ဘီဘာနဲ့ တေလာဆွစ်ဖ်တို့အပြင် အာရှသားတွေပါ အောင်ပွဲခံခဲ့တဲ့ အမ်တီဗီဆုပေးပွဲ


ပေါ့ပ်စူပါစတား တွေဖြစ်တဲ့ ဂျပ်စတင်ဘီဘာနဲ့ တေလာဆွစ်ဖ်တို့ဟာ အောက်တိုဘာလ ၁၁
ရက်နေ့က ကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် အမ်တီဗီ ဥရောပဂီတဆုပေးပွဲ (EMA)မှာ ဆုတွေ
အများကြီး ရရှိခဲ့ပြီး အခမ်းအနားမှာ ထင်ပေါ်ခဲ့ပေမယ့် ဂီတပညာရှင်တိုင်း မက်မောကြတဲ့
အကောင်းဆုံးဗီဒီယို ဆုကိုတော့ အင်တာနက်မှာ အရမ်းကိုနာမည်ကြီး နေတဲ့ တောင်
ကိုရီးယား အဆိုတော် PSY က သိမ်းပိုက်သွားပါတယ်။

ဒီဆုပေးပွဲမှာ ချီးမြှင့်တဲ့ဆုတွေကို ပရိသတ်သန်းပေါင်းများစွာက မဲပေးရွေးချယ်ပေးကြတာ
ဖြစ်ပြီး နှုတ်ခမ်းနီမလေး တွေအသည်းစွဲ ဘီဘာဟာ အကောင်းဆုံးအမျိုးသားအဆိုရှင်ဆုကို
သုံးနှစ် ဆက်တိုက်ရရှိတာကြောင့်၊အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါပြီ။

အနောက်ဂျာမနီက Frankfurt  မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲကို မတက်ဖြစ်ခဲ့တဲ့ ဘီဘာ
(၁၈ နှစ်) ဟာ အကောင်းဆုံးပေါ့ပ်တေးဂီတဆုနဲ့ ကမ္ဘာ့ အကောင်းဆုံး စင်မြင့်ဖျော်ဖြေမှုဆု
တွေကိုလည်း ရရှိခဲ့ပါတယ်။

တေလာဆွစ်ဖ်ကတော့ အကောင်းဆုံးအမျိုးသမီး အနုပညာရှင်ဆုအပြင် အကောင်းဆုံး
လိုက်ဖ် အခွေဆုနဲ့ ရုပ်ရည်ကြည့်အကောင်းဆုံးဆုတွေကို ပါ ရရှိခဲ့ပါတယ်။

"ဒါကတော့ EMA ကနေ ကျွန်မ ပထမဦးဆုံးဆုရတာပါ။ ကျွန်မအရမ်းကို စိတ်လှုပ်ရှားနေပါ
တယ်"လို့ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ မိန်းမချောလေး တေလာဆွစ်ဖ်က ပြောကြားခဲ့ပါတယ်။

ဆပ်ကပ်ပြပွဲခေါင်းဆောင်ဝတ်စုံ ၀တ်ဆင်ပြီး သူ့ရဲ့နာမည်ကျော်သီချင်းဖြစ်တဲ့ "We Are Never
Ever Getting Back Together" သီချင်းကို ဖျော်ဖြေလို့ အခမ်းအနားကို အဆုံးသတ်ပေးခဲ့
ပါတယ်။

အမ်တီဗီအခမ်းအနားမှာ ပွဲပိတ်ဖျော်ဖြေနေတဲ့ တေလာဆွစ်ဖ်။ ဓာတ်ပုံ - အေအက်ဖ်ပီအမ်တီဗီအခမ်းအနားမှာ ပွဲပိတ်ဖျော်ဖြေနေတဲ့ တေလာဆွစ်ဖ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်