ကျန်းမာရေးကောင်းစေဖို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါသလား

ကိုယ်တိုင် စစ်ဆေးမှုပြုလုပ်နိုင်တဲ့ ရင်သားကင်ဆာ ရှိ မရှိ စမ်းသပ်ပုံခြောက်မျိုးကို ဖော်ပြထားပါတယ်။ လေ့လာစမ်းသပ်မှုအသစ် တစ်ရပ်အရ ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းဟာ ရံဖန်ရံခါမှာ မလိုအပ်တဲ့ ဆေးကုသမှုမျိုးကို ခံယူရစေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - အမျိုးသား ကင်ဆာအသင်းကိုယ်တိုင် စစ်ဆေးမှုပြုလုပ်နိုင်တဲ့ ရင်သားကင်ဆာ ရှိ မရှိ စမ်းသပ်ပုံခြောက်မျိုးကို ဖော်ပြထားပါတယ်။ လေ့လာစမ်းသပ်မှုအသစ် တစ်ရပ်အရ ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းဟာ ရံဖန်ရံခါမှာ မလိုအပ်တဲ့ ဆေးကုသမှုမျိုးကို ခံယူရစေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - အမျိုးသား ကင်ဆာအသင်း

ရောဂါတစ်ခုခုအတွက် ဘယ်အချိန်မှာ ဘယ်လိုစစ်ဆေးမှုခံယူရမယ်ဆိုတာ လူနာတွေ ဆုံးဖြတ်
နိုင်အောင် အကြံဉာဏ်ပေးနိုင်ဖို့ဆိုတာ အထွေထွေကု ဆရာဝန်တစ်ယောက်အတွက် အရမ်းကို
နက်နဲသိမ်မွေ့လွန်းလှပါတယ်။

ဒါနဲ့ပတ်သက်ပြီး အကောင်းဆုံးဥပမာကတော့ ရင်သားကင်ဆာပါပဲ။ ကြိုတင်စစ်ဆေးခြင်းဟာ
အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ အကြံပေးအဖွဲ့အစည်းတွေနဲ့
ဆေးပညာရှင်တွေက ပြောတာကို ကြားဖူးထားကြတဲ့အတွက် ရင်သားဓာတ်မှတ်ရိုက်စစ်ဆေးခြင်း
ကို ပုံမှန် ပြုလုပ်ရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ အမျိုးသမီး
အများစုက ယူဆထားကြပါတယ်။

ဒါပေမဲ့ လူဦးရေအများစုဆေးကုသမှုခံယူ နိုင်တဲ့နိုင်ငံတွေမှာ ရင်သားကင်ဆာခံစားနေရတဲ့
အမျိုးသမီးအများစု ရင်သားကင်ဆာကြောင့် မသေကြတာကတော့ အမှန်တရားတစ်ခုပါပဲ။

ပြီးတော့ ရင်သားဓာတ်မှန်ရိုက်စစ်ဆေးတာဟာ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အထောက်
အထားတော်တော်များများကို ရှာဖွေထောက်လှမ်းရာမှာ မှားယွင်းမှုတွေလည်း ရှိပါတယ်။

တကယ်တော့ ရင်သားကင်ဆာရှိတဲ့ အမျိုးသမီးတချို့ဟာ ပုံမှန်စစ်ဆေးမှု မလုပ်မိတဲ့အတွက်
သူတို့ကိုယ်သူတို့ အပြစ်တင်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်စဉ်ပုံမှန်စစ်ဆေးမှုခံယူပြီး လမ်းညွှန်ချက်တွေကို လိုက်နာတဲ့ အမျိုးသမီးတွေ
လည်း သူတို့ ထင်ထားသလို ကာကွယ်မှုမျိုး မရကြပါဘူး။

ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းဟာ ကင်ဆာကြောင့် သေဆုံးနိုင်မှုကို လျော့ကျစေတာကတော့
ယေဘုယျအားဖြင့် မှန်ကန်နေပေမယ့် အမှန်တကယ်တော့ ဆိုးကျိုးနဲ့ကောင်းကျိုး နှစ်မျိုးစလုံး
ရှိပါတယ်။

အမေရိကန်ဆေးဝါးအသင်းက ထုတ်တဲ့ ဧပြီ ၂ ရက်နေ့ထုတ် ဂျာနယ်မှာ ဖော်ပြထားတဲ့
သတင်းတစ်ပုဒ်မှာ ဒီအချက်ကို ဖော်ပြထားပါတယ်။

