အကျိုးအမြတ်တွေ အကုန်ပြန်လှူဒါန်းမယ့် ထွန်းအိန္ဒြာဗိုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ

ဝါရင့်အဆိုနဲ့သရုပ်ဆောင် ထွန်းအိန္ဒြာ ဗိုက သူ့ရဲ့ စတုတ္ထအကြိမ်မြောက် တစ်ကိုယ်တော်
ဖျော်ဖြေပွဲကို နိုဝင်ဘာ လ ၂၈ ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အရင်ပွဲတွေနဲ့မတူဘဲ ဒီပွဲရဲ့ထူးခြား ချက်ကတော့ ဖျော်ဖြေပွဲမှ ရရှိတဲ့အမြတ် ငွေများအားလုံးကို
ပြန်လည်လှူဒါန်း သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအမည် ကို "Charity Live" လို့ပေးထားပါ
တယ်။ ပွဲစချိန်ကို ညနေ ၆ နာရီခွဲ သတ်မှတ်ထားပါတယ်။

သီချင်းအပုဒ်ပေါင်း ၄၀ ကျော် ဖျော် ဖြေသွားမှာဖြစ်ပြီး ကူညီပြီးပါဝင်ဖျော်ဖြေ ပေးမယ့်
အဆိုတော်တွေကို ပွဲချိန်ရောက် မှ ပရိသတ်တွေကို အသိပေးမယ်လို့ ထွန်းအိန္ဒြာဗိုက
ပြောပါတယ်။

"ကျွန်မတို့က အတတ်နိုင်ဆုံးကြိုးစား တာပေါ့နော်။ လှူဒါန်းဖို့အတွက် လုပ်တဲ့ ပွဲဖြစ်
ပေမယ့် ကျွန်မတို့လုပ်နေကျ ရှိုး တွေရဲ့အရည်အသွေးကို လုံးဝမထိခိုက် စေဘဲနဲ့ စရိတ်ကို
အတတ်နိုင်ဆုံးသေး အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပြီး စီစဉ်ထားပါတယ်"လို့ ပြော
ပါတယ်။

လက်မှတ်ဈေးနှုန်းတွေကို ကျပ် ၂၀,၀၀၀၊ ၁၅,၀၀၀၊ ၁၀,၀၀၀နဲ့ ၇,၀၀၀ လေးမျိုးသတ်မှတ်ထား
ပြီး မန်းသီရိ၊ တော်ဝင်စင်တာ၊ င်္သမနလနမွနျာ (ဲကညခအငသညှဆကမေန) တို့မှာ ၀ယ်ယူ
ရရှိ နိုင်ပါတယ်။

ပွဲကနေရရှိတဲ့ အမြတ်ငွေများနဲ့ အလှူ ငွေများကို ကချင်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်များ၊
ရန်ကုန်ကလေးဆေးရုံ၊ အထွေထွေကုဆေးရုံ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမေ့အိမ်ပညာရေး
ကွန်ရက်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဒေါ်ဖြူဖြူသင်းရဲ့ အေအိုင်ဒီအက်စ် စင်တာတို့ကို
ပွဲအပြီးမှာ ချက်ချင်း ကြေညာပြီး လှူဒါန်းသွားမယ်လို့ သိရပါ တယ်။

အလှူငွေများကြိုတင်ထည့်ဝင်ချင်သူ ကိုလည်း ဖိတ်ခေါ်ပြီး ဖုန်းနံပါတ် ၀၉၇၃ ၂၄၉၄၉၄ နဲ့
၀၉၈၆၂၄၂၄၂ တို့ကို ဆက် သွယ်လှူဒါန်းနိုင်ပါတယ်လို့ ထွန်းအိန္ဒြာဗို က ပြောပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်