စာရေးဆရာကြီး မင်းယုဝေ အမျိုးသားစာပေ တစ်သက်တာဆုရ

၂၀၁၁ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆုနှင့် အမျိုးသား စာပေဆုရသူများကို
နိုဝင်ဘာ ၂၂ ရက် နေ့က ကြေညာခဲ့ပြီး ဆုချီးမြင့်ပွဲအခမ်း အနားကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၊ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ရုပ်ရှင်အသိုင်းအ၀ိုင်းက ရုပ်ရှင်ဇာတ် ညွှန်းဆရာလို့ တံဆိပ်ကပ် သတ်မှတ်ထား တဲ့ ဦးငြိမ်းမင်း
က ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ ပြဇာတ်စာပေဆုကို သူ့ရဲ့ 'တစ်ပင်ကျိုးလျှင် နောက်
နှစ်ပင်' စာအုပ်နဲ့ ရရှိခဲ့ပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အမျိုးသားစာပေဆုရတာကို ၀မ်းသာတဲ့ အပြင် ပြဇာတ်
စာပေအမျိုးအစားနဲ့ ရတဲ့ အတွက် ပိုပြီးဂုဏ်ယူမိတယ်လို့ ရုပ်ရှင် ဇာတ်ညွှန်းအကယ်ဒမီဆု
သုံးဆုရရှိ ထားတဲ့ ဆရာဦးငြိမ်းမင်းက မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

"ပြဇာတ်က ကမ္ဘာ့စာပေလောက ဇာတ်ခုံမှာ အရမ်းအဆင့်အတန်းမြင့် တဲ့ စာပေအမျိုးအစား
ပါ။ သို့ပေမယ့် မြန်မာစာပေလောကမှာတော့ 'ပြဇာတ် စာအုပ်'တွေဟာ အရမ်းကို မှေးမှိန်
ကျဆုံး နေခဲ့ပါတယ်"လို့ ပြဇာတ်စာပေနဲ့ ဆုရတဲ့ အတွက် ကြည်နူးပီတိဖြစ်နေတဲ့ ဆရာ
ဦးငြိမ်းမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တစ်ချိန်က ပြဇာတ် စာပေတွေက ရွှေထီးဆောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ
ပြဇာတ်စာပေရဲ့ အခန်း ကဏ္ဍဟာ မှေးမှိန်သွားခဲ့ပါတယ်။ ဒါကြောင့် ပျောက်ကွယ်လု
ဖြစ်နေတဲ့ ပြဇာတ်စာပေကို ပြန်ထွန်းကားလာဖို့ 'တစ်ပင်ကျိုးလျှင် နောက်နှစ်ပင်' ဆို
တဲ့အမည်နဲ့ ပြဇာတ်ရေးသားပြီး စာပေ ဗိမာန်စာမူဆုအတွက် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပြီး
ဆုရခဲ့ပါတယ်။

"ပြဇာတ်က ၀တ္ထုလို ၀န်းကျင်အနေ အထား၊ ဇာတ်ကောင်ရဲ့ ခံစားချက်၊ စရိုက်တွေကို
ဖွဲ့နွဲ့လို့မရဘူး။ သူ့ရဲ့ တစ်ခုတည်းသော တင်ဆက်မှုက စကားအပြန်အလှန်ပြောခြင်းပါပဲ။ အဲဒီ
စကားထဲကနေ သူ့ရဲ့စရိုက်၊ ဇာတ်လမ်း နဲ့ ပတ်ဝန်းကျင်အနေအထားကို ပြော ရတယ်။
ဖတ်တဲ့လူကလည်း အဲဒီအရ သာ ပေါ်အောင် ဖတ်ရတယ်။ လူတစ် ယောက်ရဲ့ဆီက စကား
ကို နားထောင် တတ်လာအောင်၊ အဲဒီစကားတွေက နေ သူ့ရဲ့စရိုက်ကို ဖတ်တတ်လာအောင်
ပြဇာတ်က လေ့ကျင့်ပေးတယ်" လို့ သူက ပြောပြပါတယ်။

အမျိုးသားစာပေဆုနှင့်အတူ အမြင့် မားဆုံးဆုတစ်ခုဖြစ်တဲ့ တစ်သက်တာ စာပေဆုကိုလည်း
ဆရာကြီးမင်းယုဝေ က ရရှိခဲ့ပါတယ်။

"အခုလို နိုင်ငံတော်က တစ်သက်တာ စာပေဆု ချီးမြင့်တဲ့အတွက် အားတက် ပါတယ်။
ဝမ်းလည်းသာပါတယ်" လို့ မင်္ဂလာမောင်မယ် ရုပ်စုံနှင့်မြတ်မင်္ဂလာ ဓမ္မစာစောင်တို့မှာ ယခု
ထက်ထိ အယ်ဒီ တာချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း စာပေလည်း ရေးသားနေဆဲဖြစ်တဲ့
စာရေး ဆရာကြီး မင်းယုဝေက မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

