လူ့အခွင့်အရေးပွဲတော်တွင် 'မှော်' မှတ်တမ်းကားက 'အောင်ဆန်းစုကြည်'ဆုနဲ့ 'ဟံသာဝတီဦးဝင်းတင်'ဆု နှစ်ဆုလုံးကို ဆွတ်ခူးသွား

ဉာဏ်ဇေထက် / မြန်မာတိုင်း(မ်)ဉာဏ်ဇေထက် / မြန်မာတိုင်း(မ်)

ကချင်ပြည်နယ်က ဖားကန့်ကျောက်မှော်တွင်းတွေမှာ ပင်ပန်းဆင်းရဲဒုက္ခခံပြီး ကျောက်တူးနေကြတဲ့
မြန်မာ နိုင်ငံက အခြေခံလူတန်းစားတစ်ရပ်ရဲ့ဘ၀မှန်ကို ဖော်ကျူးထားတဲ့ 'မှော်' မှတ်တမ်းရုပ်ရှင်
ကားက လေးကြိမ်မြောက် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာနိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ ပေးအပ်ခဲ့တဲ့
ဆုပေါင်း ၁၀ ဆု ထဲက အမြင့်ဆုံးဆုတွေဖြစ်တဲ့ 'အောင်ဆန်းစုကြည်'ဆု နဲ့ 'ဟံသာဝတီဦးဝင်းတင်'
ဆုတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးသွားခဲ့ပါတယ်။

အဖိုးတန်ကျောက်တွေကို အသက်နဲ့ရင်းပြီး မြေကြီး ထဲက အလုအယက်တူးဖော်နေကြတဲ့
လူသားတွေနဲ့ သူတို့မိသားစုဝင်တွေအကြောင်းကို ပီပြင်လှပတဲ့ တင်ဆက်မှုတွေနဲ့ ရိုက်ကူး
ထားတဲ့ မှတ်တမ်းရုပ်ရှင်က ဇာတ်သိမ်းမှာလည်း ဒီကျောက်မျက်တွေ ဘယ်ရောက် သွားလဲ၊
ဘယ်သူတွေက အကျိုးခံစားခွင့်ရပြီး ဘာကြောင့်အသက်နဲ့ရင်းကြရတာလဲ စတဲ့မေးခွန်းတွေ နဲ့
ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ တစ်ဆုတည်းသော နိုင်ငံတကာဆုဖြစ်တဲ့ အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာဇာတ်ကား)ကိုတော့ Behemoth လို့အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့
တရုတ်ဒါရိုက်တာ Zhao Liang က ရရှိသွားပါတယ်။ တရုတ်နိုင်ငံက ဧရာမသတ္တုတွင်းကြီးတွေ၊
သဘာဝ ပတ်ဝန်းကျင်းညစ်ညမ်းမှုတွေနဲ့ လူသူမနေတော့တဲ့ မြို့ပြကြီးတွေကို ကဗျာစာပိုဒ်တွေ
နောက်ခံအသုံးပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

လေးကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်အဖြစ်
ဇွန်လ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ နေပြည်တော်နဲ့ ဂျန်းရှင်းမော်တင် ရုပ်ရှင်ရုံတို့မှာ
ပြိုင်ပွဲဝင်ဇာတ်ကားပေါင်း ၄၀ ပြသခဲ့ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဇွန်လ ၁၉ ရက်နေ့မှာ
ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဆုရရှိတဲ့ 'မှော်' (Vein) ဇာတ်ကားကို
လူငယ်ဒါရိုက် တာ ကိုဂျက်၊ ထက်အောင်စံနဲ့ ဖြိုးဇေယျာကျော်တို့က ရိုက်ကူးခဲ့တာဖြစ်ပြီး
လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်း အရာမှန်တွေကို မျှဝေတင်ပြချင်တဲ့ စိတ်တစ်ခုတည်းနဲ့
အခက်အခဲပေါင်းများစွာကြားက ရိုက်ကူးခဲ့ကြတယ်လို့ ပြောပါတယ်။ "ဆုရမယ်လို့
မမျှော်လင့်ခဲ့ပါဘူး။ ခုလိုဆုရတဲ့အတွက် ၀မ်းသာပေမဲ့ ဒီသဘာဝသယံဇာတ ကျိန်စာဆိုးကနေ
လွတ်မြောက်နိုင်ပါစေလို့ပဲ အဓိက ဆုတောင်းမိပါ တယ်"လို့ ဆုရရှိသူတွေဖြစ်တဲ့ ကိုဂျက်၊
ထက်အောင်စံ နဲ့ ဖြိုးဇေယျာကျော်တို့က ဆုလက်ခံအပြီးမှာ ပြောခဲ့ ပါတယ်။ ဇာတ်လမ်းတိုဆု
ကိုတော့ ပြိုင်ပွဲဝင်ဇာတ်လမ်းတို ပေါင်း ၁၁ ကားထဲက လူငယ်ဒါရိုက်တာ နေမင်းတင်ရဲ့
'မျက်နှာဖုံး' ဇာတ်ကားက ဆွတ်ခူးသွားပါတယ်။ ဟန်ဆောင်နေကြရတဲ့ လူအသီးသီးရဲ့
တစ်နေ့တာ မျက်နှာဖုံးတွေအကြောင်းကို သေသေသပ်သပ်လေး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး တင်ပြချက်တွေ ဆန်းပြားတာမို့ ပရိသတ်ရင်ထဲ ရောက်အောင် ပြနိုင်တဲ့ဇာတ်ကားအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့
ဆုရွေးချယ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ မသီတာ (စမ်းချောင်း)က ဆုပေးပွဲအခမ်းအနားမှာ၊ပြောခဲ့ပါတယ်။

