ဗေဒင်၊ နက္ခတ်၊ တဲရော့ပညာရှင်များနဲ့ သူတို့ယုံကြည်မှုများ

 ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ

ပူပြင်းတဲ့ နေ့လယ်ခင်းတစ်ခုမှာ ရန်ကုန်မြို့တော်က အချက်အချာ တစ်နေရာ ဆူးလေစေတီ
အနားက မဟာဗန္ဓုလပန်းခြံဘေးမှာ အဖြူရောင် ကော်လာကတုံးအင်္ကျီနဲ့ ပုဆိုးကို သပ်သပ်
ရပ်ရပ်ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် သတင်းစာ ထိုင်ဖတ်နေပါတယ်။ သူက
ဗေဒင်နဲ့လက္ခဏာဆရာ ဦးမင်းခန့်ကျော်ဖြစ်ပြီး တစ်ထိုင်စာ လမ်းဘေးလကဏာဆိုင်လေး
ဖွင့်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ပေးမယ့်အချိန်ကို ထိုင်စောင့်နေတာ
ဖြစ်ပါတယ်။

(ရန်ကုန်မြို့တစ်ဝိုက်မှာ လမ်းဘေးဆိုင်ဖွင့်သူတွေကို မြို့တော်စည်ပင်က ညနေ ၃ နာရီနောက်
ပိုင်းမှ ဖွင့်ခွင့်ပေးတာဖြစ်ပါတယ်။) ရန်ကုန်မြို့ထဲမှာ လကဏာဆရာအဖြစ် သက်တမ်း ၁၀
နှစ်ကျော် လုပ်ကိုင်လာပေမယ့် တကယ်တမ်းတော့ ဘုရားပွဲတော်တွေကျင်းပရာ ရွာတွေ
ဘက်ကို သွားရောက်ဟောပြောချင်တယ်လို့ ဦးမင်းခန့်ကျော်က သူလုပ်ချင်တာကို ပြောပြ
ပါတယ်။ "နယ်ဘက်မှာကျတော့ လူတွေက ပိုရိုးသားပြီး ဓလေ့မျိုးစုံ လေ့လာ နိုင်တယ်။
ဒါပေမဲ့ ၀င်ငွေကတော့ တော်တော်နည်းသွားတယ်။

သူတို့ဆီမှာ လက္ခဏာတစ်ခါကြည့် ငါးရာကျပ်ဆိုလည်း တတ်နိုင်တဲ့လူ ရှားတယ်လေ"လို့
ဦးမင်းခန့်ကျော်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ပုံမှန်အနေနဲ့ လက္ခဏာကြည့်သူတစ်ဦးကို
ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ တောင်းခံပေမယ့် နယ်ဘက်ကို ခရီးထွက်ရင်တော့
ဈေးထက်ဝက်ကျော် လျှော့ချရတယ်လို့လည်း သူက ပြောပြပါတယ်။

ခုနောက်ပိုင်းမှာတော့ ရွာဘုရားပွဲတွေမှာ ပွဲကန်ထရိုက်ယူသူတွေက ဆိုင်ခန်းဈေးတွေ
မြှင့်ထားတာကြောင့် ဈေးလျှော့ပြီးသား လကဏာဆရာတွေမှာ နေ့တွက်မကိုက်ဘဲ
အရှုံးပေါ်တာမို့ ရန်ကုန်မှာပဲ အခြေချဖြစ်ကြပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးမင်းခန့်ကျော်
က လကဏာပညာကို ဆရာမြတ်မိုးအောင်ဆီကနေ သင်ယူခဲ့တာဖြစ်ပြီး လူတစ်ယောက်ရဲ့
လက်ဖ၀ါးကိုကြည့်ပြီး ၇၀ ရာခိုင်နှုန်းအထိ မှန်အောင်ပြောနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်မှု
ရှိနေပါတယ်။

