အမေရိကန်အဆိုကျော်လာရောက်ဖျော်ဖြေမည်

အမေရိကန်ဂျမေကန်နိုင်ငံသား အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့
Sean Kingston တစ်ယောက် လာမယ့် စက်တင်ဘာလပိုင်းမှာ မြန်မာနိုင်ငံကို ပထမဦး
ဆုံးအကြိမ်လာရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ Sean အပြင် တခြားအဆိုကျော်တွေဖျော်
ဖြေမယ့် ပွဲကိုတော့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ အမ်စီစီ (Myanmar Conve-
nction Center) မှာ ပြုလုပ်ကျင်းပမှာပါ။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က သူ့ရဲ့ပထမဆုံးသီချင်းအယ်ဘမ်နဲ့ ဂီတလောကထဲကိုရောက်လာ
တဲ့ အသက် ၂၅ နှစ်အရွယ် ရှောင်ကင်စတန်က အဲဒီနှစ်မေလမှာ ရိုက်ကူးခဲ့တဲ့
Beautiful Girl ဆိုတဲ့ သီချင်းနဲ့ နိုင်ငံတကာက အားပေးမှုကို ရရှိထားတဲ့အပြင် Billboard
Hot 100 စာရင်းမှာတောင် ချိတ်ခဲ့တဲ့ ရပ်အဆိုကျော်တစ်ဦးပါ။ ဒါ့အပြင်  Justin Bieber
နဲ့တွဲဖက်သီဆိုထားတဲ့ Enie Meenie သီချင်းအမ်တီဗီကလည်း လူငယ်တွေအကြိုက်ဖြစ်ခဲ့
သလို Fire Burning ဆိုတဲ့ အမ်တီဗီသီချင်းကလည်း ကလပ်တွေမှာ အမြဲတစေကြားခဲ့
ရတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါသေးတယ်။

သူကမြန်မာနိုင်ငံက ပရိသတ်တွေအားပေးမှုကို အခိုင်အမာရထားတဲ့  Jason Mraz
လိုမျိုးတော့ မြန်မာနိုင်ငံကသူတွေကြားမှာ နာမည်မကျော်ပေမယ့် သူ့ရဲ့မြူးကြွတဲ့
သံစဉ်တွေကိုတော့ ကြိုက်ကြမှာပါ။ ကျွန်တော်တို့ကတော့ သူ့သီချင်းတွေဆိုရင်
ကလပ်မှာအမြဲတမ်းကြားနေကြပါ။ သူ့ရဲ့သီချင်းတွေက စိတ်ဓာတ်ကျ အားငယ်နေ
တဲ့သူတွေကိုတောင် ပျော်ရွှင်သွားအောင် လုပ်ပေးနိုင်ပါတယ်”လို့ Living Sound
Entertainment က စီအီးအို ဦးဂျော်မရန်က ဆိုပါတယ်။


Living Sound Entertainment ရဲ့ စီအီးအို ဦးဂျော်မရန်ကိုတော့ မြန်မာနိုင်ငံက
လူငယ်ပရိသတ်တွေကြား နာမည်ကျော်ကိုရီးယား ကေပေါ့အဆိုကျော်အဖွဲ့ဖြစ်တဲ့
2ne1 ကို ပထမဦးဆုံးအရောက်ပို့ဆောင်နိုင်ခဲ့တဲ့ သူလို့ ပြောရင်မမှားပါဘူး။
ဒါ့အပြင်သူ့အနေနဲ့ မြန်မာနဲ့ဂျပန်နှစ်နိုင်ငံက နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်
တင်ဆက်သွားမယ့် Yangon Runaway ဆိုတဲ့အက်ရှင်ဒရမ်မာ ရုပ်ရှင်ဇာတ်ကား
ကိုလည်း ဂျပန်ဒါရိုက်တာတွေနဲ့အတူ စီစဉ်ရိုက်ကူးနေပါသေးတယ်။


