မိစန္ဒီရဲ့ ၀က်ရုပ်လေးတွေနဲ့ My Boo brand

အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မိစန္ဒီရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုအဖြစ်တဲ့ My Boo အမည်နဲ့ လူငယ်ကြိုက် ဦးထုတ်
စုံတွဲအင်္ကျီလေးတွေကို အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ဖြန့်ချိ ရောင်းချပါတယ်။

လူငယ်တစ်ဦးဖြစ်တဲ့ မိစန္ဒီက သူလည်းလူငယ်ထဲက လူငယ်မို့ သူ့ရဲ့အနုပညာကြေးငွေတချို့
စုဆောင်းပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်တာလို့ဆိုပါတယ်။

လူငယ်တွေအကြိုက် စုံတွဲအင်္ကျီလေးတွေကို မိန်းကလေးဝတ် ၈ မျိုး၊ ယောက်ျားလေးဝတ် ၇ မျိုး
ထုတ်လုပ်ထားပြီး၊ ခေါင်းဦး၊ ဦးထုပ်လေးတွေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

"My Boo လို့နာမည်ပေးဖြစ်တာက မိစန္ဒီတို့ ဟစ်ပ်ဟော့လောကရဲ့ သီချင်းလေးတွေအတော်များများမှာ
My Boo ဆိုတဲ့ စကားလုးံလေးကို ဗန်းစကားအနေနဲ့ သုံးကြတယ်။ ငါ့ရည်စား၊ အချစ်၊ ဘေဘီ
အဲသည်လို အဓိပ္ပါယ်ပေါ့။ မိစန္ဒီရဲ့ Brand ကလည်း အချစ်ကို ကိုယ်စားပြုတဲ့ မိစန္ဒီ Brand လေးပါ။
ပရိသတ်တွေကလည်း မိစန္ဒီကို Pika Boo ဆိုပြီး ချစ်စနိုးခေါ်ကြတယ်။ အဲ့ဒါကြောင့်လည်း
ဒီနာမည်လေးရွေးဖြစ်သွားတယ်" လို့ အမှတ်တံဆိပ်နာမည်အကြောင်းရှင်းပြပါတယ်။

သူ့ဒီဇိုင်းတွေရဲ့ အဓိက အမှတ်အသားကတော့ ချစ်စရာဝက်ရုပ်လေးတွေပါ။

Don’t touch my boo. My boo is better than. ငါ့ရည်းစားကို မထိနဲ့ ၊ င့ါရည်းစားက
အကောင်းဆုံး စတဲ့ လူငယ်ချစ်သူစုံတွဲတွေအတွက် စာသားလန်းလန်းတွေကိုလည်း တီရှပ်တွေမှာ
ထည့်သွင်းထားပါတယ်။

My Boo ဒီဇိုင်းတွေကို မိစန္ဒီ ရဲ့ အကြံဥာဏ်တွေနဲ့အတူ အများဆုံးရေးဆွဲပေးတာက ဓာတ်ပုံ၊ ဒီဇိုင်း
ကိုအောင်ဇော်ထွန်းပါ။

"ကျွန်တော်နဲ့ သူက ပစ်တိုင်းထောင်ရုပ်ခေါင်းအုံးကလေးတွေ ထုတ်ကတည်းက လက်တွဲလာတာပါ။
သူက တီရှပ်ထုတ်ချင်တယ်ဆိုပြီး ကျွန်တော်တိုင်ပင်တော့ ပြီးခဲ့တဲ့နှစ်လောက်ကတည်းက
ကျွန်တော်တို့နှစ်ယောက် ကြိုးစားလုပ်ကိုင်လာကြတယ်။ မိစန္ဒီက သူချစ်တဲ့ ၀က်ရုပ်ကလေးတွေလည်း
ပါချင်တယ်ဆိုတာနဲ့ တိုင်ပင်ပြီးသေချာလေးလုပ်ပေးဖြစ်ပါတယ်" လို့ ကိုအောင်ဇော်ထွန်းက
ပြောပါတယ်။

My Boo Casual Wear တွေက limited collection တွေဖြစ်ပြီး အခုစတင်ထုတ်လုပ်တဲ့ ကျားဝတ်
မ၀တ်အင်္ကျီ တွေအပါအ၀င် ဦးထုပ်ဒီဇိုင်းတွေက တစ်မျိုးကို ၁၅၀စီ ပဲထုတ်လုပ်ထားတာလို့
သိရပါတယ်။

ဈေးနှုန်းတွေက ၁၁၀၀၀ ၊ ၁၄၀၀၀ ၊ ၁၇၀၀၀ စသဖြင့် အင်္ကျီတွေက ဈေးရှိပါတယ်။

ဦးထုပ်တွေက ကျပ် ၈၀၀၀ နဲ့ Pom Pom လယ်သာဦးထုပ်လေးက ကျပ် ၁၂၀၀၀ ပါ။

အထည်စတွေကို ထိုင်းနဲ့ တရုတ်က အဓိကတင်သွင်းပြီး ချုပ်လုပ်မှု အပိုင်းကိုတော့ ဦးထုပ်တွေကို
တရုတ်နဲ့ ထိုင်းမှာ အဓိကချုပ်လုပ်တယ်လို့ သိရပါတယ်။

အင်္ကျီတွေကတော့ သည်ကစက်ရုံမှာပဲ အပ်ဖြစ်တယ်လို့ မိစန္ဒီ က ဆိုပါတယ်။

အဲ့သည် Brand ကို GENIUS clothing (Ygn & Mdy) ဆိုင်တွေက အဓိကဖြန့်ချိပေးမှာဖြစ်ပြီး၊
My Boo အွန်လိုင်းပေ့ခ်ျကနေလည်း ၀ယ်ယူရရှိနိုင်ပါတယ်။

အမှတ်တံဆိပ် မိတ်ဆက်ပွဲကို အဆိုပါနေ့မှာပဲ လှည်းတန်းစင်တာမှာပြုလုပ်ခဲ့ပြီး စတင်ရောင်းချတဲ့
အထိမ်းအမှတ်အနေနဲ့ တစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ရောင်းချပေးခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။