နစ်ကီမီနာ့ခ်ျ အသက်အန္တရာယ် ပြုမှာကို စိုးရိမ်နေတဲ့ မာရီယာကာရေး လုံခြုံရေး အင်အား ထပ်ဖြည့်လိုက်

မာရီယာကာရေးမာရီယာကာရေး

မာရီယာကာရေးဟာ အောက်တိုဘာ ၂ ရက် နေ့က အမေရိကန်အိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲ
အတွက် ရိုက်ကူးမှုပြုလုပ်နေတုန်း သူ့လိုပဲ အကဲဖြတ်အဖွဲ့ဝင်ဖြစ်တဲ့ နစ်ကီမီနာ့ခ်ျနဲ့ အငြင်း
ပွားခဲ့ပြီး 'သေနတ်နဲ့ပစ်သတ်မိတော့မှာပဲ' လို့ နစ်ကီရဲ့ ကြိမ်းဝါးမှုကိုခံခဲ့ရတာကြောင့် စိုးရိမ်
ပူပန်မှုဖြစ်နေပြီး သူနဲ့သူ့မိသားစုရဲ့ လုံခြုံရေးအဖွဲ့ကို အင်အားထပ်ဖြည့်ထားပါသတဲ့။

အိုင်ဒေါလ်ဒိုင်လူကြီးအသစ်တွေ ဖြစ်ကြတဲ့ အဆိုကျော် မာရီယာနဲ့ နစ်ကီတို့ဟာ မြောက်ကယ်
ရိုလိုင်းနားပြည် Charlotte မှာပြုလုပ်ခဲ့တဲ့ ရိုက်ကူးရေးအစီအစဉ်မှာ ပြိုင်ပွဲဝင်တစ်ယောက်နဲ့ ပတ်သက်ပြီး ငြင်းခုံကြရာက ပြဿနာတက်ခဲ့ ကြတာပါ။

အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ဒေါသထွက်နေတဲ့ နစ်ကီက မာရီယာကို အော်ဟစ်
ဆဲဆိုနေတာကို တွေ့ကြရပါတယ်။ နစ်ကီဟာ ကင်မရာနောက်မှာလည်း ဆက်လက်ဆူပူမာန်မဲ
နေပြီး "တကယ်လို့ ငါ့မှာ သေနတ်သာရှိလို့ကတော့ သူ့ကို ပစ်သတ်မိတော့မှာပဲ" လို့ ဒေါသ
တကြီး ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အိုင်ဒေါလ်ရဲ့ အမှုဆောင်ထုတ်လုပ်သူဖြစ်တဲ့ Nigel Lythgoe က ကာရေးရဲ့ အသက်ကို နစ်ကီ
က ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေဟာ "မဟုတ်တမ်းတရားတွေ" ပါလို့ ပြန်လည်ချေပ
ပြောဆိုထားပါတယ်။

ဒါပေမယ့် ကာရေးဟာ မီနာ့ခ်ျရဲ့အပြုအမူ တွေကြောင့် ထိတ်လန့်နေဆဲဖြစ်ပြီး သူနဲ့ သူ့ကလေး
အမြွှာနှစ်ယောက်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ အောက်တိုဘာလ ၄ ရက်နေ့
မနက်ပိုင်းက နာမည်ကျော်အမေရိကန် အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ဘာဘရာ ဝေါလ်တာကို
ဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်