"ဆုရဖို့ ဘယ်လိုမှကို မစဉ်းစားခဲ့ဘူး။ လူ့အခွင့် အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်နဲ့လည်း
သိပ်အံဝင် ခွင်ကျမဟုတ်ဘဲ ကျွန်တော် ပြချင်တဲ့အယူအဆကို တင်ပြခဲ့တာပါ။ ပြီးတော့
မှတ်တမ်းရုပ်ရှင်လည်း နည်းနည်းဆန်နေတော့ ဆုရမယ်လို့ တကယ်မထင်ခဲ့ ပါဘူး"လို့
ဒါရိုက်တာ နေမင်းတင်က ဆုလက်ခံရယူ အပြီးမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။
"March 13" ဆုကို (၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက် နေ့မှာ တက္ကသိုလ်ကျောင်းသားတွေဟာ
လူ့အခွင့် အရေးနဲ့ပတ်သက်ပြီး ပထမဆုံးဆန္ဒပြတောင်းဆိုခဲ့ကြ တဲ့အတွက် March 13 ဆုကို
လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ဆုတစ်ခုအဖြစ် လူ့အခွင့်အရေး လူ့ဂုဏ် သိက္ခာရုပ်ရှင်ပွဲတော်
စတင်ကျင်းပခဲ့တဲ့၂၀၁၃ ခုနှစ် ကတည်းက ထည့်သွင်းပေးအပ်ခဲ့ပါတယ်) မြန်မာနိုင်ငံက
အမျိုးသမီးတွေရဲ့ ခွဲခြားခံရမှုအကြောင်းကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖန်တီးတင်ဆက်
ထားတဲ့ အယ်နီမေးရှင်းဇာတ်ကား 'ကျွန်မ မလိုချင်တဲ့ ဘ၀' (My life I don't want) နဲ့ ဒါရိုက်တာ၊
ဉာဏ်ကျယ်စေက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"ဆုရဖို့ထက် လူတွေကြည့်ဖို့ အဓိကဆိုတဲ့စိတ်ကူး နဲ့ ကျွန်တော် ဖန်တီးခဲ့တာပါ။ ကျွန်တော့်စိတ်ကူးတွေ ကို အကောင်အထည်ဖော်ဖို့ ငွေကြေး ကျပ်ငါးထောင်၊ တစ်သောင်းကအစ ပါဝင်ခဲ့ကြတဲ့သူတွေကို
ကျေးဇူးတင် ပါတယ်။ ခွဲခြားခံရတဲ့ မိန်းကလေးတွေအကြောင်းကို အခု ကျွန်တော်အပါအ၀င်
တင်ပြကြတာ များပေမဲ့ လက်တွေ့မှာပါ တကယ်ကူညီမြှင့်တင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်"လို့
ဉာဏ်ကျယ်စေက ပြောပါတယ်။ Vaclav Havel Library ဆုကိုတော့ ဒါရိုက်တာ စိုင်းကောင်းခမ်းနဲ့
လမင်းဦးတို့ ရိုက်ကူးခဲ့ကြတဲ့ "Peaceful Land" မှတ်တမ်းရုပ်ရှင်က ဆွတ်ခူးရရှိခဲ့ပြီး VOA ဆုကိုတော့
ဒါရိုက်တာ နွေးဇာခြည်စိုးရဲ့ "Lovely Bones" (ရိုးမြေကျ) မှတ်တမ်းရုပ်ရှင်က ရရှိခဲ့ပါတယ်။