"ကျွန်တော် ၀င်ငွေရဖို့ အလုပ်မျိုးစုံ လုပ်ခဲ့ပါတယ်။ ရိုးရိုးသားသား လုပ်ခဲ့ပေမယ့် အဆင်မပြေ
တာများပြီး နောက်ဆုံး အလုပ်ရှင်တစ်ယောက် က အပြစ်မဲ့အလုပ်ထုတ်လိုက်လို့ စိတ်ညစ်နေတဲ့
အချိန်မှာ ဆရာနဲ့တွေ့ပြီး လကဏာအကြောင်း စသိခဲ့တာပါ"လို့ ဦးမင်းခန့်ကျော်က ပြောပြပါတယ်။
လက်ဖ၀ါးကို ကြည့်ရုံနဲ့ သူ့ဘ၀အကြောင်းတွေ ထုတ်ပြောခဲ့တာကို အံ့ဩပြီး လကဏာ
ပညာကိုလည်း သိပ်မယုံသေးတာမို့ စမ်းသပ်တဲ့အနေနဲ့ စတင်လေ့လာဖြစ်ခဲ့ပါတယ်။
စာအုပ်တွေပါ လိုက်ရှာဖတ်ပြီး နောက်ဆုံး ကိုယ်တိုင်လကဏာပညာကို တတ်ကျွမ်းလာပြီလို့
ထင်တဲ့တစ်နေ့မှာ ဆရာ့ရဲ့တိုက်တွန်းမှုနဲ့ လူတစ်ယောက်ကို လကဏာစကြည့်ပေးခဲ့တယ်
လို့ ဦးမင်းခန့်ကျော်က ပြောပြပါတယ်။ "ကိုယ်တကယ် လကဏာကြည့်တတ်ပြီလားဆိုတာ
လည်း စမ်းကြည့် ချင်တယ်။

စိုးရိမ်မှုလည်း ရှိခဲ့တယ်။ ကိုယ့်ဆီကို လူတစ်ယောက် လာပြီး မေးတော့ တတ်ထားမှတ်
ထားသမျှနဲ့ အစွမ်းကုန်ပြောပြခဲ့တယ်"လို့ သူ့ရဲ့ ပထမဆုံးအတွေ့အကြုံကို ပြောပြပါတယ်။
ပထမအကြိမ် လက္ခဏာဟောပြောမှု ပြုလုပ်ပြီးတဲ့နောက်မှာ တခြားအလုပ်တွေ မလုပ်ချင်တော့
ဘဲ သူလေ့လာထားတဲ့ပညာရပ် က ဘယ်လောက်အထိ မှန်လဲ လူတွေကို
ဘယ်လောက်ကူညီပေး နိုင်မလဲဆိုတာကို ဆက်သိချင်ခဲ့ပါတယ်။ "လူတချို့ကတော့
သူတို့အကြောင်းကို အကုန်မှန်အောင် မပြောနိုင် ဘူးလို့ ကျွန်တော့်ကို ပြောတယ်။
လက္ခဏာကြည့်သူတစ်ယောက်က လူတစ်ယောက်အကြောင်းကို ၇၀ ရာခိုင်နှုန်းလောက်
ပြောနိုင်ရင်ကို အတော်ဆုံးအဆင့်လို့ ခံယူထားတဲ့အတွက် သူတို့နဲ့ ကျွန်တော် မငြင်း
ခဲ့ဘူး" လို့ ဦးမင်းခန့်ကျော်က ပြောပါတယ်။ လမ်းပေါ်မှာ အလုပ်လုပ်ရတဲ့ လကဏာဆရာတွေ
ကို လိမ်ညာသူတွေလို့ အထင်လွဲပြီး အထင်သေးတာကိုလည်း သူက လုံးဝမခံချင်ပါဘူး။
"တချို့ အရမ်းတော်တဲ့ လကဏာဆရာတွေ ရှိတယ်။ ဒါပေမဲ့ လူတွေက လူလိမ်တွေရဲ့အလိမ်ခံခဲ့
ရဖူးတော့ လကဏာဆရာတိုင်း အတူတူပဲ ထင်ကြတယ်"လို့ သူက ပြောပါတယ်။

 ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ် ဓာတ်ပုံ - ဇာနည်ဖြိုး၊မြန်မာတိုင်းမ်

