ယုဒဿန်ရုပ်ရှင်အတွက်၊စိမ်းဝါနီမှ အမေရိကန်မင်းသား၊ရှာဖွေနေ

'ဆူးခက်သရဖူ' ဗီဒီယိုရိုက်ကွင်းတွင် သရုပ်ဆောင်နေသူများ။ ဓာတ်ပုံ -Supplied'ဆူးခက်သရဖူ' ဗီဒီယိုရိုက်ကွင်းတွင် သရုပ်ဆောင်နေသူများ။ ဓာတ်ပုံ -Supplied

အမေရိကန် နှစ်ခြင်းခရစ်ယာန်သာသ နာပြုဆရာကြီး ယုဒဿန်၊ (Adoniram Judson) မြန်မာ
ပြည်ရောက်ရှိတဲ့ နှစ် ၂၀၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ယုဒဿန်အကြောင်းရိုက်ကူးထားတဲ့
ရုပ်ရှင်တစ်ကားနဲ့ ဗီဒီယိုတစ်ကားကို ၂၀၁၃ ခုနှစ်အမီ ရိုက်ကူးထုတ်လုပ်သွား မှာ ဖြစ်ပါတယ်။

ရုပ်ရှင်ကားကို စိမ်းဝါနီ ရုပ်ရှင်ထုတ် လုပ်ရေးမှ ထုတ်လုပ်သွားမှာဖြစ်ပြီး ဗီဒီ ယိုကားကိုတော့
ဦးနောနှစ်ခြင်းခရစ် ယာန်အသင်းတော်က တာဝန်ယူထုတ် လုပ်သွားမှာ ဖြစ်ပါတယ်။ "လာမယ့်
၂၀၁၃ ခုနှစ်က ဆရာကြီး ယုဒဿန် မြန်မာပြည်ကို ရောက်တာ နှစ်ပေါင်း ၂၀၀ ပြည့်တဲ့နှစ်
ဖြစ်ပါတယ်။ အဲဒီနှစ်မှာ သူ့အတွက် အထိမ်းအမှတ် တစ်ခုခုလုပ်ဖို့ စဉ်းစားကြတဲ့အခါ ရုပ်ရှင်
ရိုက်ကူးဖို့ စဉ်းစားမိတယ်"လို့ Young Men's Christian Association ရဲ့ အထွေထွေအတွင်း
ရေးမှူး ဖြစ်သလို 'စိမ်းဝါနီ' ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဖြစ်တဲ့ ဦးသာဉာဏ်က ပြောပါတယ်။

"ဆရာ ယုဒဿန်အကြောင်း ရိုက်ကူး ထားတဲ့ရုပ်ရှင်တွေ ကမ္ဘာမှာ မရှိသေးပါဘူး။ အမေရိကန်
နိုင်ငံသားဖြစ်တဲ့ ဆရာယုဒဿန်နဲ့ မြန်မာလူမျိုးတွေရဲ့ ဆက် နွယ်မှုကို သမိုင်းအတိုင်း ရိုက်ကူး
ချင်တယ်။ ၂၀၁၃ ခုနှစ်၊ နှစ်၂၀၀ ပြည့်တဲ့ အခါ ယုဒဿန်ရုပ်ရှင်ကားလေးများ ရိုက်လိုက်နိုင်ရင်
ကောင်းမလားလို့ စဉ်းစားပြီး ကြိုးစားနေပါတယ်" လို့ သူက ပြောပါတယ်။

ဆရာကြီး ယုဒဿန်ဟာ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး
ပထမဦးဆုံးနှစ်ခြင်းခရစ် ယာန်ဘုရားရှိခိုးကျောင်း၊ ဦးနောနှစ်ခြင်း ခရစ်ယာန်အသင်းတော်ကို
တည်ထောင် ခဲ့သူဖြစ်တယ်လို့ ဦးနောနှစ်ခြင်းခရစ် ယာန်အသင်းတော်မှ သိက္ခာတော်ရ
ဆရာတော် ဦးတိုးတိုးက ပြောပါတယ်။

မြန်မာစာပေသမိုင်းမှာ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ကိုယ်တိုင်ပြုစုတည်း ဖြတ်သူအဖြစ်
ကျော်ကြားခဲ့သလို လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ သမ္မာကျမ်းစာကိုလည်း အစမှ
အဆုံးထိ မြန်မာဘာသာပြန်ခဲ့သူ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

