ဗုဒ္ဓဘုရားစေတီပုံတွေချည်း ပါဝင်တဲ့ မြန်မာ-ဂျပန်ချစ်ကြည်ရေးဓာတ်ပုံပြပွဲ ကျင်းပနေ

နိုဝင်ဘာလ ၃ ရက်နေ့က ရွှေတိဂုံရင်ပြင်၊ ချမ်းသာကြီးတန်ဆောင်းမှာ ကျင်းပခဲ့တဲ့ ပြပွဲဖွင့်ပွဲအခမ်းအနားကို ပရိသတ်များ စည်စည်ကားကား တက်ရောက်ခဲ့ကြပါတယ်။ ကိုတိတ်/ မြန်မာတိုင်း(မ်)နိုဝင်ဘာလ ၃ ရက်နေ့က ရွှေတိဂုံရင်ပြင်၊ ချမ်းသာကြီးတန်ဆောင်းမှာ ကျင်းပခဲ့တဲ့ ပြပွဲဖွင့်ပွဲအခမ်းအနားကို ပရိသတ်များ စည်စည်ကားကား တက်ရောက်ခဲ့ကြပါတယ်။ ကိုတိတ်/ မြန်မာတိုင်း(မ်)

ရွှေတိဂုံစေတီတော် သာသနာရေးဆိုင် ရာ မြန်မာ-ဂျပန် ချစ်ကြည်ရေးဓာတ်ပုံ ပြပွဲကို Japan
Myanmar Association မှကြီးမှူးပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ကာ ၁၈
ရက်နေ့အထိ ရွှေတိဂုံစေတီရင်ပြင်တော်၊ မြောက် ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း အတွင်းမှာ
ကျင်းပပြသနေပါတယ်။

ပြပွဲမှာ မြန်မာ၊ ဂျပန်၊ သီရိလင်္ကာနဲ့ ဗုဒ္ဓဂယာက တန်ခိုးကြီးစေတီပုထိုးတွေ နဲ့ ဗုဒ္ဓဆင်းတုတော်
တွေကို ဂျပန်နိုင်ငံမှ ဓာတ်ပုံ ပညာရှင် တစ်ဦးဖြစ်တဲ့ Mr. Iwao Sekiya နဲ့ မြန်မာနိုင်ငံမှ
အပျော်တမ်း ဓာတ်ပုံရိုက်ကူးသူ သီဟသုဓမ္မမဏိ ဇောတဓရ ဦးသန်းဇော်တို့ရဲ့ ကြည်ညို
ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကို ပြသထားတာ ဖြစ်ပါတယ်။

ဂျပန်ပြည်သူပြည်သားတွေ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ
ဗုဒ္ဓတရားတော်နဲ့ အားပေးနှစ်သိမ့်ခဲ့တဲ့ ဘုန်းတော်ကြီး အရှင်ကုမာရကို ကျေးဇူးတင်တဲ့အနေနဲ့
ဗုဒ္ဓရုပ်ပွားတော်ပုံတွေချည်း သီးသန့် ပြသချင်တဲ့ စိတ်ကူးပေါ်ပေါက်လာရာ က ခုလိုပြပွဲ ကျင်းပ
ဖြစ်တာပါလို့ ဂျပန် လူမျိုးဓာတ်ပုံပညာရှင် Mr. Iwao Sekiya က ပြောပြပါတယ်။

"စိတ်ကူးထဲမှာ ဒီလိုဗုဒ္ဓဆင်းတုတော် တွေချည်းပဲ ရိုက်ကူးထားတဲ့ပုံတွေ ပြပွဲ လုပ်ချင်တာ
ကြာပါပြီ။ အခုဒီပွဲအတွက် အချိန် ၁၀ နှစ်ကျော် ယူခဲ့ရပါတယ်။ ဓာတ်ပုံတွေရိုက်ကူးစဉ်က
ကြုံတွေ့ရတဲ့ အခက်အခဲတွေ အများကြီးဆိုပေမယ့် အခုလိုပြပွဲအဖြစ် အောင်မြင်အောင် ပြနိုင်
တဲ့အချိန်မှာတော့ ပျော်စရာအမှတ် တရတွေချည်းပါပဲ"လို့ သူကပြောပါ တယ်။

ခုတစ်ကြိမ်က သူ့အတွက် မြန်မာနိုင်ငံ မှာ ပြပွဲကျင်းပနိုင်ခဲ့တာ ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၀၄
ခုနှစ်တုန်းကလည်း ရွှေတိ ဂုံစေတီတော်ရင်ပြင်မှာပဲ တစ်ကိုယ် တော်ဗုဒ္ဓဓာတ်ပုံပြပွဲတစ်ခု ပြသ
ခဲ့ဖူး တယ်လို့လည်း ပြောပြပါတယ်။

