ကိုရီးယား အနုပညာရှင်တွေ တက်ရောက်ပြီး ပရိသတ်တွေကို အထူးဆွဲဆောင်နိုင်ခဲ့တဲ့ ကိုရီးယားယဉ်ကျေးမှု ရက်သတ္တပတ်ပွဲတော်

နိုဝင်ဘာလ ၁၀ ရက်နေ့က စီးတီးမတ် Market Place မှာ ကိုရီးယားသရုပ်ဆောင်နှစ်ဦး ပရိသတ်တွေအတွက် ကိုရီးယားစာများ ချက်ပြုတ်ပြင်ဆင်နေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)နိုဝင်ဘာလ ၁၀ ရက်နေ့က စီးတီးမတ် Market Place မှာ ကိုရီးယားသရုပ်ဆောင်နှစ်ဦး ပရိသတ်တွေအတွက် ကိုရီးယားစာများ ချက်ပြုတ်ပြင်ဆင်နေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)

ကိုရီးယား ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို သီချင်းတွေကနေတစ်ဆင့် အနုပညာရှင် တွေရဲ့ဟန်ပန်၊
တေးသီချင်း၊ အက စတဲ့ အနုပညာဖန်တီးမှုတွေအပြင် ဖက်ရှင်နဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို ပါ၊သည်းသည်းလှုပ် နှစ်သက်ကြတဲ့ မြန်မာပရိသတ်တွေကို နိုဝင်ဘာလ ၈ ရက်ကနေ ၁၄
ရက်နေ့အတွင်း တောင်ကိုရီးယားယဉ်ကျေးမှုရက်သတ္တ ပတ်အဖြစ် ကျင်းပခဲ့တဲ့ ပွဲစဉ်တွေက
အထူးတလည် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည် ရွယ်ပြီး မြန်မာနိုင်ငံအခြေစိုက် တောင်ကိုရီးယားသံရုံးက၊
ကြီးမှူးပြီး ကိုရီးယားရုပ်ရှင် ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပေမယ့် ဒီနှစ် မှာတော့ ရုပ်ရှင်ပွဲတော်
အပြင် ကိုရီးယား ပေါ့ပ်အကပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲ၊ စကား ပြောပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေ
အပြင် ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပခဲ့ တဲ့ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကိုရီးယား
သရုပ်ဆောင်နှစ်ဦး ဖြစ်တဲ့Choung Kyung-ho နဲ့ Chae Jung- an တို့ တက်ရောက်ခဲ့ကြ
ပါတယ်။ သူတို့ အတွက် ပထမဆုံးမြန်မာပြည်ခရီးစဉ် ဖြစ်ပြီး မြန်မာပရိသတ်တွေကလည်း
သည်းသည်းလှုပ် ကြိုဆိုအားပေးခဲ့ကြ ပါတယ်။

သရုပ်ဆောင်နှစ်ဦးဟာ ရုပ်ရှင်ပွဲတော် အပြီး နောက်တစ်နေ့မှာ စီးတီးမတ် Market Place
မှာ ကျင်းပပြုလုပ်တဲ့ "Discover Korea Food Show" ဖွင့်ပွဲကို တက်ရောက်ပြီး ပဲကြာဆံ
သုပ်နဲ့ ကိုရီးယားထမင်းသုပ်ကို ချက်ပြုတ်ပြင် ဆင်ပြီး ပရိသတ်တွေကို မြည်းစမ်းစေခဲ့ သလို
မေးခွန်းတွေကိုလည်း ဖြေကြား ပေးခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်