အဆိုတော် ခင်မောင်တိုး သားရေဂျာကင်ကို အမည်မဖော်လိုသူ လေလံအောင်သွားခဲ့

အဆိုတော်ခင်မောင်တိုးကို မကွယ်လွန်ခင်က သူ့ရဲ့မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့သားတွေနဲ့အတူ တွေ့ရစဉ်။ မြန်မာတိုင်း(မ်)အဆိုတော်ခင်မောင်တိုးကို မကွယ်လွန်ခင်က သူ့ရဲ့မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့သားတွေနဲ့အတူ တွေ့ရစဉ်။ မြန်မာတိုင်း(မ်)

ပြည်သူချစ်တဲ့ တေးသံရှင် ခင်မောင်တိုး ကွယ်လွန်သွားခဲ့တာ ဒီနှစ်နိုဝင်ဘာ ၁၅ ရက်
ဆိုရင် သုံးနှစ်တင်းတင်းပြည့်ပါပြီ။ သို့ပေမယ့်လည်း သူ့တေးသံတွေက လတ်ဆတ်ဆဲ၊
ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

သူ့ကိုချစ်တဲ့သူတွေကလည်း သူ့ကို အလွမ်းတွေပိုနေဆဲပဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်
ပွဲကြီးနီးလာချိန်မှာ နိုင်ငံရေးပါတီတွေလည်း မဲဆွယ်ပွဲတွေပြု လုပ်နေတာမို့ အင်န်အယ်လ်
ဒီပါတီကို အား ပေးထောက်ခံတဲ့ ကွယ်လွန်သူခင်ပွန်းသည် အဆိုတော်ခင်မောင်တိုးအတွက်
ရည်စူးလို့ ဇနီးသည် ဒေါ်ဝေေ၀လွင်က အလှူပွဲလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့
ခင်မောင်တိုး အမြတ်တနိုးနဲ့ဝတ်ဆင်လေ့ ရှိတဲ့ သားရေဂျာကင်ကို အန်အယ်လ်ဒီအောင်နိုင်ရေး ရန်ပုံငွေအတွက် လေလံတင်ရောင်းချပေးခဲ့တာပဲဖြစ်ပါတယ်။

အဲဒီသား ရေဂျာကင်ဟာ အမေရိကရှိ ခင်မောင်တိုး ရဲ့သူငယ်ချင်းတစ်ယောက်က ခင်မောင်တိုးကို
လက်ဆောင်ပေးခဲ့တာလို့လည်း သိရ ပါတယ်။ သားရေဂျာကင်ကို အောက်တိုဘာလ
ဆန်းကတည်းက ကျပ် ၁၀ သိန်းနဲ့ ဈေးစဖွင့် ခဲ့ပြီး ဈေးပြိုင်စနစ်နဲ့ လေလံတင်ခဲ့ရာမှာ
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့က ခင်မောင်တိုး ရဲ့ပရိသတ်တွေ လေလံပြိုင်ဆွဲခဲ့ကြတာဖြစ်ပါတယ်။
နောက်ဆုံးပိတ်လေလံပွဲကို သီတင်းကျွတ်လပြည့်နေ့ည၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ
ကျင်းပခဲ့ရာ နတ်မောက်မြို့ဇာတိ ဖြစ်တဲ့ အမည်မဖော်လိုသူတစ်ဦးက ကျပ်သိန်း ၂၀ နဲ့
လေလံအောင်သွားခဲ့ပါတယ်။ လေလံပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုဝေ ယံက လေလံအောင်
တဲ့ ကျပ်သိန်း ၂၀ ကို တေးသံရှင်ခင်မောင်တိုးရဲ့ မိသားစုရှေ့မှာပဲ မန္တလေးတိုင်း၊ အင်န်အယ်လ်ဒီ
အဖွဲ့ချုပ်ကို ရန်ပုံငွေအဖြစ် တစ်ခါတည်း လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

လေလံအောင်သူ(ကိုယ်စား)ထံက ငွေလက်ခံယူနေတဲ့ ဒေါ်ဝေေ၀လွင်။ ဝေယံလေလံအောင်သူ(ကိုယ်စား)ထံက ငွေလက်ခံယူနေတဲ့ ဒေါ်ဝေေ၀လွင်။ ဝေယံ

"လေလံအောင်တဲ့သူကတော့ ဘယ်လို မေးမေး အမည်မဖော်လိုသူလို့ပဲ ပြောပါတယ်။
လေလံအတွက် ပိုက်ဆံတစ်ပါတည်း ယူလာပြီး ဂျာကင်ယူသွားတဲ့ မိန်းကလေးက တော့
အသက် ၂၃ နှစ်လောက်ပဲ ရှိပါသေး တယ်။ လေလံအောင်သူက နတ်မောက် ဇာတိ၊
အင်ဂျင်နီယာတစ်ဦးလို့ပဲ သိရပါ တယ်" လို့ ကိုဝေယံက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
တကယ်လို့ ခင်ပွန်းသည်သာရှိခဲ့မယ်ဆိုရင် ခုလိုအချိန်မျိုးမှာ အင်န်အယ်လ်ဒီ အောင်နိုင်ရေး
သီချင်းတွေ သီဆိုပြီး အင်န် အယ်လ်ဒီပါတီကို တက်ကြွစွာနဲ့ ပံ့ပိုးနေမှာသေချာတယ်လို့
တေးသံရှင်ခင်မောင်တိုးရဲ့ ဇနီးဖြစ်သူ ဒေါ်ဝေေ၀လွင်က သူ့ကိုပြောတယ်လို့လည်း
ကိုဝေယံက ပြောပြပါတယ်။ "စာရေးဆရာ ရွှေနောင်ရိုး (မန္တလေး)နဲ့ ကျွန်တော်တို့
လေလံပွဲအတွက် စဉ်းစားပြီး ဒေါ်ဝေေ၀လွင်ကို လေလံအောင်မယ့် ပိုက် ဆံတွေကို
အင်န်အယ်လ်ဒီအဖွဲ့ချုပ်ကို လွှဲ ပေးမလားလို့ ဆွေးနွေးခဲ့ပေမယ့် မန္တလေးသားအဖြစ်
ခံယူထားတဲ့ ခင်မောင်တိုး အတွက် မန္တလေးတိုင်း အင်န်အယ်လ်ဒီအဖွဲ့ ကိုပဲလှူဖို့
သူတောင်းဆိုခဲ့တာပါ"လို့ ကိုဝေယံ က ပြောပါတယ်။

အဆိုတော်ခင်မောင်တိုးဟာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ စင်ကာပူနိုင်ငံမှာ
အသည်းရောဂါခံစားရပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်
၆၂ နှစ် ရှိပြီဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။