'နန်းတွင်းရတနာ' နောက်ဆက်တွဲ ဇာတ်လမ်းဆက်ရိုက်ဖို့ သင့်မသင့် စဉ်းစားနေတဲ့ လီယောင်အေး

'နန်းတွင်းရတနာ' ဇာတ်ကားပိုစတာတွင် တွေ့ရတဲ့ မင်းသမီး လီယောင်အေး။ ဓာတ်ပုံ - soompi'နန်းတွင်းရတနာ' ဇာတ်ကားပိုစတာတွင် တွေ့ရတဲ့ မင်းသမီး လီယောင်အေး။ ဓာတ်ပုံ - soompi

'ချန်ကင်' ဆိုပြီး ကိုရီးယားရုပ်သံပရိ သတ်တွေကြားမှာ လူသိများတဲ့၊မင်းသမီး လီယောင်အေး
ဟာ သူပါဝင်သရုပ် ဆောင်ခဲ့ပြီး နိုင်ငံတကာမှာ လူကြိုက်များခဲ့တဲ့ 'နန်းတွင်းရတနာ' (Jewel in
the Palace) ဇာတ်လမ်းတွဲရဲ့ နောက် ဆက်တွဲဇာတ်လမ်းကို ရိုက်ကူးဖို့ သင့်မသင့်ကို
စဉ်းစားနေပါသတဲ့။

"နန်းတွင်းရတနာဇာတ်လမ်း နောက် ဆက်တွဲ ထပ်ရိုက်မယ်ဆိုတဲ့အကြောင်း ကို အဲဒီဇာတ်လမ်း
ရိုက်ပြီးသွားတဲ့အချိန် ကတည်းက ပြောနေကြတာပါ။ နောက်ဆက်တွဲ ဇာတ်လမ်းထပ်ရိုက်ဖို့
ဆက်တိုက်တောင်းဆိုနေကြပါတယ်။ ဒီဇာတ် လမ်းတွဲက နိုင်ငံပေါင်း ၈၀ ကျော်မှာ ပြသခဲ့တဲ့
ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ပရိသတ်တွေက၊ နောက်ဆက်တွဲဇာတ်လမ်းကို ကြည့်ချင်တယ်
ဆိုတာဟာ အံ့ဩစရာ မဟုတ်ပါဘူး"လို့ Newsen ၀က်ဘ် ဆိုက်က ရေးသားဖော်ပြထား
ပါတယ်။

"မျိုးချစ်စိတ်အရ ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ရိုက်ပေးဖို့ ရံဖန်ရံခါ တောင်းဆို
ကြပါတယ်။ ဒါပေ မယ့် မင်းသမီးအနေနဲ့ ငွေကြေးကို ကြည့်ပြီး မလုပ်ချင်ဘူးဖြစ်နေတယ်။
ငွေအတွက်ကြည့်ပြီး နောက်ဆက်တွဲ ဇာတ်လမ်းရိုက်ပေးပြီး သူ့ရဲ့ပရိသတ် တွေ စိတ်ပျက်
အောင် မလုပ်ချင်ဘူး"လို့လည်း ဖော်ပြထားပါတယ်။

သရုပ်ဆောင်ထူးချွန်ဆုတွေ များစွာ ရရှိထားတဲ့ မင်းသမီးကလည်း နောက်ဆက်တွဲဇာတ်လမ်း
ရိုက်ကူးဖို့ သင့်မသင့် နဲ့ပတ်သက်ပြီး ချီတုံချတုံဖြစ်နေတဲ့ အကြောင်းကို ၀န်ခံပြောဆိုပါတယ်။

"နောက်ဆက်တွဲ ဇာတ်လမ်းရိုက်ကူး မယ်ဆိုတဲ့ ကောလာဟလ ဘယ်ကနေ ထွက်လာမှန်း
မသိတဲ့အတွက် ရိုက်မယ် မရိုက်ဘူးဆိုတာကို ကျွန်မ မပြောနိုင် သေးပါဘူး" လို့ လီယောင်အေး
က ပြောပါတယ်။
"အမှန်အတိုင်း ပြောရရင် နောက် ဆက်တွဲဇာတ်လမ်းဆိုတာ တစ်ခါတလေ ကျရင် အလုပ်ပို
ဖြစ်အောင် လုပ်တာနဲ့ တူပါတယ်။ အခုခေတ်မှာ ဇာတ်လမ်းတွဲ တွေ ကို သူ့အတွဲအလိုက်
ထုတ်လုပ်နေကြ တာပါ။ တကယ်လို့ နန်းတွင်းရတနာ ဇာတ်လမ်းဟာ အဲဒီလိုမျိုးအတွဲလိုက်
ထုတ်လုပ်တာမျိုးဆိုရင် တစ်မျိုးပေါ့။

ဒါပေမယ့် သူက အဲဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် အလုပ်ဖြစ်ဖို့အတွက် ဒါမှမဟုတ် မူရင်း
ဇာတ်လမ်းရဲ့ ကျော်ကြားမှု အတိုင်း ဆက်သွားဖို့ နောက်ဆက်တွဲ ဇာတ်လမ်းကို ထုတ်မယ်
ဆိုတာကတော့ ကျွန်မ မြင်ထားတာနဲ့ တခြားစီပါ။ ဒါကြောင့် နောက်ဆက်တွဲဇာတ်လမ်းရိုက်
မယ်ဆိုရင် စဉ်းစဉ်းစားစားနဲ့ လုပ်သင့်ပါ တယ်"လို့လည်း ပြောပါတယ်။

မင်းသမီးဟာ ၂၀၀၉ ခုနှစ်မှာ အိမ် ထောင်ပြုလိုက်ခဲ့ပြီး မနှစ်က ဖေဖော်ဝါ ရီလမှာ အမြွာကလေး
တစ်စုံမွေးဖွားခဲ့ တာကြောင့် ပရိသတ်မြင်ကွင်းရှေ့ မရောက်ဖြစ်တော့ဘဲ မိသားစုအရေးကို ပဲ
အာရုံစိုက်အချိန်ပေးနေခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသမီး လီယောင်အေးတောင်ကိုရီးယားမင်းသမီး လီယောင်အေး

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်