မြန်မာဝတ္ထုတို ရာပြည့်လှုပ်ရှားမှု ပြုလုပ်သွားမည်

မြန်မာဝတ္ထုတိုတွေကို တစ်ချိန်က လူကြိုက် များခဲ့သလိုမျိုး ခုအချိန်မှာလည်း လူအများ
စိတ်ပါဝင်စားလာအောင် ပြန်လည်အသက်သွင်းဖို့အတွက် ပဲန်မြန်မာကဦးဆောင်လို့ မြန်မာဝတ္ထုတို
နှစ် ၁၀၀ ပြည့်ပွဲတော်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

၁၉၁၇ ခုနှစ်၊ မတ်လကနေ စတင်ရေ တွက်တာမို့ လာမယ့် ၂၀၁၇ ခုနှစ်၊ မတ်လဟာမြန်မာဝတ္ထုတို
နှစ် ၁၀၀ ပြည့်တဲ့ကာလပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အကြိုလှုပ်ရှားမှု တွေအဖြစ် ဒီနှစ်အောက်တို
ဘာလက စတင် ပြီး ၀တ္ထုတိုနဲ့ပတ်သက်တဲ့ စာပေလှုပ်ရှားမှုတွေကို ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံးမှာ
အဆက်မပြတ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရာပြည့်လှုပ်ရှားမှုရဲ့ ပထမဆုံးအစီ အစဉ်အဖြစ် အောက်တိုဘာ ၁ ရက်မှာ ရသ ပွဲခင်းအစီအစဉ်ကို
မွန်းလွဲ ၂ နာရီမှာ ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ အောက်ပုဇွန်တောင်လမ်းထောင့်က
PK ကွန်ဒိုရှိ ပဲန်မြန်မာရုံးခန်းမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး စာရေးဆရာ ကိုရိုးကွန့်ရဲ့ ထုတ်ဝေ ပြီးသား
စာအုပ်တွေအကြောင်း ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။ "မြန်မာဝတ္ထုတိုအနေနဲ့ နှစ်တစ်ရာအတွင်းမှာ
အစဉ်အလာကောင်းတွေရှိခဲ့ တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ရွှေခေတ်ကနေ ငွေအဖြစ်
နိမ့်ဆင်းသွားခဲ့ တယ်။ အရင်ကဆိုရင် ၀တ္ထုတိုတစ်ပုဒ် မဂ္ဂဇင်းမှာပဲဖြစ်ဖြစ် ပါလာခဲ့ရင် အဲဒီဝတ္ထုတို
အကြောင်း ပြောလို့မဆုံးနိုင်ဖြစ်တယ်။

ငြင်းခုံပြောဆိုဝေဖန်ကြတယ်။ အဲဒီတော့ ၀တ္ထုတိုက စိတ်ဝင်စားတဲ့သူတွေနဲ့ လှုပ်ရှားနေတယ်၊
အသက်ဝင်နေတယ်။ အခုက တော့ နိမ့်ပါးသွားပြီး ၀တ္ထုတိုအနေအထား က အားနည်းသွားတာ
မဖြစ်သင့်ဘူးလို့ ထင်တယ်။