စိမ်းဝါနီမှ ထုတ်လုပ်မယ့်ဇာတ်ကား အတွက် ဒါရိုက်တာကြည်စိုးထွန်းက ဆရာယုဒဿန်ရဲ့
မြန်မာပြည်သာသနာ ပြုခရီးစဉ်နဲ့ပတ်သက်လို့ ကိုယ်တိုင်ဇာတ် ညွှန်းရေးရိုက်ကူးမှာဖြစ်ပြီး
ယုဒဿန် ငယ်စဉ်ဘ၀ အမေရိကန်နိုင်ငံက အဖြစ်အပျက်တွေကိုတော့ အမေရိကန်အခြေ
စိုက် ခရစ်ယာန်အဖွဲ့အစည်းဖြစ်တဲ့Vision Beyond Border အဖွဲ့က ကူညီပြီးဇာတ်ညွှန်း
ရေးပေးနေပါတယ်။

"ယုဒဿန် ဘ၀တစ်လျှောက် မွေးတဲ့ အချိန်ကနေပြီး သေတဲ့အချိန်အထိ ရိုက်ကူးမှာဖြစ်
ပါတယ်။ တချို့လည်း မီးမောင်းထိုးပြစရာရှိတယ်။ ဥပမာ-ရန္တပို စာချုပ်ကို မြန်မာဘက်က
ဘယ်လိုအား သာအောင် ချုပ်ပေးခဲ့သလဲဆိုတာ သိ စေချင်တယ်။ ရန္တပိုစာချုပ်ချုပ်ဆိုစဉ်
က ယုဒဿန်ဟာ စကားပြန်အနေနဲ့ ဆောင် ရွက်ပေးခဲ့တယ်။ ယုဒဿန်ရဲ့ဘ၀ အလှည့်
အပြောင်းနဲ့ အထင်မှားခံရပြီး လက်မရွံ့အကျဉ်းထောင်ထဲမှာ ထောင် ချခံရတာစတဲ့ မြန်မာ
နိုင်ငံမှာ အခက်အခဲ တွေနဲ့ သာသနာပြုခဲ့တာတွေကို ရိုက်ကူး မှာဖြစ်ပါတယ်"လို့ ရုပ်ရှင်
ရိုက်ကူးထုတ် လုပ်သူဖြစ်တဲ့ ဦးသာဉာဏ်က ပြောပါ တယ်။

ယုဒဿန်အဖြစ် သရုပ်ဆောင်ဖို့ အတွက် ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ် လိုမျိုး နူးနူးညံ့ညံ့
ဟန်ပန်ရှိတဲ့ အမေရိကန် မင်းသားကို စိမ်းဝါနီ ရုပ်ရှင်ထုတ် လုပ်ရေးနဲ့ Vision Beyond
Borders တို့က ရှာဖွေနေကြတယ်လို့လည်း ပြော ပါတယ်။

"မြန်မာဘာသာစကားကို လေ့လာ သင်ယူဖို့ စိတ်ဝင်စားတဲ့ အမေရိကန် သရုပ်ဆောင်ကို
ရှာဖွေနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာယုဒဿန် ဟာ မြန်မာဘာသာစကား
ကို လေ့လာ သင်ယူခဲ့သလို နောက်ပိုင်းမှာလည်း မြန်မာစကားကိုပဲ ပြောခဲ့တယ်။ မြန်မာ
ပြည်မှာ ၃၄ နှစ် နေပြီးတဲ့နောက်ပိုင်း မွေးရပ်မြေအမေရိကန်မှာ တရားဟောတာတောင်မှ
မြန်မာလိုပဲ ဟောတော့ တယ်"လို့၊ဦးသာဉာဏ်က၊ပြောပါတယ်။

သူတို့ထုတ်လုပ်ရေးအနေနဲ့ မင်းသား ငှားရမ်းရာမှာ ငွေကြေးများစွာ မတတ် နိုင်တာကြောင့်
နာမည်ကြီးမင်းသား ထက် သတ်မှတ်ထားတဲ့ အသုံးစရိတ်နဲ့ အဆင်ပြေမယ့်သူမျိုးကို ရွေးချယ်
သွား မယ်လို့လည်း ပြောပါတယ်။

"ဒီက နာမည်ကြီးမိတ်ကပ်ဆရာတွေ အကူအညီနဲ့ သာသနာပြုဆရာလိုမျိုး ရုပ်တူအောင်
ဖန်တီးသွားမယ်"လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး နှစ်ခြင်းခရစ် ယာန်ဖြစ်ခဲ့
တဲ့ ဦးနော၊ ကရင်အမျိုးသား ကြီး ဦးသာလှနဲ့ ဦးပြားတို့ရဲ့ဇာတ်ကောင် နေရာတွေအတွက်ကို
တော့ မြန်မာ သရုပ်ဆောင်တွေနဲ့ပဲ ရိုက်ကူးသွားမယ် လို့ ဦးသာဉာဏ်က ဆိုပါတယ်။

