ရွှေမန်းသဘင် မျိုးဆက် တင်မောင်ဆန်းမင်းဝင်း ရွက်ထည် ရုံဇာတ်ပွဲမှာ ကောင်းကင်ကြိုးနဲ့ သွယ်တန်းထားတဲ့ မြင်းဖြူကြီး စီးပြပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့

ရန်ကုန်မြို့ လွှတ်တော်အဆောက် အအုံမျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ပြည်သူ့ရင်ပြင်ကွင်းပြင်
ကြီးဟာ ပုံမှန်နေ့တွေလို တိတ်ဆိတ်မနေဘဲ မြူးကြွတဲ့ သံစဉ်တွေအောက်မှာ လူပေါင်းများစွာနဲ့
စည်ကားသက်ဝင်နေပါတယ်။

အချိန်နဲ့နေ့ရက်ကတော့ အောက်တို ဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပါ တယ်။ ပရိသတ်
များစွာဟာ ရွှေမန်း ဇာတ်သဘင်ရဲ့ မျိုးဆက်သစ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ ရွက်ထည်ရုံ
ဇာတ်ပွဲကို ခံစားကြည့်ရှုဖို့ ရောက်ရှိနေ ကြတာ ဖြစ်ပါတယ်။

ထိုင်ခုံတွေမှာ လူပြည့်နေတဲ့အပြင် မတ်တတ်ရပ်ကြည့်တဲ့ သူတွေကလည်း မနည်းမနောပါပဲ။
လက်မှတ်နဲ့ဝယ် ကြည့်ရတဲ့ပွဲဆိုပေမယ့် ပြည်သူ့ရင်ပြင်ရဲ့ ကွင်းပြင်ကျယ်မှာ လုပ်တဲ့ပွဲဖြစ်တာ
ကြောင့် ပန်းခြံထဲကို ၀င်ကြေးပေးပြီး အပန်းဖြေ လာရောက်ကြတဲ့သူတွေ လည်း အဝေးကနေ
ရပ်ကြည့်နိုင်ကြတာ ကို တွေ့ရပါတယ်။

ပွဲအဖွင့်မှာ တင်မောင်ဆန်းမင်းဝင်းရဲ့ ဖခင်ဖြစ်သူ ၀ါရင့်သဘင်မင်းသားကြီး ဦးဆန်းဝင်းက မြန်မာ
သံသီချင်းနှစ်ပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး တင်မောင်ဆန်းမင်းဝင်းက လည်း 'ဒေ၀စ္ဆရာ' သီချင်းကို
ခေတ်သစ် ပုံစံနဲ့ဖျော်ဖြေလို့ ပရိသတ်တွေကို ရသ သစ်ကို ခံစားစေခဲ့ပါတယ်။

သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက် တိုက်သီဆိုသွားတာမျိုးမဟုတ်ဘဲ တစ် ပုဒ်သီဆိုပြီးတိုင်း
ပရိသတ်ချစ်အောင် စကားလုံးအနုအရွများနဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ၊ အားပေးမှုတွေကို ရယူ
သိမ်းပိုက်နိုင်တာကလည်း ဇာတ်မင်း သားတစ်ယောက်ရဲ့ အရည်အချင်း အပြည့်ရှိတယ်လို့
ပြောရပါမယ်။

မင်းသားဇံဟိန်းနဲ့ မင်းသမီး နန်းခင် မွှေးတို့ကလည်း သီချင်းများနဲ့ဖျော်ဖြေခဲ့ ကြပါသေးတယ်။ ပွဲက
အရှိန်ကောင်း လာသလို ပရိသတ်တွေကလည်း ပိုပြီး များလာနေပြီဖြစ်ပါတယ်။ ဆက်ပြီး ရုပ်ရှင်
မင်းသမီးတွေဖြစ်ကြတဲ့ မေကဗျာ၊ ခင်လေးနွယ်နဲ့ ဖူးစုံတို့ကလည်း ပုဂံအကနဲ့ တင်ဆက်ဖျော်ဖြေ
ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ တင်မောင်ဆန်း မင်းဝင်းက ဂျဲနီ၊ ဒါလီလင်း၊ နေခြည်ငြိမ်း ချမ်းတို့နဲ့အတူ
'ယောက်ျားတံခွန်'လို့ အမည်ရ အော်ပရာဇာတ်ကို အကအလှ များ၊ သီချင်းများနဲ့ ဖျော်ဖြေ
တင်ဆက်ခဲ့ပါတယ်။

