သူတို့ပြောတဲ့ ပျော်ရွှင်မှု

'ပျော်ရွှင်မှု'ကို လူတိုင်း မက်မောတောင့်တကြပါတယ်။

ဒီလိုဆိုရင် ပျော်ရွှင်မှုကို ဘာနဲ့ တိုင်းတာကြပါသလဲ။

လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသလို တစ်ယောက်နဲ့ တစ်ယောက် လက်ခံတိုင်းတာမှုချင်းလည်း
မတူညီကြပါဘူး။

အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ကိုတင်လင်း၊ ၃၂ နှစ်
ထီရောင်းသူ

"ပျော်ချင်ရင် သီချင်းနားထောင်လိုက်၊ ပြီးတော့ လိုက်ဆို။ ကျွန်တော်ကတော့ စိတ်မပျော်မရွှင်
သိပ်မဖြစ်ဘူး။ များသောအားဖြင့် ပေါ့ပ်သီချင်းတွေ နားထောင်တယ်။ စိုင်းထီးဆိုင်နဲ့ ထူးအိမ်သင်တို့
ကတော့ ကျွန်တော့် အကြိုက်ဆုံးတွေပဲ"


အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မအေးမြတ်သူ၊ ၁၀ နှစ်
ကျောင်းသူ

"သူငယ်ချင်းတွေနဲ့ ဆော့ရရင် ပျော်တယ်။ အမေနဲ့ အဖေက မအားလို့ ကစားကွင်း မသွားရတဲ့အခါတို့၊
ရုပ်ရှင်ရုံလည်း လိုက်မပို့ ဖြစ်တဲ့အခါဆိုရင် အိမ်မှာပဲနေပြီး ရုပ်ရှင်ကြည့်ရတာလည်း ပျော်ပါတယ်"


အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မမြသင်္ကြန်၊ ၂၃ နှစ်
အရောင်းလက်ထောက်

"ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က သူငယ်ချင်းတွေ အများကြီးရှိတာပဲလို့ ထင်တယ်။ တစ်ခါတလေ
စိတ်ညစ်ရင် သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြော၊ အပြင်ထွက်စားလိုက်ရင် ပျော်သွားတယ်။
တစ်ခါတလေတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း အနားယူရင်း
အချိန်ဖြုန်းရတာလည်း ပျော်တယ်။ ခံစားချက်ပေါ်မှာပဲ မူတည်တာပါ"


အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ကိုမျိုးမင်းဟန်၊ ၂၆ နှစ်
ဂရပ်ဖစ်ဒီဇိုင်နာ

"ပျော်ချင်တယ်ဆိုရင် စိတ်ချမ်းသာအောင် နေထိုင်ပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်အတွက်တော့
ငွေကြေးပိုက်ဆံတွေထက် စိတ်ချမ်းသာမှုကသာ ကျွန်တော့်ကို ပျော်အောင် လုပ်ပေးနိုင်တာပါ။
မပျော်တဲ့အချိန် ဆိုရင်တော့ အိမ်မှာပဲနေပြီး ဂိမ်းဆော့ရတာလည်း ပျော်တယ်"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်