မြန်မာ့ရိုးရာ နကတ္တဗေဒပညာရှင် ဦးအောင်မြင်ကျော်က ပညာကို သေချာမလေ့လာဘဲ
ပေါ့ပျက်သူတွေကြောင့် တကယ်တော်တတ်တဲ့ ပညာရှင်တွေကိုလည်း လူလိမ်တွေလို့
သိမ်းကြုံးအထင်ခံရစေတယ်လို့ သူ့အမြင်ကို ပြောပါတယ်။ ဦးမင်းခန့်ကျော် ယူဆတဲ့ ၇၀
ရာခိုင်နှုန်း အမှန်ပြောနိုင်ရင် ဗေဒင်၊လကဏာ ဆရာတစ်ယောက်အနေနဲ့ ပညာရှင်
တစ်ယောက်ဖြစ်တယ် ဆိုတာကိုလည်း ဦးအောင်မြင်ကျော်က ထောက်ခံပါတယ်။
မြန်မာစာအဓိကနဲ့ တက္ကသိုလ်တက်နေစဉ်မှာ ဦးအောင်မြင်ကျော်က နက္ခတ္တဗေဒကို
စိတ်ဝင်စားတာကြောင့် ရွှေတိဂုံဘုရား သွေးဆေးကန်က ဆရာတော်ဆီမှာ စတင်လေ့
လာသင်ယူဖြစ်ခဲ့ပါတယ်။ ဘွဲ့ရချိန်မှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့နယ်
စခန်းမှူးအဖြစ်နဲ့ နောက်ဆုံးပင်စင်ရတဲ့အချိန်အထိ နကတ္တပညာရပ်ကို သူ့အလုပ် မှာ
လက်တွေ့လေ့လာခဲ့ပါတယ်။ "ထောင်ဒဏ်အပြစ်ပေးခံရမယ့်သူတွေ စခန်းမှာ အချုပ်
ကျနေတဲ့သူတွေကို သူတို့ရဲ့ဇာတာတွေ မွေးသက္ကရာဇ်တွေမေးပြီး တွက်ကြည့်ရင်း
ကိုယ်လေ့လာထားတဲ့ပညာကို အသုံးချခဲ့တယ်"လို့ ဦးအောင်မြင်ကျော်က ပြောပြပါ
တယ်။

ရဲဝန်ထမ်းဘ၀ကနေ သက်တမ်းပြည့်လို့ ပင်စင်ရပြီးနောက်ပိုင်းမှာတော့ နိုင်ငံခြားသား
ဧည့်လမ်းညွှန် ဆက်လုပ်ဖြစ်ခဲ့တဲ့ ဦးအောင်မြင်ကျော်က သူ့ဧည့်သည်တွေအကုန်လုံးကို
သေချာဗေဒင်တွက်ပေးဖြစ်ပါတယ်။

သူ့နကတ်ဗေဒင် စမ်းသပ်တွက်ချက်မှုမှာ အအောင်မြင်ဆုံးအဖြစ်အပျက် ကတော့ ၂၀၀၉
ခုနှစ်မှာ အမေရိကန်သမ္မတအဖြစ် အိုဘားမားကို ကြိုတင်တွက်ချက်ပေးနိုင်ခဲ့တယ်လို့
ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။

"ကမ္ဘာတစ်ဖက်ခြမ်းက လူတွေရဲ့ နက္ခတ်နဲ့ပတ်သက်ပြီးတော့လည်း တွက်ကြည့်ချင်ခဲ့မိ
တယ်။ နောက်ဆုံး အိုဘားမားကို ရွေးချယ်ပြီး တွက်ချက် သမတဖြစ်လာမယ်ဆိုတဲ့
အဖြေကို မြန်မာတိုင်း(မ်)ျာနယ်ကို လှမ်းပို့ပြီး သက်သေယူထားခဲ့တယ်။ တကယ်မှန်
သွားတယ်"လို့ သူက ကျေနပ်တဲ့အပြုံးတွေနဲ့ ပြောပါတယ်။ ခုချိန်ထိတော့ ဗေဒင်လက
ဏာကို ဗန်းပြပြီး လိမ်ညာစားနေသူတွေ ရှိနေသေးတာကြောင့် အဲဒီလူတွေအတွက်
အထင်လွဲခံရတဲ့ ဗေဒင်ဆရာတွေအစား မခံရပ်နိုင်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
"နှုတ်ထွက်စကားဆိုတာ အတိတ်နိမိတ်ကို ဖြစ်စေတယ်။ ကိုယ်သေချာ မကျွမ်းကျင်တဲ့
အလုပ်တစ်ခုနဲ့ သူတစ်ပါးရဲ့အနာဂတ်ကို ထိခိုက်ပြီး လိမ်ညာစားသောက်တဲ့လူတွေကို
မုန်းတယ်"လို့ ဦးအောင်မြင်ကျော်က ပြောပါတယ်။

သူက မွေးနေ့ ရက် သက္ကရာဇ် အချိန်သိရုံနဲ့ မည်သူကိုမဆို အနာတ်အကြောင်းတွေ
ကြိုတင်ပြောနိုင်တဲ့ မြန်မာ့ရိုးရာဗေဒင်နဲ့ နက္ခတ်ပညာရပ် တွေအတွက် ဂုဏ်ယူမိပြီး
အသေးစိတ်လေ့လာချင်သူတွေအတွက် သင်ယူစရာ ကျောင်း၊ တက္ကသိုလ်များ ရှိ
သင့်ကြောင်း ပြောပါတယ်။ "ပုံမှန်ဆိုရင် မြန်မာလူမျိုးတွေက ကိုယ့်ဆွေမျိုးသားချင်းတွေပဲ
ပညာကို လက်ဆင့်ကမ်းပေးချင်ကြတယ်။ မျက်နှာစိမ်းဆိုရင် သိပ်မသင်ပေးချင်တော့ဘူး။
အဲဒီအကျင့်က ပညာရပ်တော်တော်များများကို ပျောက်ဆုံးစေတယ်"လို့ ဦးအောင်မြင်ကျော်
က ပြောပါတယ်။