စာရေးသက် ၆၀ကျော်မှာ တစ်သက် တာစာပေဆု ချီးမြှင့်ခံရတဲ့အတွက် နောက်ကျနေ
သလားလို့ မေးတော့ ဆရာက "တချို့ကတော့ အဲဒီလိုပြော ပါတယ်။ ကျွန်တော်လည်း
ခံစားမိပါ တယ်။ ဒါပေမယ့် ဆုရဖို့ မရဖို့ထက် အဓိကက စာရေးသားနေဖို့ပါပဲ။ ဒါပေမယ့်
ကျွန်တော်သာ အသက် ၈၀ မှာ ကွယ်လွန်ခဲ့မယ်ဆိုရင် တစ်သက်တာ စာပေဆုကို ကိုယ်တိုင်
ယူခွင့်မရတော့ ဘူးပေါ့"လို့ အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးက ပြောပါတယ်။

အခြားအမျိုးသားစာပေဆုရသူများ မှာ ၀တ္ထုတိုပေါင်းချုပ်ဆုကို ရဲမြတ်တင် ရေးသားတဲ့ 'ဆီ
မုဆိုးနှင့် အခြားဝတ္ထုတို များ'၊ ကဗျာပေါင်းချုပ်ဆုကို ပျဉ်းမနား မောင်နီသင်း ရေးသားတဲ့
'ငှက်ကလေး ၏ တေးချိုချိုကဗျာများ' ၊ စာပဒေသာဆု ကို ကေသီပန်ဦးလှမြင့် ရေးသားတဲ့
'သားသမီးများကို ချီးမြှင့်ရမည့် ဖခင်နို့ တိုက်ခဲ့သည့် ကျွန်တော့အဖေနှင့် လောကဓံကို စိန်ခေါ်
၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်'၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုကို
နတ်မောက်ထွန်းရှိန်ရေးသားတဲ့ 'ရတနာပုံမန္တလေး နိပါတ်ပန်းချီကျော်များနှင့် ဗုဒ္ဓ၀င်ပညာပေး
မြန်မာ့ နိပါတ်ပန်းချီလက်ရာများ'၊ ကလေးစာပေဆုကို မောင်စိမ်းနောင် (လယ်ဝေး) ရေး
သားတဲ့ 'အလှကမ္ဘာ ညီတို့ရွာ ကလေးကဗျာများ' ၊ ဘာသာပြန် (သုတ)စာပေဆုကို
ဦးကြည်မြင့် (လသာ) ဘာသာပြန်ဆိုတဲ့ 'နိုင်ငံများ၏ဥစ္စာဓန' ၊ ဘာသာပြန်(ရသ)စာပေဆု
ကို တင်မောင်မြင့် ဘာသာပြန်ဆိုတဲ့ 'မျှော်' ၊ သုတပဒေသာ(၀ိဇ္ဇာ)ဆုကို ဦးဝင်းနိုင်
(ညွှန်ကြားရေးမှူး၊ငြိမ်း) ရေးသားတဲ့ 'နိုင်ငံ့အကျိုးပြု ကြေးတိုင်နှင့်မြေစာရင်း'၊ သုတ
ပဒေသာ (ရိုးရိုးသိပ္ပံ)ဆုကို ဒေါက်တာ ခင်မောင်ဆွေ ရေးသားတဲ့ 'သင်္ချာအမြင် သင်္ချာ
အတွေး'၊ သုတပဒေသာ (အသုံးချ သိပ္ပံ)ဆုကို သောင်းညွန့်သစ် ရေးသားတဲ့ 'မြန်မာ့
သစ်မွှေး'၊ နိုင်ငံရေးစာပေဆုကို ကိုကိုမောင်ကြီး ရေးသားတဲ့ 'ကျွန်တော် သိသော တစ်ရံ
ရောအခါများ' နှင့် အင်္ဂလိပ်ဘာသာစာအုပ် (သုတ)ဆုကို အငြိမ်းစားသံအမတ်ကြီး
ဦးသက်ထွန်း ရေးသားတဲ့ Waves of Influence စာအုပ်ဖြင့် ရရှိခဲ့ပါတယ်။

အမျိုးသားစာပေဆု ၁၆ မျိုး သတ်မှတ် ထားပေမယ့် ၁၃ ဆုသာ ချီးမြင့်ခဲ့ပြီး ၀တ္ထုရှည်ဆု၊
လူငယ်စာပေနှင့် အင်္ဂလိပ် ဘာသာစာအုပ်(ရသ)ဆုအတွက် ဆုချီး မြှင့်နိုင်ခြင်း မရှိခဲ့ဘူး
လို့သိရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်