ပရိသတ်တွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန်စာအုပ်လမ်း

ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ရန်ကုန်စာအုပ်လမ်း (Yangon Books Street) ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း (အလယ်ဘလောက်)
ဝန်ကြီးများရုံးရှေ့ (ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ဗဟိုပုံနှိပ်တိုက်ရှေ့) မှာ ဇန်န၀ါရီ ၇ ရက်က
စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်ဆိုင်တွေ ဖွင့်လှစ်ရောင်းချခဲ့ကြပါတယ်။

စာအုပ်လမ်းအစီအစဉ်ကို ပြန်ကြားရေးဝန်ကြီး ဌာနက ဦးဆောင်ကာ အသက်သွင်းလိုက်တာဖြစ်ပြီး
လာမယ့် သင်္ကြန်ကာလအထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီကနေ
ညနေ ၆ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အပတ်စဉ်ပြုလုပ်မယ့် စာအုပ်ဈေးပွဲတော်မှာ ဆိုင်ခန်းဖွင့်လှစ်ဖို့ စာအုပ်တိုက်ပေါင်း ၁၀၀ ကျော်
စာရင်းသွင်းထားပေမဲ့ ပထမဆုံး သီတင်းပတ်မှာတော့ ကံ့ကော်ဝတ်ရည်စာပေ၊ လင်္ကာဒီပစာပေ၊
အင်းလျားစာပေ၊ စာပေလောက၊ စိတ်ကူးချိုချို၊ တိုးမြစ်၊ ကောင်းသန့် စတဲ့ စာအုပ်တိုက်
၃၀ ၀န်းကျင်လောက် ဆိုင်ခန်းဖွင့်လှစ် ရောင်းချခဲ့ကြသလို စာအုပ်တွေကို ပုံမှန်ဈေးတွေထက်
လျှော့ချပြီး ရောင်းချပေးခဲ့ကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်