အိမ်တွင်းမှာ အပင်စိုက်ကြမယ်

ကျောက်စိမ်းဧကရာဇ်အပင်။ ညိုမီ/မြန်မာတိုင်း(မ်)ကျောက်စိမ်းဧကရာဇ်အပင်။ ညိုမီ/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်မှာလည်း အိမ်ထဲမှာ လေကို သန့်စင်ပေးနိုင်တဲ့ အပင်လေးတွေထဲကမှ အပင်နှစ်မျိုးကို
ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

သူတို့ကတော့ အိမ်မှာစိုက်ထားရင် ရွှေငွေလာဘ်လာဘ၀င်တယ်လို့ ပြောစမှတ်ပြုကြတဲ့
ကျောက်စိမ်းနန်းတော်နဲ့ ကျောက်စိမ်းဧကရာဇ် အပင်တို့ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်က တင်သွင်းတဲ့ ဒီအပင်လေးတွေကို နိမိတ်ကောင်းလို့ စိုက်ကြသလို အပင်လှလို့လည်း
စိုက်ကြပါတယ်။ တရုတ်လူမျိုးတွေကြားမှာလည်း ရေပန်းစားတဲ့ အပင်တွေပဲ ဖြစ်ပါတယ်။

ကျောက်စိမ်းနန်းတော်က စားပွဲတင်ပန်းအိုးအရွယ်မျိုးရအောင် ပြုပြင်စိုက်ပျိုးထားတာမျိုးဖြစ်ပြီး
ကျောက်စိမ်းဧကရာဇ်ကတော့ မြန်မာပြည်မှာ လူစိုက်များပြီး အပင်ဝါသနာပါတဲ့သူ တော်တော်များများ
သိတဲ့ အပင်မျိုးဖြစ်ပါတယ်။

ကျောက်စိမ်းနန်းတော်က အရွက်ကြောထူတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် (လူတွေအတွက်
မကောင်းတဲ့)ကို ပိုစုပ်ယူနိုင်ပြီး လေကို ပိုသန့်စင်ပေးနိုင်ပါတယ်။ ကျောက်စိမ်းဧကရာဇ်ကတော့
အပွင့်ပွင့်တဲ့အတွက် ကျောက်စိမ်းနန်းတော်ထက် အောက်ဆီဂျင် (လူတွေ လိုအပ်တဲ့)ကို ပိုပြီး
အထုတ်နည်းပါတယ်။

ကျောက်စိမ်းနန်းတော်အပင်။ ညိုမီ/မြန်မာတိုင်း(မ်)ကျောက်စိမ်းနန်းတော်အပင်။ ညိုမီ/မြန်မာတိုင်း(မ်)

ကျောက်စိမ်းနန်းတော်အပင်က လုံးလုံးပုပုလေးနဲ့ ချုံပုတ်သဏ္ဌာန်မျိုးဖြစ်ပြီး အရွက်လေးက အထပ်ထပ်
ပုံစံမျိုး ဖြစ်ပါတယ်။

ကျောက်စိမ်းဧကရာဇ်ကိုတော့ စားပွဲတင်စိုက်လို့လည်း ရပေမဲ့ အပင်ကြီးမျိုးဖြစ်ပြီး လူခါးလောက်အထိ
ရှည်နိုင်ပါတယ်။

ဒါပေမဲ့လည်း ကျောက်စိမ်းဧကရာဇ်က အိုးအရွယ် အစားပေါ်မူတည်ပြီး အပင်ကြီးထွားလာတဲ့အတွက်
အရှည်ကြီးမလိုချင်ဘူးဆိုရင် (သို့) စားပွဲတင်ထားချင်ရင် အိုးသေးသေးနဲ့ စိုက်ရပါတယ်။

အပင်ကို ညှပ်လို့ မကောင်းပါဘူး။ ညှပ်လိုက်တာနဲ့ ညှပ်တဲ့နေရာမှာ ရေ၀င်ရင်
အပင် ပုပ်တတ်ပါတယ်။

နှစ်ပင်စလုံးက အိမ်ထဲစိုက်တဲ့ အပင်တွေမို့ မြေဆွေး မလိုဘဲ ရေကိုပဲ အချိန်အဆနဲ့
ဂရုစိုက်လောင်းပေးနိုင်ရင် အဆင်ပြေပါပြီ။

ဂရုပြုရမှာက ဒီအပင်တွေဟာ ရေများတာကို လုံးဝသဘောမကျပါဘူး။ ရေများတဲ့အခါ အိမ်ထဲစိုက်တဲ့
အတွက်ကြောင့် အပင်ရိပြီး ပုပ်သွားတတ်ပါတယ်။ အရွက်တွေကို spray ဘူးလေးထဲ ရေထည့်ပြီး
နေ့တိုင်း ဖျန်းပေးနိုင်ပါတယ်။ ပင်စည်ပိုင်းကိုတော့ တစ်ပတ်ကို နှစ်ကြိမ်ပဲ ရေလောင်းပေးရပါတယ်။

နေရောင်ခြည်ကတော့ ဖြစ်နိုင်မယ်ဆိုရင် တစ်ပတ်တစ်ကြိမ်၊ ဒါမှမဟုတ်ရင် ၁၀ ရက်တစ်ကြိမ်
မွန်းတည့် ၁၂ နာရီမတိုင်ခင် နေရောင်ခြည်ကို ပြပေးသင့်ပါတယ်။ မွန်းတည့် ၁၂ နာရီနောက်ပိုင်း
ပြရင် အပင်နေလောင်သွားတတ်ပါတယ်။

အမျိုးအစားနှစ်မျိုးစလုံးမှာ စားပွဲတင်အရွယ်အစားကို ကျပ် ၅,၀၀၀ ဖြစ်ပြီး ဧည့်ခန်းထဲမှာ၊
အလုပ်စားပွဲနားမှာ၊ ထမင်းစားစားပွဲပေါ်မှာ စသဖြင့် အလှစိုက်ထားလေ့ရှိပါတယ်။

အပင်ဈေးနှုန်းတွေကို ကန်တော်ကြီး မြေပဒေသာ ကျွန်းထဲက အန်တီကြီး ဒေါ်အေးသွယ်နှင့်သားများ
မျိုးစေ့၊ ပျိုးပင်နဲ့ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကနေ ဝေမျှပေးထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်