အဲဒီဇာတ်ကားရဲ့ ရိုက်ကူးရေးတစ်နေရာအဖြစ် ထည့်သွင်းအသုံးပြုဖို့အတွက်
နာမည်ကျော်အဆိုတော်တစ်ယောက်ကို ဖိတ်ခေါ်ရိုက်ကူးဖို့ အတွက် ပြင်ဆင်နေခဲ့
တာကြာပြီလို့သိရပါတယ်။ Sean Kingston ရဲ့ဖျော်ဖြေမှုနဲ့အတူ ဖက်ရှင်ရှိုးပွဲတစ်ခု
ကိုလည်း ထည့်သွင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ ဦးဂျော်မရန်ရဲ့ပြောပြချက်အရ Sean က သူ့ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်မှုတစ်စုံတစ်ရာမရှိဘဲ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ရှောင်အနေနဲ့က နိုင်ငံတကာမှာကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးပါ။ ကျွန်တော်
သူ့ကိုနှစ်သက်ပါတယ်။ ဒါပေမယ့်ကျွန်တော်သူ့ကိုလာဖျော်ဖြေပေးဖို့ကမ်းလှမ်း
တော့ သူ့အနေနဲ့မငြင်းဆန်ဘဲ လက်ခံခဲ့တာကိုတော်တော်လေးအံ့သြမိပါတယ်။
ပွဲစီစဉ်ဖို့ တစ်လကျော်လောက်အချိန်ရပေမယ့် စတိတ်အပြင်အဆင်တွေကအစ
သေချာလုပ်ထားပြီး၊ ဖက်ရှင်ရှိုးတွေကိုပါ ထည့်သွင်းထားမှာမို့  ဒီပွဲကို လာကြည့်တဲ့
သူတွေအနေနဲ့ အတွေ့အကြုံသစ်တွေရမယ်လို့ ယုံကြည်ပါတယ်"လို့ သူက ဆိုပါတယ်။


ဒီပွဲကိုတော့Yangon Runaway Girl Collection လို့နာမည်ပေးထားပြီး၊ Sean
Kingston နဲ့အတူ အခြားနိုင်ငံတကာက အဆိုတော်တွေ၊ ပြည်တွင်းက နာမည်ကျော်
အဆိုတွေဖြစ်တဲ့ အမွန်း၊ Xbox အပြင် အခြားအဆိုတော်တွေလည်း အားဖြည့်တင်
ဆက်သွားမယ့်အပြင် ပြည်တွင်းက ဖက်ရှင်ဒီဇိုင်နာတွေ မော်ဒယ်တွေကလည်း
ပါဝင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ဖက်ရှင်နဲ့ သီချင်းတွဲဖက်တင်ဆက်သွားမယ့်
ပွဲကိုတော့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ အမ်စီစီခန်းမမှာ ညနေ ၇ နာရီကနေ
၉ နာရီကျော်အထိ ကျင်းပပြုလုပ်သွားမှာပါ။


လက်မှတ်တွေကိုတော့  သြဂုတ်လလယ်ပိုင်းလောက်မှာ စတင်ရောက်ချသွားမှာဖြစ်ပြီး
ကျပ် ၃၀၀၀၀၊ ၆၀၀၀၀၊ ၁၅၀၀၀၀ နဲ့ ၃၀၀၀၀၀ တို့ဖြစ်ပါတယ်။ ဒီလိုရောင်းချရာမှာ
အွန်လိုင်းလက်မှတ်ဝယ်ယူတဲ့စနစ်ဖြစ်တဲ့ ဗီယက်နမ်အခြေစိုက် အွန်လိုင်းလက်မှတ်
အရောင်းကုမ္ပဏီ TicketBox နဲ့ လက်တွဲရောင်းချသွားမှာပါ။ ဒါ့အပြင်ဒီပွဲကနေရရှိလာတဲ့ အမြတ်အစွန်းတစ်ချို့ကိုလည်း မြန်မာနိုင်ငံက ရေဘေးခံစားနေရတဲ့ သူတွေကို လှူဒါန်း
သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်တင်ဆက်သူ ဦးဂျော်မရန်က မြန်မာတိုင်းမ်ကို ပြောသွားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်