အော်ပရာဇာတ်ထဲမှ ဇာတ်ဝင် ခန်းတစ်ခုဖြစ်တဲ့ တင်မောင်ဆန်းမင်း ၀င်းက မြင်းဖြူကြီးစီး
တိမ်တွေပေါ်တက် သွားပြီး ပြန်ဆင်းလာတဲ့ ဇာတ်ကွက်ဆို ရင် ပရိသတ်တွေအပေါ်ကနေ ကြိုး
တွေနဲ့ သွယ်တန်းဆင်းပြခဲ့တာဖြစ်ပြီး သဏ္ဌာန်တူတာကြောင့် ပရိသတ်များရဲ့ လက်ခုပ်သံများစွာ
ကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

ပွဲကို ပရိသတ်တွေ ပျင်းမသွား အောင် နှစ်ပါးသွားတစ်လှည့်၊ အဆိုတစ်လှည့်၊ ပြဇာတ်တစ်လှည့်နဲ့
မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေသွားတာကလည်း ပွဲကြည့်ပရိသတ်များကို ကျေနပ်မှု အပြည့်
ပေးနိုင်ခဲ့ပါတယ်။ အချိန်က တဖြည်းဖြည်း ညဥ့်နက်လာတာနဲ့အတူ ပွဲကလည်း ပိုပြီးမြိုင်ဆိုင်
လာပါတယ်။

ရွှေမန်းသဘင်မျိုးဆက်ရဲ့ နာမည် ကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ မိုးမင်း စင်ရှေ့ထွက်လာပြီး
'အရိပ်ပမာမခွဲ' သီချင်းနဲ့ သီဆိုဖျော်ဖြေတဲ့အခါမှာလည်း ပွဲဆူခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့
မင်းသမီး နန်းခင်မွှေးနဲ့အတူ တင်မောင် ဆန်းမင်းဝင်းက 'မုန်းလို့မဟုတ်ဘူး' ပြဇာတ်ကို ကပြ
ဖျော်ဖြေခဲ့ပါတယ်။

ပြဇာတ်အစီအစဉ်ပြီးတဲ့နောက်မှာ စတိတ်ရှိုးအစီအစဉ် ဖြစ်ပါတယ်။ ပထမဆုံး စွမ်းဇာနည်နဲ့ ဆုပန်ထွာတို့က ဖျော်ဖြေခဲ့ကြပါတယ်။ နှင်းဆီအဖွဲ့သား တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊
ထွန်းထွန်း၊ မိုးမိုး၊ ရဲလေးနဲ့ မင်းသွေးတို့က လည်း သီချင်းတွေကို အလှည့်ကျ သီဆိုဖျော်ဖြေခဲ့ကြ
သလို တင်မောင် ဆန်းမင်းဝင်းနဲ့ နှင်းဆီအဖွဲ့သားတွေဟာ 'ချစ်သောကမ္ဘာမြေ' သီချင်းကို စုပေါင်း
ဖျော်ဖြေခဲ့ကြပါသေးတယ်။

ဆက်ပြီးတော့ မင်းသား တင်မောင် ဆန်းမင်းဝင်းက ဇာတ်သဘင်တို့ရဲ့ အခရာနှစ်ပါးသွားအကနဲ့
ပရိသတ်တွေကို ဖျော်ဖြေပေးတာကြောင့် အနုပညာ ရသအစုံအလင်ကို ကြည့်ရှုခံစားခဲ့ရတဲ့ မြန်မာ့
ဇာတ်သဘင်ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့လို ဇာတ်သဘင်ပွဲတွေ ရှားပါးတဲ့နေရာမှာ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ နှစ်
ရက်တိုင် ကပြဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ လက်မှတ် တစ်စောင်ကို ကျပ် ၅,၀၀၀ သတ်မှတ်
ရောင်းချခဲ့တာကြောင့် ဈေးတော်ပြီး ပရိသတ်တွေလည်း ကျေနပ်မှုအပြည့် ရခဲ့တဲ့ ပွဲလေး
ဋ္ဌဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်