» အပြည့်အစုံသို့

မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သတင်းအတွက် သဘင်ပညာရှင်များ၊ရင်ဖွင့်ပြောကြား

အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် 'မြန်မာသံတော်ဆင်'့
ဂျာနယ် အတွဲ(၁)၊ အမှတ်(၃၃) တွင် ဖော်ပြပါရှိတဲ့
အင်တာ ဗျူးသတင်းနဲ့ပတ်သက်ပြီး သဘင်ပညာရှင်
များဦးဆောင်ကာ စာနယ်ဇင်း ရှင်းလင်းပွဲကို နိုဝင်ဘာလ
၅ ရက်နေ့က ဆီဒိုးနားဟိုတယ်(ရန်ကုန်)မှာ ကျင်းပခဲ့
ကြပါတယ်။

» အပြည့်အစုံသို့

စွယ်စုံသုံးပေါင်းအိုးကြီးကို MKN မှ မိတ်ဆက်

MKN ဂျာမနီမီးဖိုချောင်သုံးပစ္စည်း ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ပေါင်း၊ ကြော်၊ ကင်၊ ချက်စွယ်စုံအသုံး
ပြုနိုင်တဲ့ Hans Damp အမည်ရ ပေါင်းအိုးကြီးမိတ် ဆက်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့က
ပြည်လမ်း မပေါ်မှာ တည်ရှိတဲ့ KON Mart မှာ ကျင်းပခဲ့ပါတယ်။

» အပြည့်အစုံသို့

အမေရိကန်နာမည်ကျော်တွေ နိုင်ငံရေးမဲဆွယ်စည်းရုံးရေးအတွက် ဘာကြောင့်လေလုံးတွေနဲ့ အလှူငွေထည့်နေကြ

အမေရိကန်က နာမည်ကြီးအနုပညာ ရှင်တစ်သိုက်ဟာ
သူတို့အားပေးတဲ့ အမတ်လောင်းတွေအတွက် ငွေတွေ
လှူမယ်ဆိုတာတစ်မျိုး၊ ရန်ပုံငွေဖျော်ဖြေ ပွဲတွေလုပ်ပေး
ပြီး ကူညီပေးမယ်ဆိုတာ တစ်ဖုံနဲ့ ပြောဆိုနေကြပါတယ်။

» အပြည့်အစုံသို့

သီချင်းမူပိုင် ခွင့်နဲ့ တရားစွဲခံ ထားရတဲ့ 50 Cent

အဆိုတော် 50 Cent ဟာ ၁၉၇၀ ပြည့်လွန်နှစ်များက သီချင်းတစ်ပုဒ်ကို သိပ်မကြာခင်က
အခမဲ့ အွန်လိုင်းပေါ်မှာ နမူနာတင်ပေးခဲ့တာကြောင့် တရားစွဲဆို ခံထားရပါတယ်။

» အပြည့်အစုံသို့

'နန်းတွင်းရတနာ' နောက်ဆက်တွဲ ဇာတ်လမ်းဆက်ရိုက်ဖို့ သင့်မသင့် စဉ်းစားနေတဲ့ လီယောင်အေး

'ချန်ကင်' ဆိုပြီး ကိုရီးယားရုပ်သံပရိ သတ်တွေကြားမှာ
လူသိများတဲ့၊မင်းသမီး လီယောင်အေးဟာ သူပါဝင်သရုပ်
ဆောင်ခဲ့ပြီး နိုင်ငံတကာမှာ လူကြိုက်များခဲ့တဲ့ 'နန်းတွင်း
ရတနာ' (Jewel in the Palace) ဇာတ်လမ်းတွဲရဲ့
နောက် ဆက်တွဲဇာတ်လမ်းကို ရိုက်ကူးဖို့ သင့်မသင့်ကို
စဉ်းစားနေပါသတဲ့။

» အပြည့်အစုံသို့

အပြောင်းအလဲတွေကို ပွင့်လင်းစွာဖော်ပြထားတဲ့ ဗီဒီယိုမဂ္ဂဇင်း ထွက်ပြီ

ကဏ္ဍပေါင်းစုံ ထည့်သွင်းထားတဲ့ ဒီဗီဒီ မဂ္ဂဇင်းကို နိုဝင်ဘာ
လ ၅ ရက်နေ့ကစပြီး House of Media & Entertain-
ment (Home) ကနေ လစဉ်ထုတ်ဝေသွားမယ် လို့
မဂ္ဂဇင်းစီစဉ်သူတစ်ဦး ဖြစ်တဲ့ သရုပ် ဆောင်ဦးဇာဂနာက
ပြောပါတယ်။

» အပြည့်အစုံသို့

မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပွင့်ပွင့်လင်းလင်း တင်ဆက်ခဲ့တဲ့ ထိုင်း ဣတ္ထိယ လုလင်ပျိုတို့ရဲ့ ဖျော်ဖြေပွဲ

လှပကြော့ရှင်းတဲ့ ကိုယ်နေဟန်ပန် တွေကို ပိုင်ဆိုင်ထား
ကြပြီး မိန်းကလေးတွေတောင် အားကျရလောက်တဲ့
အလှ အပတွေနဲ့ ထိုင်းနိုင်ငံမှ နာမည်ကျော်MEMBO
ဣတ္ထိယလုလင်ပျိုအဖွဲ့ရဲ့ အကနဲ့ ဖျော်ဖြေတင်ဆက်ပွဲကို
အောက်တိုဘာလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့က အမ်စီစီ
ခန်းမမှာ ကျင်းပခဲ့ပါတယ်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်