'အောင်ဆန်းစုကြည်ဆု'နဲ့ 'ဟံသာဝတီ၊ဦးဝင်းတင်ဆု'တို့ကို ရရှိခဲ့တဲ့ 'မှော်'ဇာတ်ကားဖန်တီးသူတွေ ဆုလက်ခံရယူနေကြစဥအောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)'အောင်ဆန်းစုကြည်ဆု'နဲ့ 'ဟံသာဝတီ၊ဦးဝင်းတင်ဆု'တို့ကို ရရှိခဲ့တဲ့ 'မှော်'ဇာတ်ကားဖန်တီးသူတွေ ဆုလက်ခံရယူနေကြစဥအောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

"ဧရာဝတီတိုင်းက မသန်စွမ်းသူတွေရဲ့ဘ၀ကို ရိုက်ကူးခဲ့ပြီး 'ရိုးမြေကျ' ဆိုတဲ့ ဇာတ်ကားခေါင်းစဉ်
ရဲ့အဓိပ္ပာယ်က တစ်သက်တာ အတူနေထိုင်သွားတဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ 'လူ့အခွင့်အရေးဆိုတာကို သူတို့အရိုးတွေ သေဆုံးမြေကျသွားတဲ့အထိ မသိခဲ့တဲ့ ဘ၀တွေ'ကို ဖော်ပြချင်တဲ့ စိတ်ကူးနဲ့ပေးခဲ့
တာပါ"လို့ ဇာတ်ကားအမည်ရွေးခဲ့ပုံကို မနွေးဇာခြည်စိုးက ပြောပြပါတယ်။ Gender Equality ဆုကို
ဒါရိုက်တာ မေရီနဲ့ ရူပါမိုမို တို့ ရိုက်ကူးခဲ့တဲ့ "Woman with a Gun" မှတ်တမ်းရုပ်ရှင် ကားက
ရရှိခဲ့ပြီး Peter Wintonick ဆုကို ဒါရိုက်တာ မေရီ၊ ပြည့်ရှိန်းကိုနဲ့ မင်းသီဟတို့ ရိုက်ကူးခဲ့တဲ့
ခြေတစ်ဖက်မရှိတဲ့ ငါးဖမ်းသမားမိသားစုအကြောင်း တင်ဆက်ထားတဲ့ "Missing Footprint"
ဇာတ်ကားက ဆွတ်ခူးခဲ့ပါတယ်။

"ကျွန်မတို့ ဆုရဖို့မမျှော်လင့်ခဲ့ပေမဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့နှစ်ရက်စလုံး ပရိသတ်ကလည်း
အပြည့်လာ ကြည့်ကြ၊ အရမ်းလည်း အားပေးခဲ့ကြတော့ ကျေနပ်ပီတိ ဖြစ်ခဲ့ရပါတယ်။ ဒီဆုမရရင်
လည်း ကိစ္စမရှိဘူး၊ ပရိသတ် ပေးတဲ့ဆုတော့ ရခဲ့ပါပြီလို့ စိတ်ထဲမှတ်ယူခဲ့တာပါ"လို့ ဒါရိုက်တာ
မေရီက ပြောပါတယ်။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲ တော်ကို ဦးစီးစီစဉ်
ခဲ့တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ ခုနှစ်မှာ ချက်နိုင်ငံ၊ Prague မြို့မှာ ကျင်းပခဲ့တဲ့
One World လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီးနောက်မှာ ကိုယ်တိုင်
လူ့အခွင့်အရေး နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခု ကျင်းပဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့
ပြောပါတယ်။

"၁၉၈၈ ခုနှစ်မှာ ပထမဆုံးကြားဖူးခဲ့ရတဲ့ လူ့အခွင့် အရေးဆိုတဲ့ စကားလုံး၊ ၂၀၀၉ ခုနှစ်မှာ
စတင်ပတ်သက် ခဲ့တဲ့ ရုပ်ရှင်ပွဲတော်၊ အဲဒီနှစ်ခုက ဆက်စပ်နေလိမ့်မယ်လို့ ၂၀၁၂ ခုနှစ်၊
မတ်လအထိ ကျွန်တော် မသိခဲ့ပါဘူး။ သိသိချင်းမှာ အဲဒီလိုရုပ်ရှင်ပွဲတော်မျိုး မြန်မာနိုင်ငံမှာ
ရှိရမယ်လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်"လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။လေးကြိမ်မြောက်
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသမယ်လို့ကြေညာခဲ့ပေမဲ့
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရုပ်ရှင် အဆင့်အတန်းစိစစ်ရေးအဖွဲ့ရဲ့
ဆုံးဖြတ်ချက်နဲ့ မပြသ နိုင်ခဲ့တဲ့ "Twilight over Burma" ဇာတ်ကားကလွဲပြီး နိုင်ငံတကာနဲ့
ပြည်တွင်းမှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ အယ်နီမေးရှင်း ဇာတ်ကားပေါင်း ၃၉ ကားကို
ပြသနိုင်ခဲ့ ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်