အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ ရုပ်သံလိုင်းအသစ်

MRTV-4 ကို တင်ဆက်ပြသနေတဲ့ Forever Group နဲ့ တောင်ကိုရီးယားနိုင်ငံ အခြေစိုက်
မီဒီယာလုပ်ငန်း MKCS Global Co.Ltd တို့ ပူးပေါင်းတင်ဆက်တဲ့ အမျိုးသမီးများအတွက်
ရည်ရွယ်တဲ့ ရုပ်သံလိုင်းအသစ် Lady Channel ကို ယခုလ ၆ ရက်နေ့ကနေ စတင် ဖမ်းယူ
ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ ဖျော်ဖြေရေး၊ အလှအပရေးရာ၊ ခရီးသွား အစီအစဉ်၊
ဂိမ်းအစီအစဉ်၊ ဟင်းချက်ကဏ္ဍ အစရှိတဲ့ နိုင်ငံတကာအစီအစဉ်တွေကို မြန်မာစာတန်းထိုးဖြင့်
ထုတ်လွှင့်ပေးမယ့် HD လိုင်းအသစ်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်တွင် 4TV Receiver တပ်ဆင်ထားသူတွေအနေဖြင့် Channel
Number 25, Frequency 506MHZ မှာ ဖမ်းယူကြည့်ရှုနိုင်ပြီး တောင်ကိုရီးယား ရုပ်သံလိုင်း
တွေက အစီအစဉ်တွေနဲ့ နိုင်ငံတကာဖျော်ဖြေရေး အစီအစဉ်တွေကို ၂၄ နာရီ ထုတ်လွှင့်
ပေးသွားမယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ရိုးရာအစားအစာတွေ၊ လူသိနည်းတဲ့ ရိုးရာအစားအစာ ချက်ပြုတ်နည်းတွေကို
ရှာဖွေတင်ဆက်ထားတဲ့ Delicious Korea အစီအစဉ်၊ တောင်ကိုရီးယား နာမည်ကျော်
သရုပ်ဆောင်မင်းသမီး 'ယူဂျင်း' ရဲ့ မိတ်ကပ်လိမ်းခြယ်မှု အဆင့်ဆင့်နဲ့ ဆံပင်ဒီဇိုင်း အလှအပရေးရာ
တင်ဆက်ပြသမယ့် Get it Beauty အစီအစဉ်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်
ထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတွေကို တစ်ဦးချင်း စိစစ်ရွေးချယ်ပြီး ခွဲစိတ်ပြုပြင်ပြောင်းလဲဖို့
လိုအပ်နေတဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးပေး တင်ဆက်ထားတဲ့ Let me in အစီအစဉ်၊
အကသမား ကိုးယောက် ပါဝင်မယ့် ဒေါ်လာ ငါးသိန်းတန် အကစွမ်းရည်ယှဉ်ပြိုင်မှု Dancing 9
စတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်