အလှဆုံး အော်စကာဖက်ရှင် ငါးစုံ

ဟောလိဝုဒ်က အော်စကာပွဲဆိုတာ ကမ္ဘာကျော်အနုပညာရှင်တွေ ဂုဏ်ယူစွာတက်ရောက်ဆင်နွှဲကြတဲ့
အခမ်းအနားတစ်ခုဆိုတာ လူအများ သိကြပါတယ်။

ဒီပွဲမှာ အနုပညာရှင်တွေဟာ အကောင်းတကာ့အကောင်းဆုံး၊ အလှတကာ့ အလှဆုံး၊ အဆန်းတကာ့
အဆန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို ဆင်မြန်းလို့ ကော်ဇောနီပေါ် လျှောက်လှမ်းကြတာကလည်း
ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။

ဒါကြောင့်မို့လည်း ပရိသတ်တွေက အော်စကာပွဲမှာ ဘယ်သူတွေ ရုပ်ရှင်ထူးချွန်ဆုရမလဲဆိုတာကို
ရင်ခုန်စွာစောင့်ကြည့်ကြရသလို ပွဲတက်သူတွေရဲ့ ဖက်ရှင်ကိုလည်း တခုတ်တရစောင့်ကြည့်ရတာ
ဖြစ်ပါတယ်။

ဒါကြောင့် harpersbazaar ကနေ ဒီနှစ်ပွဲတက်ရောက်သူတွေထဲက အကောင်းဆုံးဝတ်စုံ
ဆင်မြန်းလာသူ ငါးဦးကို ရွေးချယ်ခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Cate BlanchettCate Blanchett

၁။ ဩစတြေးလျမင်းသမီး Cate Blanchett ရဲ့ Armani Privé ၀တ်စုံဟာ မျက်စိပသာဒဖြစ်စရာ
အပိုအလိုမရှိ နှစ်လို့ဖွယ်ရာ ဖန်တီးမှုပဲ ဖြစ်ပါတယ်။ ၀တ်စုံအောက်ပိုင်းဟာ ကော်ဇောနီပေါ်မှာ
လှလှပပ တွဲခိုကျ နေပြီး အပေါ်ပိုင်းဖန်တီးထားပုံကတော့ အော်စကာပွဲတက်ဖက်ရှင်တွေထဲ
နံပါတ်တစ်ဝတ်စုံအဖြစ် စာရင်းဝင် သွားစေတာ ဖြစ်ပါတယ်။


Alicia VikanderAlicia Vikander

၂။ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို စင်ပေါ်မှာ လက်ခံရယူနေစဉ်မှာ Louis Vuitton ရဲ့
အ၀ါရောင်ဘောလုံးသဏ္ဌာန်ဂါဝန်ကို ၀တ်ဆင်ထားတဲ့ Alicia Vikander ဟာ အော်စကာညရဲ့
မင်းသမီးလေး တစ်ပါး ဖြစ်ခဲ့လေရဲ့။


Charlize TheronCharlize Theron

၃။ အနီတောက်တောက် Christian Dior ဂါဝန်ရှည်ကို ၀တ်ဆင်လာခဲ့တဲ့ Mad Max စတား
Charlize Theron ရဲ့ ကိုယ်ဟန်ဟာ လှပကြော့ရှင်းလွန်းလှတဲ့ လူသား ကျောက်ဆစ်ရုပ်လေးတစ်ပါး
အလားပါပဲ။ တဖျတ်ဖျတ်လင်းလက်နေတဲ့ စိန်နားကပ်နဲ့ ရင်ဘတ်ထက်ဝယ် တွဲခိုကျနေတဲ့ စိန်ဆွဲကြိုး၊
ဆွဲသီးကြောင့်လည်း Charlize ရဲ့ အသွင်ဟာ အပြစ်ဆိုစရာမရှိအောင် ဆွဲဆောင်မှုရှိခဲ့ပါတယ်။


Margot RobbieMargot Robbie

၎။ မင်းသမီး Margot Robbie ရဲ့ ရွှေရောင်ဂါဝန်ဟာ အော်စကာညရဲ့ မြင့်မားလှတဲ့
ဖက်ရှင်အဆင့်အတန်းကို ကိုယ်စားပြုပေးခဲ့တာပါ။ လူတိုင်းမျက်စိကျခဲ့တဲ့ မင်းသမီးရဲ့ဝတ်စုံကတော့
Tom Ford တံဆိပ်ပဲဖြစ်ပါတယ်။


Rooney MaraRooney Mara

၅။ အမေရိကန်မင်းသမီး Rooney Mara မှာ ဖက်ရှင်နဲ့ ပတ်သက်လို့ အကောင်းဆုံးကို ခံစားနိုင်တဲ့
စွမ်းရည်ရှိပုံရပါတယ်။ သူဝတ်ဆင်လာခဲ့တဲ့ Givenchy တံဆိပ်အဖြူရောင် ၀တ်စုံဟာ
သူ့ခန္ဓာကိုယ်ပေါ်မှာ အပြစ်ပြောစရာ တစ်ချက်မှမရှိဘဲ လှပကြော့ရှင်းနေခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်