လူငယ်ဓာတ်ပုံဆရာတွေရဲ့လက်ရာ"Ivy of Hope" ဓာတ်ပုံပြပွဲကျင်းပ

ဓာတ်ပုံပြပွဲတွင် စန္ဒရားဦးသိန်းမောင်မှ လက်စွမ်းပြတီးခတ်နေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)ဓာတ်ပုံပြပွဲတွင် စန္ဒရားဦးသိန်းမောင်မှ လက်စွမ်းပြတီးခတ်နေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံ အရပ်ရပ်က၊ဓလေ့ထုံးတမ်း တွေ၊ လှပတဲ့ရှုခင်းတွေနဲ့ တိုင်းရင်းသား လူမျိုးတွေ
စတဲ့အကြောင်းအရာစုံကို တင်ပြထားတဲ့ Ivy of Hope ဓာတ်ပုံ ပြပွဲကို အထက်ပုဇွန်တောင်
လမ်းမပေါ် က Culture Bridge အနုပညာပြခန်း မှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ
့ အထိ ပြသခဲ့ပါတယ်။

ရှင်ပြုမင်္ဂလာအခမ်းအနား၊ ကလေး ငယ်တွေရဲ့ ပျော်ရွှင်စွာ ဆော့ကစားဟန် တွေ၊ Portrait
(ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ သီးသန့်ပုံတွေ)အပြင် လွန်ခဲ့တဲ့ အနှစ် ၃၀ ၀န်းကျင်က ဓာတ်ပုံဟောင်း
တွေပါ အပါအ၀င် ဓာတ်ပုံပေါင်း ၇၉ ပုံကို ပြပွဲမှာ ပြသခဲ့တာပါ။

ပြပွဲကျင်းပတဲ့ရည်ရွယ်ချက်က လူ ငယ်ဓာတ်ပုံအသင်းတစ်သင်း ဖွဲ့စည်းဖို့ စီစဉ်ထားတာ
ကြောင့် တစ်လတစ်ခါ ပုံမှန်ဓာတ်ပုံပြပွဲတွေ ပြုလုပ်သွားမှာ ကြောင့် လူငယ်ဓာတ်ပုံဆရာတွေ
ရဲ့ လက်ရာတွေကို စုစည်းတင်ပြတာပါလို့ ပြပွဲစီစဉ်သူ ကိုရန်နောင်ဦးက ပြော ပါတယ်။

"ဓာတ်ပုံကို စိတ်ဝင်စားတဲ့ လူငယ်တွေ ရဲ့လက်ရာတွေကို ပွဲထုတ်တဲ့ သဘောပါ။ ဓာတ်ပုံဆရာ
ဟောင်းတွေကတော့ နာမည်လည်းရ၊ ဈေးကွက်လည်း ရှိသွား ပြီဆိုတော့ ဒီလိုမျက်နှာသစ်
ဓာတ်ပုံ ဆရာတွေကို လမ်းကြောင်းတစ်ခုပေါ် တင်ပေးလိုက်တာပေါ့။ လူငယ်ဓာတ်ပုံ အသင်း
လေး ဖွဲ့ဖြစ်တာကလည်း သတင်းထောက်အပါအ၀င် ဓာတ်ပုံကို ၀ါသနာပါတဲ့ လူငယ်လေး
တွေကို စုစည်းပြီး အချင်းချင်းဓာတ်ပုံပညာ ဖလှယ်စေချင် တာပါ"လို့ ကိုရန်နောင်ဦးက ပြော
ပါတယ်။

"Ivy of Hope" ဓာတ်ပုံပြပွဲ စတင် ကျင်းပတဲ့ ဒီဇင်ဘာ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီကနေ
ညနေ ၄ နာရီအထိ ဓာတ်ပုံ ဆရာ စိုးဝင်းငြိမ်းနဲ့ ဟန်မင်းဦးတို့ ဦးဆောင်တဲ့ ဓာတ်ပုံပညာ
ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့ပြီး ညနေပိုင်းကိုတော့ စန္ဒရား ဦးသိန်းမောင်က စန္ဒရားတီးခတ်
ပြီး ဓာတ်ပုံနဲ့ ဂီတကို ပူးပေါင်းတင်ဆက် ခဲ့ပါတယ်။

"စန္ဒရားနဲ့ တွဲဖက်တင်ဆက်ဖြစ်တာ က အနုပညာတစ်ခုကို ထူးထူးခြားခြား လေး တင်ဆက်
ချင်တာကြောင့်ပါ။အလွှာမျိုးစုံက ဓာတ်ပုံတွေကို ဂီတနဲ့ ပေါင်းစပ်တင်ပြတဲ့ သဘောပါပဲ" လို့
ကိုရန်နောင်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပြပွဲမှာ ပြသခဲ့တဲ့ ဓာတ်ပုံအဟောင်း တွေကိုတော့ သီးသန့်စုဆောင်းထားခဲ့ တာဖြစ်ပြီး အများစု
က အမည်မသိ ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေဖြစ် သလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ
ရေးဦးစီးဌာနရဲ့ ဓာတ်ပုံတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

"ဒီဓာတ်ပုံပြပွဲအတွက် အချိန်နှစ်လ ကျော်လောက် ယူလိုက်ရတယ်။ အခက် အခဲက ဓာတ်ပုံ
ဆရာအများစုက တစ် ယောက်တစ်နေရာစီ ဖြစ်နေကြတော့ လိုက်စုရတာတော့ ခက်တယ်။
ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ"လို့ ကိုရန်နောင်ဦးက ပြောပါတယ်။

ပြပွဲမှာ ပြသခဲ့တဲ့ ဓာတ်ပုံတွေရဲ့ ရောင်းဈေးတန်ဖိုးက ကျပ်သုံးသောင်း ကနေ ကျပ်နှစ်သိန်း
အထိ ဖြစ်ပါ တယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်