ဂစ်တာအလုံး ၅၀ မဲဖောက်ပေးခဲ့တဲ့ အိုင်စီရဲ့ တန်ဆောင်တိုင်ရှိုးပွဲ

ပရိသတ်နဲ့ အပေးအယူတည့်ခဲ့တဲ့ အဆိုတော် မျိုးကြီး။ ဘူးသီး/ မြန်မာတိုင်း(မ်)ပရိသတ်နဲ့ အပေးအယူတည့်ခဲ့တဲ့ အဆိုတော် မျိုးကြီး။ ဘူးသီး/ မြန်မာတိုင်း(မ်)

ဆေးပေါင်းခတဲ့ တန်ဆောင်တိုင်ည က ဘုရား၊ ပွဲဈေးတန်းတွေနဲ့ ရန်ကုန် တစ်မြို့လုံးကို ည
သန်းခေါင်ထိ နိုးထ နေစေခဲ့သလို အိုင်စီအဖွဲ့ရဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ
ပြုလုပ် ခဲ့တဲ့ ဖျော်ဖြေပွဲကလည်း ပရိသတ်အများ အပြားအတွက် တန်ဆောင်တိုင်ညကို
ဖြတ်သန်းဖို့ ကောင်းသောနေရာတစ်ခု ဖြစ်လို့နေခဲ့ပါတယ်။

အိုင်စီအဖွဲ့သားတွေရဲ့ သီဆို၊ တီးခတ် ဖျော်ဖြေမှုကတော့ အရင်အတိုင်း ပရိ သတ်ကို မြူးကြွ
စေမြဲ၊ ကျေနပ်စေမြဲပါ။ သူတို့ရဲ့ဖန်တီးမှုအသစ်တွေကို မကြားရ တာကြာပြီဖြစ်လို့ ပရိသတ်
တွေက သူတို့ချပြလာမယ့် ဖန်တီးမှုအသစ်တွေကို ငတ်မွတ်နေပေမယ့် သူတို့ရဲ့ သီချင်း
ဟောင်းတွေကိုလည်း မငြီးငွေ့ဘဲ အားပေးနေမြဲပါ။

ဒီပွဲကတော့ အ.ထ.က (၁) လသာ ကျောင်းရဲ့ ရန်ပုံငွေပွဲဖြစ်ပြီး အဆိုတော် ရတနာမိုင်ကို
ပွဲထုတ်တဲ့ပွဲတစ်ပွဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

လေးဖြူနဲ့ အငဲရဲ့ ဖျော်ဖြေမှုအပြီး ဖျော်ဖြေဖို့ အလှည့်ကျလာသူကတော့  'ဆေးပေါင်းခတဲ့ည'
အိုင်စီပွဲရဲ့ တစ်ဦး တည်းသော အမျိုးသမီးအဆိုတော် ရတနာမိုင်ပါ။ တေးသီချင်းတစ်ပုဒ် ဖျော်ဖြေ
လို့အပြီးမှာတော့ ဒီလို အိုင်စီ အဖွဲ့နဲ့ ဖျော်ဖြေခွင့်ရတာကို ဂုဏ်ယူ ကြောင်းနဲ့ သူ ဒီနေ့ကစပြီး
ရော့ခ်လိုင်း ကို အပြီးပြောင်းလိုက်ပါပြီလို့ ကြေညာ လိုက်တဲ့ အဆိုတော် ရတနာမိုင်ရဲ့ အမာခံ
ပရိသတ်တွေကတော့ သူ့ရဲ့ နောက်လာမယ့် ဂီတဖန်တီးမှုတွေမှာ ရော့ခ်ဂီတကိုပဲ အသားပေး
ဖန်တီးထား တာ မြင်တွေ့ရမယ်လို့ မျှော်လင့်ကြရ မှာပါ။

ဂီတပွဲကို နှစ်ပိုင်းခွဲ ဖျော်ဖြေခဲ့ပြီး ဒီတစ်ခေါက် အိုင်စီပွဲမှာ ပွဲအမြဲတောင်းခံ ရတဲ့ လေးဖြူထက်
ပရိသတ်က မျိုးကြီး ကို ပိုတောင်းဆိုကြတာ တွေ့ရပြီး အဆိုတော်မျိုးကြီးကလည်း သူ့ရဲ့
နောက်ဆုံးထွက်ရှိထားတဲ့ 'ယူလိုက်' အယ်လ် ဘမ်ထဲက သီချင်းတွေနဲ့ အားပါးတရ ဖျော်ဖြေ
ခဲ့ပါတယ်။

ဒီပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်ထောင်ပေါင်းများစွာကို အိုင်စီ အဖွဲ့က အမှတ်တရ
အဖြစ် ဆရာချစ်လို့ အများကလေးစားမှုနဲ့ ခေါ်ကြတဲ့ ချစ်စမ်းမောင်ရဲ့ လက်မှတ်ရေးထိုးထားတဲ့
ဂစ်တာအလုံး ၅၀ ကို ကံစမ်းမဲဖောက် ပေးခဲ့လို့ အိုင်စီပရိသတ်လည်း ပျော်ရွှင် မှုတွေနဲ့အတူ
တန်ဆောင်တိုင်ညကို ဖြတ်သန်းခဲ့ကြတာကြောင့် အိုင်စီရဲ့ ဖျော်ဖြေမှုနဲ့ အိုင်စီရဲ့ ရန်ကုန်
ပရိသတ် များ ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်