Jason Mraz ရှိုးပွဲအတွက် ရင်ခုန်သံမြန်နေကြသူများ...

"သူငယ်ချင်းတွေနဲ့ သွားကြည့်ဖြစ်မယ်။ ဒီသတင်းကို Youtube ပေါ်ကJason Mraz က
"မင်္ဂလာပါ" လို့ ပြောပြီး ဒီဖျော်ဖြေပွဲအကြောင်းပြောထားတဲ့ ဗီဒီယိုဖိုင်ကို စတွေ့တော့ အရမ်း
အံ့ဩသွားတယ်။

ဝမ်းလည်းသာတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သိပ်မယုံရဲသေးဘူး။ ဘာလို့လဲဆိုတော့
ကမ္ဘာကျော်အဆိုတော်တွေ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ သွားတဲ့အခါတိုင်း ထိုင်း၊ စင်ကာပူ၊
မလေးရှားနိုင်ငံတွေကို သွားကြပေမယ့် မြန်မာပြည်ကို မလာကြဘူး။ ပြီးတော့ အရင်တစ်ခါ
ကလည်း အဆိုတော်Engelbert လာမယ်ဆိုတဲ့ အစီအစဉ်ကလည်း ပျက်ခဲ့တယ်။

အခု Jason Mraz ဆိုရင် လက်ရှိ ကမ္ဘာမှာ နာမည်ကျော်နေတဲ့ သူတစ်ယောက်လည်း
ဖြစ်တော့ တကယ်ဖြစ်လာပါ့မလားဆိုပြီး မယုံရဲခဲ့တာပေါ့။ တကယ် လာဖျော်ဖြေမယ်၊
အခမဲ့ပွဲလည်း ဖြစ်တယ်ဆိုတာ သေချာသလောက်ရှိတဲ့ အချိန်မှာတော့ အရမ်းပျော်တယ်။

ရခဲတဲ့အခွင့်အရေးတစ်ခုလို့လည်း မြင်တယ်။ သူ့ကို သူ့ရဲ့နာမည်ကြီး "I'm Your" သီချင်းနဲ့
စသိခဲ့တာပါပဲ။ အဲဒီသီချင်းကို MTV ကနေ စကြားဖူးပြီး အရမ်းကြိုက်တော့ သူ့အခွေတွေကို
လိုက်နားထောင် ဖြစ်ခဲ့တယ်။

ကမ္ဘာကျော်အဆိုတော် တစ်ယောက် မြန်မာပြည်လာဖျော်ဖြေလို့ သွားကြည့်တာ တစ်ခုတည်း
မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်နေတော့ ဒီပွဲကို
သွားကြည့်ဖို့ ပိုပျော်တယ်။"

မုန်ဘွဲ့ (၂၇ နှစ်) ဒရမ်မာ (NOV 24 အဖွဲ့)မုန်ဘွဲ့ (၂၇ နှစ်) ဒရမ်မာ (NOV 24 အဖွဲ့)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်