ရိုက်ကူးမှုကာလကို ကိုးလသတ်မှတ် ထားပြီး အမေရိကန်၊ အိန္ဒိယနဲ့ မြန်မာ နိုင်ငံမှာ ဆက်တင်
တွေနဲ့ ရိုက်ကူးမှာဖြစ် ပါတယ်။ အင်္ဂလိပ်စာတန်းထိုးထည့် သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာ
တစ်ဝန်းလုံးမှာ ပြသသွားဖို့ ရည်ရွယ် ထားတယ်လို့လည်း ပြောပါတယ်။

ဦးနောနှစ်ခြင်း ခရစ်ယာန်အသင်း တော်မှ နှစ် ၂၀၀ ပြည့်ပွဲအမီ ဆရာကြီး ယုဒဿန်ကို
ဂုဏ်ပြုရိုက်ကူးနေတဲ့ ဗီဒီ ယိုကားရဲ့အမည်ကို 'ဆူးခက်သရဖူ' လို့ပေးထားပြီး ဒါရိုက်တာ
သိန်းဟန် (ဖီးနစ်)က ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်
ဖြိုးငွေ စိုးက ဆရာယုဒဿန်အဖြစ် သရုပ် ဆောင်နေတာ ဖြစ်ပါတယ်။

"နှစ်ခြင်းအသင်းတော်ကလည်း လာ မယ့်နှစ်မှာ အကြီးအကျယ်လုပ်ဖို့ ပြင်နေ တယ်။ ဆရာ
တို့ကလည်း ဦးနောနှစ်ခြင်း ခရစ်ယာန်အသင်းတော်အနေနဲ့ ရုပ်ရှင် နဲ့ မှတ်တမ်းတင်ရိုက်ကူးဖို့
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက တာစူနေ တယ်။ အခုတော့ လုပ်ဖြစ်သွားတယ်။
ဆရာကြီးယုဒဿန်က ခရစ်ယာန် သာသနာတင်မဟုတ်ဘဲ မြန်မာနိုင်ငံ အတွက် အကျိုးပြုတဲ့
လုပ်ငန်းတွေ တော် တော်လုပ်ခဲ့တယ်။ ဒါကို သမိုင်းမှတ်တမ်း တင်ချင်လို့ ရိုက်ကူးတာဖြစ်
ပါတယ်"လို့ ဆရာတော် ဦးတိုးတိုးက ပြောပါတယ်။

'ဆူးခက်သရဖူ' ဗီဒီယိုဇာတ်ကားမှာ ဆရာယုဒဿန် မြန်မာပြည်မှာ သာသနာပြုစဉ် တစ်
လျှောက် အကြောင်းအရာ တွေကို ပုံဖော်တင်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံး နှစ်ခြင်း
ခရစ်ယာန် ဖြစ်သွားတဲ့ ဦးနော၊ ဦးသာလှ၊ ဦးပြားစတဲ့ တပည့် တွေနဲ့ အသက်ပေးဆပ် အသေခံ
သွားတဲ့ အကြောင်းနဲ့ နောက်တန်းကနေ ပံ့ပိုးပေး ခဲ့တဲ့ အမျိုးသမီးသုံးဦးရဲ့အကြောင်းကို
ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဆရာယုဒဿန် မြန်မာပြည်ကို ရောက်ရှိတဲ့ နှစ် ၂၀၀ ပြည့်အခမ်းအနား ကိုလည်း ၂၀၁၃ ခုနှစ်၊
ဇူလိုင်လ ၁၂ ရက်ကနေ ၁၄ ရက်နေ့ထိ ရန်ကုန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာ့မြေ ကို
ခြေချခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ သူသင်္ဘောနဲ့ ရောက်လာတယ်ဆိုတဲ့ အထိမ်းအမှတ်မျိုးဖြစ်
အောင် ရန်ကုန် မြစ်ကမ်းတစ်နေရာ ကမ်းနားမှာ သင်္ဘော တစ်စင်းငှားပြီး အခမ်းအနားကို
ကျင်းပ မှာ ဖြစ်ပါတယ်။

 "သူဘာသာပြန်ထားတဲ့ ကျမ်းစာက နောက်လူ ဘာသာပြန်စရာမလိုအောင် လေးလေး
နက်နက်ရှိတယ်။ အခုထိကျန် တဲ့သူတွေ မပြန်နိုင်သလို မြန်မာပြည်မှာ ရှိတဲ့ ခရစ်ယာန်တွေ
အကုန်လုံးနီးပါး သူ ဘာသာပြန်ထားတဲ့ သမ္မာကျမ်းစာကိုပဲ၊ ယနေ့အထိ၊အသုံးပြုနေဆဲဖြစ်
ပါတယ်" လို့၊ဆရာတော်ဦးတိုးတိုးကဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်