"၂၀၀၄ ခုနှစ်တုန်းကတော့ ဒီလောက် လည်း မတိုးတက်သေးတော့ ဓာတ်ပုံပြပွဲ လုပ်ရာမှာ
အခက်အခဲတွေအများကြီးပဲ။ ဓာတ်ပုံတွေကို အရည်အသွေးကောင်း ကောင်း ပြနိုင်ဖို့ ဂျပန်နိုင်ငံ
မှာပဲ တစ်ခါ တည်း ပုံနှိပ်ခဲ့ရတယ်။ လေယာဉ်နဲ့ သယ်ယူခဲ့ရတော့ ကရိကထများခဲ့ရပါတယ်။

ဒါပေမယ့် အခုဒီပြပွဲမှာတော့ အားလုံး အဆင်ပြေချောမွေ့သွားပြီး အခက်အခဲ မရှိတော့ပါဘူး။
အရင်တစ်ခေါက်ပြပွဲ လုပ်တုန်းက ကူညီခဲ့တဲ့သူတွေလည်း ဒီနှစ်မှာ စေတနာနဲ့ လာရောက်ဝိုင်းဝန်း
ကူညီကြပါတယ်"လို့ Mr. Iwao Sekiya က ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲကနေ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးပိုခိုင်မာစေမယ်လို့ ယုံကြည်ပြီး နောက်ထပ်
လည်း ဒီလို ဘုရားစေတီတော်သီးသန့်ဓာတ်ပုံပြပွဲ တွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ လည်း
ပြောပါတယ်။

မြန်မာလူမျိုး အပျော်တမ်းဓာတ်ပုံ ဆရာ ဦးသန်းဇော်အတွက် ဒီပြပွဲဟာ သူ့အတွက် လေးကြိမ်
မြောက်ပြပွဲဖြစ်ပြီး အရင်သုံးကြိမ်စလုံးကိုလည်း ရွှေတိဂုံ စေတီတော် ရင်ပြင်တော်ပေါ်မှာပဲ ကျင်းပ
ခဲ့တယ်လို့ သိရပါတယ်။

"Japan Myanmar Association က ဓာတ်ပုံပြပွဲမှာ ပွဲဝင်ပြသပေးဖို့ လာကမ်းလှမ်းပါတယ်။
ကိုယ်တိုင်က လည်း ဓာတ်ပုံဆိုရင် သွားလေရာတိုင်းမှာ ဘုရားပုံတော်တွေချည်း သီးသန့်ရိုက်
ကူးခဲ့ပါတယ်။ ရည်ရွယ်ချက်က ခရီးဝေး လို့ စရိတ်မတတ်နိုင်လို့ မသွားနိုင်တဲ့သူ တွေကို
ဖူးမျှော်စေချင်တဲ့ စေတနာနဲ့ ပါ"လို့ ဦးသန်းဇော်က ပြောပါတယ်။

ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ဓာတ်ပုံ ပြပွဲပြုလုပ်ဖြစ်တာက အနယ်နယ် အရပ်ရပ်က ဘုရားဖူး
သူတွေ လာရောက်ဖူး မျှော်ကြတာမို့ မရောက်ဖူးသေးတဲ့ ဒေသက ဘုရားစေတီပုံတွေကိုလည်း
ခရီးစရိတ်မကုန်ကျ၊ လူမပင်ပန်းဘဲ ဖူးမျှော်နိုင်အောင်ဖြစ်ပြီး ပြပွဲကိုဝင်ကြည့် တဲ့ ပရိသတ်ကြောင့်
ပီတိဖြစ်ရတယ်လို့ ဦးသန်းဇော်က ပြောပါတယ်။

"ဦးတို့က ဒီဓာတ်ပုံတွေနဲ့ စီးပွားရေး မလုပ်ပါဘူး။ လာကြည့်တဲ့သူတွေထဲက လိုချင်တဲ့သူရှိရင်
ပေးလိုက်မှာပါ။ ဦးတို့ ဆီမှာ ဓာတ်ပုံတွေ တောင်းယူနိုင်ပါ တယ်။ ဒီပွဲမှာတော့ ဦးက မြန်မာနိုင်ငံ
က ပဲခူးတစ်ဝိုက်က တန်ခိုးကြီးဘုရားတွေနဲ့ ဗုဒ္ဓဂယာက ဘုရားစေတီတော်ပုံတွေကို ရိုက်ကူး
ပူဇော်ထားပါတယ်"လို့ ပြောပါ တယ်။   

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်