ဒီသတင်းကိုရေးသားတဲ့သူတွေဟာ အနည်းဆုံးနှစ်ပေါင်း ၅၀ က ရရှိတဲ့ အချက်အလက်တွေ
အားလုံးကို ပြန်လည်ဆန်းစစ်ကြည့်ခဲ့ရာမှာ ပုံမှန်စစ်ဆေးမှု ခံယူတဲ့ အသက် ၄၀ ကျော်
အမျိုးသမီးတွေမှာ ကင်ဆာကြောင့် သေဆုံးမှု ၁၅ ရာခိုင်နှုန်း ကျဆင်းတာကို တွေ့ရှိခဲ့ပါတယ်။

ကင်ဆာရှိကြောင်း တွေ့ရှိမှုရဲ့ ၁၉ ရာခိုင်နှုန်းဟာ လွန်လွန်ကဲကဲ ချွတ်ယွင်းချက်ဖော်ပြတာမျိုးတွေ
ဖြစ်တာကိုလည်း သူတို့တွေ့ရှိခဲ့ပါတယ်။

ဒါက ဘာကိုဖော်ပြသလဲဆိုတော့ စစ်ဆေးမှုကြောင့် တွေ့ရှိတဲ့ကင်ဆာတွေဟာ အမျိုးသမီးတွေကို
တကယ်အန္တရာယ် မဖြစ်စေတဲ့ အဖုအကျိတ်မျိုးတွေ ဖြစ်နေတာပါ။

စိတ်မကောင်းစရာအချက်က အဲဒီဘေးမရှိတဲ့ အဖုအကျိတ်တွေကို မလိုလားအပ်တဲ့ စစ်ဆေးမှုတွေ
လုပ်တာ၊ အသားစစစ်ဆေးတာ၊ ခွဲစိတ်ထုတ်တာ၊ ဆေးဝါးနဲ့ ကုသတာ၊ ဓာတ်ရောင်ခြည်နဲ့
ကုသတာမျိုးတွေကို ပြုလုပ်ကြပါတယ်။

ဒါကြောင့် ရင်သားဓာတ်မှန်ရိုက် စစ်ဆေးတာဟာ အသက် ၄၀ ကျော်အမျိုးသမီးတွေအတွက်
ကောင်းတာထက် ဆိုးတာတွေ ပိုများတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ရင်သားဓာတ်မှန်ရိုက် စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ သူ့ကြောင့်ရရှိတဲ့ အကျိုးကျေးဇူး
တွေက ချဲ့ကားထားတာတွေဖြစ်ပြီး ဆိုးကျိုးတွေကိုတော့ လျှော့ချပြောဆိုထားတာလို့ပြောရင်
ပိုသင့်တော်ပါတယ်။

ရင်သားကင်ဆာရှိမရှိစစ်ဆေးတာဟာ အမြဲအကျိုးကျေးဇူးရှိတယ်လို့ ကျွန်တော်တို့ ဆက်ပြီး
လက်မခံထားနိုင်တော့ပါဘူး။

အထူးသဖြင့် ရင်သားကင်ဆာဟာ အတွေ့များတဲ့ ရောဂါတစ်မျိုး ဖြစ်နေတဲ့အတွက် တွေ့ရှိချက်
တွေဟာ စိတ်ပျက်စရာကောင်းတဲ့ သုံးသပ်ချက်တွေပါပဲ။

ပျမ်းမျှခြင်း အားဖြင့် အမျိုးသမီးတွေဟာ သူတို့သက်တမ်းအတွင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ
ရှစ်ပုံ တစ်ပုံ ရှိပါတယ်။

ဒီအချက်တွေကြောင့် အသက်အရွယ်အပိုင်း အခြားနဲ့ ရင်သားဓာတ်မှန်ရိုက်စစ်ဆေးရမယ့်အကြိမ်နဲ့
ပတ်သက်တဲ့ အကြံပြုချက်တွေဟာ ညွှန်ကြားချက်တွေပေးနေတဲ့ ဆေးဝါးကော်မတီတွေနဲ့
အသင်းတွေကြားမှာ ကွဲပြားခြားနားမှုတွေရှိနေတာကတော့ အံ့ဩစရာမဟုတ်တော့ပါဘူး။

ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့ အတွက် ကိုယ့်ဆရာဝန်နဲ့သာ တိုင်ပင်ပါလို့ သူတို့က အကြံပေးထား
ပါတယ်။

ပုံမှန်စစ်ဆေးမှုခံယူမှုဟာ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို နည်းနည်းပဲ လျော့ပါးစေတယ်
လို့ဆိုပေမယ့် အမျိုးသမီးတချို့ကတော့ မလိုလားအပ်တဲ့ ကုသမှုခံယူရနိုင်ခြေရှိတာကို
လိုလိုချင်ချင် လက်ခံထားကြပါတယ်။