တဲရော့ပညာရှင် ဦးဟိန်းလတ်ကတော့ တဲရော့နဲ့ပတ်သက်ပြီး လက်ဆင့်ကမ်းသင်လို
့မရတာမို့ သင်ယူဖို့ ကျောင်းနဲ့ တက္ကသိုလ်တွေ မလိုအပ်ဘူးလို့ ပြောပါတယ်။
"လူတစ်ယောက်ရဲ့ အနာတ်ကို ကတ်ပြားတွေကြည့်ရုံနဲ့ ပြောတတ်မယ်ဆိုရင်
တဲရော့ပညာမဟုတ်တော့ဘူး။ ကတ်ပြားတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကို အလွတ်
ကျက်ပြီး ပြန်ပြောလို့မရဘူး"လို့ တဲရော့ဗေဒင်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
သူကိုယ်တိုင် အချိန်ပေးလေ့လာခဲ့တဲ့ တဲရော့ပညာနဲ့ပတ်သက်ပြီး စာအုပ်ငါးအုပ်အထိ
ထုတ်ဝေခဲ့ဖူးတဲ့ ဆရာဦးဟိန်းလတ်က သူ့စာအုပ်တွေထဲမှာ တဲရော့ကတ်တွေရဲ့အလွန်မှာ
ဘာရှိမလဲဆိုတာတွေလည်း ထည့်ရေးခဲ့ပါတယ်။

"တဲရော့ကတ်တွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ကတ်တခုချင်းစီရဲ့ နာမည်နဲ့ ပုံတွေကို
ဘာသာပြန်ရုံမဟုတ်ဘဲ နောက်ကွယ်မှာ ဘာအတိတ် နိမိတ်ရှိတယ်ဆိုတာကို အာရုံ
ခံတတ်ရမယ်"လို့ ဦးဟိန်းလတ်က ပြောပါတယ်။ တဲရော့ကတ်နဲ့ အနာတ်ကို ကြည့်တော့
မယ်ဆိုရင် ကြည့်ပေးမယ့်သူဟာ သက်သတ်လွတ်စားပြီး သက်ဆိုင်ရာ ကိုးကွယ်တဲ့
ဘာသာမှာ ယုံကြည်စွာ အလေးအနက် စိတ်စုစည်းရမှာ ဖြစ်ပါတယ်။ ကတ်ကြည့်ပေး
သူတွေဟာ အကြောင်းအရာတစ်ခုချင်းစီကို ဖြစ်နိုင်မှုအခြေအနေတွက်ချက်ပြီး ပြောသင့်
မပြောသင့် စဉ်းစားရမှာဖြစ်တဲ့အတွက် လုံလောက်တဲ့ ပညာအရည်အချင်းလည်း ရှိရ
ပါမယ်။

"ပြီးတော့ ဆဋ္ဌမအာရုံလို့ခေါ်တဲ့ နိမိတ်ပြအာရုံလည်း ရဖို့ကြိုးစားရ မယ်။ ဥပမာလူတိုင်းမှာ
တတိယမျက်လုံးက လူတွေမြင်ရတဲ့ သာမန် မျက်လုံးနှစ်လုံးကြားမှာ ရှိနေတာကို သိရ
မယ်ဆိုတဲ့ အချက်အပါအ၀င်ပေါ့"လို့ ဦးဟိန်းလတ်က ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ
ရှိတဲ့ တဲရော့ကတ်ဖတ်တတ်သူတွေအကုန်လုံးက အနာတ်ကို အတိအကျပြောနိုင်တဲ့သူတော့
မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ "လူတွေက ဘာဆက်ဖြစ်မယ်ဆိုတာကို
သိပ်သိချင်ကြတယ်။ ကျွန်တော်တို့က သိအောင်ကြိုးစားတော့ လာမေးတယ်။ ကျွန်တော်
သိသလောက် ပြန်ဖြေတယ်။ အကုန်လုံးသိတဲ့သူတော့ မရှိပါဘူး"လို့ ဦးဟိန်းလတ်က
ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။