အမျိုးသားတို့အတွက် အမိုက်စား ဆံပင်ပုံစံ ငါးမျိုး

သင်္ကြန်ပွဲ နွှဲဖို့တင်မဟုတ်ဘဲ ကိုယ့်ရဲ့ဆံပင်ပုံစံကို အမိုက်စားပြောင်းပစ်ဖို့ စဉ်းစားနေသူ
အမျိုးသားတွေအတွက် ပုံစံ ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘေးနှစ်ဖက်ပါးပြီး အပေါ်ပိုင်းထောင်ထားတဲ့ပုံစံ မျက်နှာဝိုင်းတဲ့အမျိုးသားတွေနဲ့ လိုက်ဖက်မယ့်
ဆံပင်ပုံစံပါ။ ရှေ့ဆံပင်ကို အပေါ်လှန်ဖြီးထားတာမို့ ၀ိုင်းနေတဲ့မျက်နှာကို ရှည်သွယ်သွားတဲ့
အသွင်သဏ္ဌာန်မျိုး ဖြစ်စေပါတယ်။


(၂) ဘေးတိုပြီး ရှေ့ဆံမြိတ်ချထားတဲ့ပုံစံ နဖူးပြင်ကျယ်ကျယ်ကို ဖုံးထားချင်တဲ့ သူတွေအတွက်
အင်မတန်မှ သင့်တော်တဲ့ပုံစံပါပဲ။ မျက်နှာရှည်သွယ်တဲ့ သူတွေဆိုလည်း နဖူးပြင်ကို ဆံပင်နဲ့
ဖုံးလိုက်တာမို့ မျက်နှာရဲ့အရှည်ကို တိုသွားသယောင် ဖြစ်သွားစေပါတယ်။


(၃) အတိုအကပ်ပုံစံ ဆံပင်ကို အလွယ်တကူ ပုံသွင်းချင်တဲ့သူ၊ ဆံပင်အတွက် အလုပ်မရှုပ်ချင်တဲ့
သူတွေအတွက် အရမ်းလန်းတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီလိုဆံပင်ပုံစံမျိုး လိုချင်တယ်ဆိုရင်
အပေါ်ပိုင်းဆံပင်အရှည်ကို တစ်လက်မ၊ တစ်လက်မခွဲလောက်ပဲ ထားဖို့လိုပါတယ်။ ဒီဆံပင် ပုံစံက
မျက်နှာလေးထောင့်ပိုင်ရှင် အမျိုးသားတွေနဲ့ ပိုပြီး လိုက်ဖက်တယ်ဆိုတာကိုတော့
အထူးအကြံပြုချင်ပါတယ်။


(၄) မတိုမရှည်လှိုင်းတွန့်ပုံစံ ဆံပင်အရှည်ထားရတာ နှစ်သက်သူ၊ ဆံပင်ညှပ်ဆိုင်သွားရမှာ
ပျင်းတဲ့သူဆိုရင်တော့ ဒီပုံစံကို အကြိုက်တွေ့မှာပါ။ လှိုင်းတွန့်ဆံသားပိုင်ရှင်တွေနဲ့ဆို
ပိုပြီးလိုက်လျောညီထွေရှိပါတယ်။ အပွပုံစံမို့ အပြင်သွားမယ်ဆိုရင်လည်း မှန်ရှေ့သွားပြီး ဆံပင်ကို
အထူးတလည် သနေစရာမလိုတော့ဘူးပေါ့။


(၅) စီးပွားရေးသမားတွေ ထားတတ်တဲ့ ဆံပင်အတိုပုံစံ ဒီဆံပင်ပုံစံထက် ပိုပြီးအလုပ်ခွင်နဲ့
သင့်တော်တဲ့ နောက်ထပ်စတိုင်ခပ်မိုက်မိုက်ကို သင်ရှာမတွေ့နိုင်ပါဘူး။ လူငယ်စီးပွားရေး
လုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်နေတဲ့
သူတွေအတွက် ဒီလိုသပ်ရပ်ပြီး ရိုးရှင်းတဲ့ပုံစံက သင့်ကို စမတ်ကျတဲ့ အမျိုးသားတစ်ယောက်အဖြစ်
ပြောင်းလဲပေးမှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်