ဂန္ထ၀င် ဂီတပညာရှင် သုံးဦးနဲ့အတူ ဖျော်ဖြေတင်ဆက်သွားမယ့် ဂီတပွဲ

၁၉၄၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဆိုဗီယက်တပ်မတော်က ပိုလန်နိုင်ငံအတွင်းမှာရှိတဲ့
အောက်ရှဗစ်စ် အကျဉ်းထောင်ကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဂျူးလူမျိုးအကျဉ်းသားတွေကို
လွတ်မြောက်ပေးခဲ့တဲ့ နောက်ပိုင်းမှာ အဲဒီနေ့ကို ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနာဇီ အစိုးရရဲ့
ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးခဲ့ရတဲ့ ဂျူးလူမျိုး ခြောက်သန်းကို အောက်မေ့သတိရတဲ့
အထိမ်းအမှတ်အဖြစ် International Holocaust Remembrance Day လို့ သတ်မှတ်ထားခဲ့တာ
အခုဆိုရင် နှစ်ပေါင်း ၇၀ ရှိခဲ့ပါပြီ။

အဲဒီအဖြစ်အပျက်ကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အဖြစ် ဂန္ထ၀င်တေးဂီတ ဖျော်ဖြေပွဲ
တစ်ခုကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံရုံး၊ ပိုလန်နိုင်ငံသံရုံး၊ ဂျာမနီသံရုံးနဲ့
Goe-the-Institut မြန်မာတို့က လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဂီတပညာရှင်သုံးဦးဖြစ်တဲ့ ဂျာမနီနိုင်ငံက Perry Schack ၊ အစ္စရေးနိုင်ငံက Ester Rofe နဲ့
ပိုလန်နိုင်ငံက Krzysztof Kaczka တို့နဲ့အတူ မြန်မာ့နာမည်ကျော် ဂီတအဖွဲ့တွေဖြစ်တဲ့
ဂီတမိတ်အဖွဲ့နဲ့ Saw James ဦးဆောင်တဲ့ AOC orchestra အဖွဲ့တို့က Cimarosa၊ Vivaldi၊
Haendel၊ Ravel၊ Williams ("Schindler's List")၊ Ilse Weber နဲ့ တေးဂီတရှင်များစွာရဲ့
ဂန္ထ၀င်တေးဂီတတွေကို တွဲဖက်တီးခတ်သွားမှာ ဖြစ်ပါတယ်။

အခမဲ့ဖျော်ဖြေသွားမယ့် ဂီတပွဲကို ဇန်န၀ါရီလ ၂၅ ရက်နေ့ Strand Hotel မှာ မနက် ၁၀ နာရီခွဲ
ကနေ စတင်ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး [email protected] ကို
ကြိုတင်နေရာယူဖို့အတွက် ဆက်သွယ်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်