စာဖတ်သူတွေ အသက်ပိုရှည်တယ်လို့ သိပ္ပံပညာရှင်တွေ ဆိုလိုက်ပြီ

အသက် ၅၀ ကျော် အစမ်းသပ်ခံသူပေါင်း ၃,၆၃၅ ဦးကို စာအုပ် လုံးဝမဖတ်တဲ့အဖွဲ့၊ တစ်ပတ်ကို
သုံးနာရီခွဲအထိ စာဖတ်တဲ့အဖွဲ့နဲ့ တစ်ပတ်ကို သုံးနာရီခွဲနဲ့အထက် စာဖတ်တဲ့အဖွဲ့ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲပြီး
လေ့လာခဲ့ပါတယ်။

စာကြမ်းပိုးတွေအတွက် သတင်းထူးရှိပါတယ်။

အဲဒါကတော့ တစ်နေ့တာအတွင်းမှာ စာအုပ်ထဲက အခန်းတစ်ခန်းကိုပဲ ပြီးအောင်ဖတ်ဖြစ်တယ်ဆိုရင်
ပုံမှန်ထက် အသက်ပိုရှည်နိုင်ပါတယ်တဲ့။

ဘယ်လောက် အသက်ပိုရှည်မလဲဆိုရင်တော့ အနည်းဆုံးတော့ အချိန်အနည်းငယ်ပိုရှည်ကောင်း
ပိုနိုင်ပါတယ်တဲ့။

အမေရိကန်နိုင်ငံရှိ ယေးလ်တက္ကသိုလ်က သုတေသီတွေ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာချက်ကို
Social Science & Medicine ဂျာနယ်ရဲ့ online စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ရာ "စာမဖတ်သူတွေနဲ့
နှိုင်းယှဉ်ပြီး ၁၂ နှစ်လုံးလုံး လက်တွေ့ စမ်းသပ်မှုမှာ စာဖတ်သူတွေဟာ သေဆုံးနိုင်မှု ဖြစ်ပေါ်ခြင်းကနေ
၂၀ ရာခိုင်နှုန်းလျော့နည်းတယ်"လို့ သုံးသပ်ထားပါတယ်။

National Institute on Aging ကနေ စပွန်ဆာပေးပြီး ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနဲ့ အငြိမ်းစားဘ၀ကို
တိုင်းတာတဲ့ လေ့လာမှုတစ်ခုက အချက်အလက်တွေကိုလည်း ဒီဆောင်းပါးမှာ ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။

ဒီလေ့လာမှုမှာ အသက် ၅၀ ကျော် အစမ်းသပ်ခံသူပေါင်း ၃,၆၃၅ ဦးကို စာအုပ် လုံးဝမဖတ်တဲ့အဖွဲ့၊
တစ်ပတ်ကို သုံးနာရီခွဲအထိ စာဖတ်တဲ့အဖွဲ့နဲ့ တစ်ပတ်ကို သုံးနာရီခွဲနဲ့အထက် စာဖတ်တဲ့အဖွဲ့ ဆိုပြီး
အဖွဲ့သုံးဖွဲ့ခွဲပြီး လေ့လာခဲ့ပါတယ်။

တွေ့ရှိချက်က မှတ်ချက်တွေအရဆိုရင် စာအုပ်ဖတ်တဲ့သူက စာအုပ်လုံးဝမဖတ်တဲ့ သူနဲ့ယှဉ်ရင်
နှစ်နှစ်နီးပါးလောက် ပိုပြီး အသက်ရှည်တယ်လို့ ဆိုထားပါတယ်။

ပညာအရည်အချင်း၊ ၀င်ငွေနဲ့ ကျန်းမာရေး အခြေအနေတို့ကို ပုံသေမထားဘဲ လေ့လာခဲ့တဲ့အပေါ်မှာ
အပတ်စဉ် သုံးနာရီခွဲနဲ့အထက် စာဖတ်တဲ့သူတွေက ၁၂ နှစ်အတွင်း သေဆုံးဖို့ ၂၃ ရာခိုင်နှုန်း
နည်းပါတယ်လို့ တွေ့ရှိရပါတယ်။

တစ်ပတ်ကို အများဆုံး သုံးနာရီခွဲထိ (တစ်ရက်ကို နာရီဝက်ပျမ်းမျှ) စာဖတ်သူတွေက သေဆုံးဖို့
အလားအလာ ၁၇ ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုပါတယ်။

တစ်နည်းအားဖြင့်ပြောရ မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားတာတွေ၊
လေ့ကျင့်ခန်းလုပ်တာတွေလိုမျိုးပဲ စာအုပ်တွေကလည်း အသက်ရှည်ဖို့အတွက် သိသာတဲ့အကျိုး
ကျေးဇူးဖြစ်စေတယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ စာရေးသူတွေက သုံးသပ်ထားပါတယ်။

ဒီသုတေသနပြုချက်က ပြောပြထားတဲ့ စာအုပ်ဖတ်ခြင်းနဲ့ အသက်ရှည်ကျန်းမာခြင်းဆိုတဲ့ အချက်အပေါ်
ဆက်စပ်မှုဖြစ်တဲ့ ဘာကြောင့်၊ ဘယ်လိုကြောင့်ဆိုတာကိုတော့ ရှင်းပြမထားပါဘူး။

တွေ့ရှိချက်တွေက သိပ်တော့အံ့ဩစရာမကောင်းပေမဲ့ ၀တ္ထုတွေဖတ်ခြင်းက ဦးနှောက်လှုပ်ရှားမှုနဲ့
မျှဝေစာနာတတ်ဖို့ကို တိုးတက်စေတယ်လို့ မကြာသေးခင်က နောက်ထပ်သုတေသန ပြုချက်မှာ
တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နှစ်စဉ် စာအုပ်ဝယ်နှုန်းအရေအတွက် မြင့်တက်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် တစ်ခုတည်းမှာပဲ အမေရိကန်နိုင်ငံမှာ ပုံနှိပ်ထုတ်ဝေမှုနဲ့ e-book စာအုပ်ပေါင်း
အနည်းဆုံး ၆၅၂ သန်း ရောင်းချခဲ့ရကြောင်း စာအုပ် ပုံနှိပ်ခြင်းလုပ်ငန်းတွေကို အဓိကအချက်အလက်
ကောက်တဲ့ Nielsen Book Scan မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း စာအုပ်အများဆုံးဖတ်တယ်ဆိုတဲ့ ထိပ်ဆုံး ၂၅ နိုင်ငံမှာတော့ အမေရိကန်က
ပါတယ်ဆိုရုံပါပဲ။

ကမ္ဘာ့ယဉ်ကျေးမှုဇယား (World Culture Index) အရဆိုရင် ပထမ၊ ဒုတိယနဲ့ တတိယ
နေရာတို့မှာ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်တို့က အစဉ်လိုက်နေရာယူထားကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ၂၃ နေရာမှာဝင်နေပြီး အီဂျစ်၊ ဩစတြေးလျ၊ တူရကီနဲ့ ဂျာမန်တို့ရဲ့နောက်မှာ
ရှိနေပါတယ်။

အကြောင်းမလှစွာနဲ့ဘဲ သတင်းစာဖတ်တာကတော့ အသက်ပိုရှည်ဖို့အတွက် မဖြစ်နိုင်ပါဘူးလို့
ယေးလ်တက္ကသိုလ်ရဲ့ သုတေသီတွေက ဆိုထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်