ဒါကြောင့် ဒီနှစ်တစ်ရာပြည့်ကာလမှာ ၀တ္ထုတိုအနေနဲ့ စိတ်ဝင်စားတဲ့ သူတွေနဲ့ ပြန်ပြီးနိုးကြားစေချင်တယ်"လို
့ ပဲန်မြန်မာရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို မြန်မာ ၀တ္ထုတို ရာပြည့်အခမ်းအနားရဲ့ ပြောရေး ဆိုခွင့်ရှိသူ
တစ်ဦးလည်းဖြစ်တဲ့ ကိုဟန်သာ က ပြောပါတယ်။ မြန်မာလုံးချင်းဝတ္ထု (ခေါ်) ကာလပေါ်ဝတ္ထုဖြစ်တဲ့
ဆရာကြီး ဂျိမ်းလှကျော်ရဲ့ 'မောင် ရင်မောင် မမယ်မ' ၀တ္ထုပေါ်တဲ့အချိန် ၁၉၀၄ ခုနှစ်နောက်ပိုင်း ၁၃ နှစ်ကြာ
၁၉၁၇ ခုနှစ်၊ မတ်လမှာ ထုတ်ဝေခဲ့တဲ့ သူရိယမဂ္ဂဇင်းအမှတ်စဉ်(၁) မှာ ဆရာကြီးရွှေဥဒေါင်းရဲ့
'မောင်သိန်းတင် မသိန်းရှင်' ၀တ္ထုတိုနဲ့ မြန်မာ ၀တ္ထုတိုကို စတင်ပြီးဖြစ်တည်ခဲ့တယ်လို့
စာပေကျွမ်းကျင်သူတွေက တစ်သတ်မတ် တည်း ထောက်ခံခဲ့ကြပါတယ်။ မြန်မာ ၀တ္ထုတို
အစပြုခဲ့တယ်လို့ သတ်မှတ်ခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ၀တ္ထုတိုကို ပုံနှိပ်စဉ် မှာပဲ ၀တ္ထုတိုပြိုင်ပွဲတွေကိုလည်း
စတင် ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာစကားပြေနဲ့ မြန်မာခေတ်ဆန်း စာပေတို့ကတော့ မြန်မာဝတ္ထုတိုပေါ်ထွက် ပြီးမှ ၁၉၂၈ နဲ့
၁၉၃၀ ပြည့်နှစ်တို့မှာ ပေါ်ထွက်ခဲ့တာပါ။ ၁၉၈၀ နဲ့ ၁၉၉၀ ၀န်းကျင် တွေကတော့ မြန်မာဝတ္ထုတိုတွေ
အတွက် ရွှေခေတ်လို့ဆိုနိုင်တဲ့ ကာလတွေဖြစ်ခဲ့ တယ်လို့ ကိုဟန်သာကဆိုပါတယ်။ "နှစ်တစ်ရာ
ခရီးကို ပြန်ကြည့်တော့ ပထမဦးဆုံး စဖော်ပြတဲ့ချိန်ကစပြီး မျိုးဆက် သစ်ကို မွေးခဲ့တယ်။ ပြိုင်ပွဲတွေ
ကျင်းပပြီး ဆုရွေးခဲ့တယ်။ မဂ္ဂဇင်းတွေပေါ်မှာလည်း ၀တ္ထုတိုမျိုးဆက်တွေ ရေးနိုင်အောင် ကော်လံ
ဖွင့်ပေးသလို ခေတ်အလိုက် အားလုံးက ၀တ္ထုတိုသမားတွေအတွက် မျိုးဆက်သစ်ပေါ်လာဖို့အတွက်
လုပ်ပေးခဲ့ တာ တွေ့ရတယ်။ နောက်ပြီး ၀တ္ထုတိုကျတော့ မဂ္ဂဇင်းတွေ၊ သတင်းစာ ဂျာနယ်တွေမှာ
စတင်ရှင်သန်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အဲဒီလိုရှင်သန်ရမယ့် မဂ္ဂဇင်းနေရာတွေက ရှားပါးသွားပြီ။

စာပေနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းတွေအစား အလှအပ၊ နည်းပညာ၊ ကျန်းမာရေး၊ အစားအသောက်
စတဲ့ မဂ္ဂဇင်းတွေက နေရာဝင်ယူကြတော့ စာပေနဲ့ပတ်သက်ပြီး ရှင်သန်ရမယ့် ၀တ္ထုတို ကဏ္ဍက
ပျောက်လာပြီ။

ဒါကြောင့် ဒီရာပြည့် လှုပ်ရှားမှုက စာပေကိုစိတ်ဝင်စားတဲ့ တစ် နိုင်ငံလုံးနဲ့ လူတိုင်းနဲ့ သက်ဆိုင်မယ့်
စာပေလှုပ်ရှားမှုအမွေအနှစ်တစ်ခုပါ"လို့လည်း ကိုဟန်သာက ဆိုပါတယ်။ ရာပြည့်ပွဲတော်အနေနဲ့
ရန်ကုန်မှာ ၂၀၁၇ ခုနှစ်၊ မတ်လထဲမှာ စာအုပ်အရောင်း ပွဲတော်နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေအပြင်
တခြားလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မန္တလေးနဲ့ တခြားနယ်မြို့ တွေမှာလည်း ပဲန်မြန်မာက အမြဲတမ်းကျင်းပနေကျဖြစ်တဲ့ ရသအစုန်အဆန်၊
ရသပွဲခင်းနဲ့ ရသညနေခင်း အစီအစဉ်တွေ မှာ ၀တ္ထုတိုအကြောင်းကို အစားထိုးကျင်းပ ပြုလုပ်သွားမှာ
ဖြစ်ပါတယ်။ မြန်မာဝတ္ထုတို ရာပြည့်လှုပ်ရှားမှုနဲ့ပတ် သက်လို့ အသေးစိတ်သိရှိချင်တာပဲဖြစ်ဖြစ်၊
ပွဲတော်ရဲ့နောက်ဆုံးသတင်းတွေကို သိချင် တာပဲဖြစ်ဖြစ် ပဲန်မြန်မာ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ
Pen Myanmar မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်