တချို့ကတော့ အသက် ၅၀ ကျော်၊ ၆၀ ကျော်လောက်မှ ရင်သားဓာတ်မှန်ရိုက် စစ်ဆေးတာကို
စတင်ခံယူသင့်တယ်ဆိုတဲ့အချက်ကို လက်ခံကြပါတယ်။

ကင်ဆာစစ်ဆေးမှုကြောင့် ကင်ဆာတချို့ကို မတွေ့ရှိနိုင်သလို ပုံမှန်စစ်ဆေးမှု ပြုလုပ်တာတောင်
ရင်သားကင်ဆာကြောင့် အမျိုးသမီးတချို့ သေဆုံးကြတယ်ဆိုတဲ့ အချက်တွေထက် ကင်ဆာ
စစ်ဆေးမှုကြောင့် ပြောစရာ မရှိအောင် ကောင်းတာမျိုးမဟုတ်ဘူး ဆိုတဲ့ အချက်ကို အမျိုးသမီး
တွေ သိရှိစေဖို့က အရေးကြီးပါတယ်။

လက်တွေ့ကျတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက်
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများစွာ အတွင်းမှာ ရင်သားဓာတ်မှန်ရိုက်
စစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး ဦးစားပေးဆောင်ရွက်ရေးအတွက် ဆုံးဖြတ်ဖို့ကတော့ ခက်ခဲလှပါ
တယ်။

လက်ရှိ ကျွန်တော်တို့ ပြုလုပ်နိုင်တဲ့ ရင်သားကင်ဆာစစ်ဆေးမှုဟာ ကျွန်တော်တို့ မျှော်လင့်ထား
သလို အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် အလွန်အမင်းကို ကန့်သတ်ထားတဲ့ အရင်းအမြစ်တွေ
ကနေ အချက်အလက်တွေ ဘယ်လောက်ရယူသင့်ပါသလဲ။

ဒါ့ပြင် လာမယ့်နှစ်တွေအတွင်းမှာ အလယ်အလတ်တန်းလူစားတွေ မြန်မာနိုင်ငံမှာ ပိုများလာပြီး
ရင်သားဓာတ်မှန်ရိုက်စစ်ဆေးမှုတွေ ပိုများလာနိုင်တဲ့အတွက် အထွေထွေရောဂါကု ဆရာဝန်တွေ
ဒီလိုနက်နဲသိမ်မွေ့တဲ့ အခက်အခဲကို ဖြေရှင်းဖို့ ဘယ်လိုများ ပြင်ဆင်ထားပါသလဲ။

အခုအချိန်မှာတော့ မြန်မာနိုင်ငံက အထွေထွေရောဂါကုဆရာဝန်တွေအတွက် ဆေးတက္ကသိုလ်
အပြီးမှာ သင်ကြားပေးနေတဲ့ သင်တန်းတွေကလည်း အရမ်းကို အကန့်အသတ်ရှိပါတယ်။

ဆရာဝန်နဲ့ လူနာကြား ဆက်ဆံရေးပေါ် မူတည်တဲ့ ရင်သားကင်ဆာစစ်ဆေးမှုနဲ့ပတ်သက်ပြီး
နိုင်ငံတစ်ဝန်း လမ်းညွှန်ချက်တွေဖော်ဆောင်ခြင်းဟာ ကျန်းမာရေးစနစ်နဲ့ ပတ်သက်တဲ့ အယူအဆ
ပေါင်းစုံမှာ တိုးတက်မှုရှိသင့်တယ်ဆိုတဲ့အချက်က လိုအပ်နေမှာပါ။

(ခရစ္စတိုဂလက်စ်ဒေါ့ဖ်သည် မိသားစု ဆရာဝန်များဆိုင်ရာ အမေရိကန် ဘုတ်အဖွဲ့ဝင်ဆရာဝန်
တစ်ဦးဖြစ်ပြီး ရန်ကုန်တွင် ဆေးခန်းဖွင့်လှစ်ထားသည်။ ၀က်ဘ်ဆိုက်လိပ်စာမှာ
(www.gelsdorfmd.com) ဖြစ်သည်။

မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ အထွေထွေရောဂါကုဆရာဝန်များအသင်းအဖွဲ့ဝင် တစ်ဦး
ဖြစ်ပြီး သိလိုသည့်အချက်များကို ၎င်းအား ဆက်သွယ်မေးမြန်းနိုင်သည်။)

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်