ဦးဘုန်း (ဓာတု) ရဲ့ စာဖတ်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ

စာရေးဆရာ ဦးဘုန်း (ဓာတု) နဲ့ သူ့ရဲ့စာဖတ်ပရိသတ်တွေ တွေ့ဆုံပြီး အတွေးအမြင်ဖလှယ်နိုင်မယ့်
ဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်မှာ စာပေနန်းတော်စာအုပ်ဆိုင်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲလေးကို ဦးဘုန်း(ဓာတု)ရဲ့ ရေးသားထွက်ရှိပြီး စာအုပ်ပေါင်း ၂၀ ပြည့်မြောက်တဲ့
အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး သူ့စာဖတ်ပရိသတ်တွေက စာအုပ်တွေထဲမှာ ပါဝင်တဲ့
အကြောင်းအရာတွေကို စာရေးဆရာနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဦးဘုန်း(ဓာတု)က ၂၀၀၂ ခုနှစ်မှာ လင်းလွန်းခင်စာပေတိုက်ကနေ 'တံမြက်စည်းနှင့် အမှိုက်' ဆိုတဲ့
အတွေးအမြင်ရသစာစုစာအုပ်နဲ့ စာပေလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဓာတုဗေဒ
ဘာသာရပ်ကို သင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဓာတုဗေဒဘာသာနဲ့ ပတ်သက်တဲ့ စာပေတွေကို နှစ်စဉ်ရေးသားထုတ်ဝေခဲ့ပါတယ်။

ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အတွေးအမြင် ဆောင်းပါးတွေ ရေးသားနေသလို ဩဂုတ် ၁၇ ရက်က
နောက်ဆုံး ထွက်ရှိထားတဲ့ 'သော့' အမည်ရှိ အတွေးအမြင်ရသစာအုပ်သစ်မှာတော့ ဖေ့စ်ဘွတ်ခ်
အသုံးပြုခြင်းနဲ့ အသက်အပိုင်းအခြားမရွေး လူတွေရဲ့ အတွေးအမြင်တွေကို ပုံဖော်ရေးသားထားပါတယ်။

ပွဲကျင်းပမယ့် စာပေနန်းတော်စာအုပ်တိုက်က မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်၊
ကျောက်တံတားမြို့နယ်မှာ တည်ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်