လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်ဟပ်မှု၊များကို တင်ပြထားတဲ့ အနုပညာရှင်လေးဦးရဲ့ပြပွဲ

ကိုသူရိန်ကို သူ့ရဲ့အနုပညာဖန်တီးမှုများနဲ့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - ယုယုကိုသူရိန်ကို သူ့ရဲ့အနုပညာဖန်တီးမှုများနဲ့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - ယုယု

ပန်းချီပြပွဲတစ်ခုမှာ ပြပွဲစီစဉ်သူတစ်ဦးရဲ့ပြပွဲ အပေါ်ထင်မြင်ချက်နဲ့ သုံးသပ်ချက်တွေက ပြပွဲတစ်ပွဲကို
လူတွေရဲ့စိတ်ပါဝင်စားမှုရရှိ အောင် လုပ်နိုင်တယ်ဆိုတာ တကယ့်ကိုမှန်ပါတယ်။

အခုလည်း "The Mirror: Reflecting Society" လို့ နာမည်ပေးထား ပြီး ခေတ်ပြိုင် အနုပညာ
ခေါင်းစဉ်အောက် မှာ အနုပညာရှင်လေးဦးရဲ့ဖန်တီးမှုတွေ စုစည်းလို့ ပြသထားတဲ့ ပန်းချီပြပွဲက
သက်သေခံလို့ နေပါတယ်။

"ကြေးမုံပြင်တစ်ချပ်ကိုကိုင်ပြီး မြို့ထဲပတ်လျှောက်မယ်ဆိုရင် ဘယ်လိုပုံရိပ်တွေ က ကြေးမုံပြင်မှာ
လာထင်ဟပ်စေမှာလဲ ...။ သေချာပါတယ်၊ လူ့အဖွဲ့အစည်းရဲ့ ပုံရိပ်တွေ ရောင်ပြန်လာဟပ်မယ်
ဆိုတာ ပါပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ပြပွဲကို 'ကြေးမုံလူ့အဖွဲ့အစည်းရဲ့ရောင်ပြန်ဟပ်မှုများ'လို့
ခေါင်းစဉ်ပေးဖို့ရန်ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ရာတွေဟာ ကျွန်တော်တို့ နေထိုင်တဲ့လူ့အဖွဲ့
အစည်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေနဲ့ ထုံးဖွဲ့ထားတာကို တွေ့ရမှာပါ။ ကျွန်တော်တို့
လူ့အဖွဲ့အစည်း က ပွင့်လင်းလူ့အဖွဲ့အစည်းလို့ဆိုနိုင်သလား၊ ဒါမှမဟုတ် တစ်ဝက်တစ်ပျက်
ပွင့်လင်းလူ့အဖွဲ့အစည်းလား၊ မည်သို့ပင်ဆိုစေကာမူ အပိတ်လူ့အဖွဲ့အစည်း မဟုတ်တော့ပါဘူး။

အကူးအပြောင်းကာလမှာ ပျော့ပြောင်းလာ တဲ့ အခြေအနေတွေနဲ့ အနုပညာရှင်တွေ ဟာ သူတို့
ယခင်က ထိတွေ့ကိုင်တွယ်လို့ မရခဲ့တဲ့ လူမှုရေး၊ နိုင်ငံရေးအကြောင်း အရာတွေကို ထိတွေ့ကိုင်
တွယ်လာတာကို တွေ့မြင်နိုင်ပါတယ်..." ဆိုတဲ့ ပြပွဲစီစဉ် သူ ကိုမိုးစက်ရဲ့သုံးသပ်ချက်ကလေးနဲ့
တင် ပြပွဲမှာ အနုပညာရှင်တွေ ဘယ်လိုအနုပညာဖန်တီးမှုတွေကို လုပ်ဆောင်မလဲဆိုတာကို
သိချင်စိတ်ပြင်းပြသွားမှာပါ။

ဒီပြပွဲမှာ အနုပညာရှင်လေးဦးဖြစ်တဲ့ သူရိန်၊ ၀လုံး၊ မြတ်ကျော့နဲ့ ဇွန်အိဖြူတို့က လူမှုရေး၊ နိုင်ငံရေးနဲ့
ပညာရေးစတဲ့အကြောင်းအရာတွေကို ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း၊ ဓာတ်ပုံစတဲ့ မတူ ညီတဲ့
အနုပညာချဉ်းကပ်ပုံလေးတွေနဲ့ တင်ပြထားကြပါတယ်။ ၂၀၀၅ ခုနှစ်လောက်ကတည်းက တစ်
ကိုယ်တော်ပြပွဲတွေကို စတင်ပြုလုပ် ပြသခဲ့တဲ့ အသက် ၄၀ အရွယ် (ကို) သူရိန် ကတော့ ဒီပွဲမှာ
ပါဖောမင်အနုပညာရှင်တချို့ရဲ့ မျက်နှာနဲ့ဟန်ပန်တွေကို စုစည်းထားတဲ့ ဓာတ်ပုံလက်ရာရှစ်ခုကို
ဖန်တီး ပြသထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်