အိမ်တွင်းမှာ အပင်စိုက်ကြမယ်

ကန္တာရပင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)ကန္တာရပင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်မှာတော့ အိမ်တွင်းမှာ စိုက်ပျိုးနိုင်ဖို့အတွက် ထူးခြားတဲ့ အသွင်သဏ္ဌာန်ရှိတဲ့
'ကန္တာရ' အပင်လေး အကြောင်းကို ပြောပြပေးပါတယ်။

'ကန္တာရ' အပင်လို့ ကြားလိုက်တာနဲ့ ဆူးငယ်တွေ ပါဝင်တဲ့ အစိမ်ရောင်အပင်မျိုးဆိုတာ
လူတိုင်းသိကြမှာပါ။

ဒါပေမဲ့ ဒီအပင်မျိုးစိတ်ကတော့ ဒီထက်ပိုပါတယ်။ ပုံမှန်ကန္တာရအပင်တွေလို ဆူးတွေနဲ့ အစိမ်းရောင်
ကိုယ်ထည်မှာ အတွန့်ငယ်တွေပါတဲ့ ခရမ်းရောင်ပန်းပွင့်ကြီး ပွင့်တတ်တာက ဒီအပင်ရဲ့ ထူးခြားမှုပဲ
ဖြစ်ပါတယ်။

သူကို အိုးကြီးတွေနဲ့ စိုက်တာထက် အပင်သေးမျိုးမို့ ပန်းအိုးလေးနဲ့ စိုက်ပြီး စားပွဲတွေပေါ်မှာ
အလှတင်ထားလေ့ရှိကြပါတယ်။

ခရမ်းရောင်ပန်းပွင့်တွေဟာ သူ့သက်တမ်းကုန်ပြီဆိုရင် တခြားပန်းပွင့်တွေကြွေသလိုပဲ
ကြွေကျသွားမှာဖြစ်ပြီး နောက်ထပ် ထပ်ပွင့်လာဦးမှာဖြစ်ပါတယ်။

ရေကို သုံးရက်တစ်ကြိမ်လောင်းပေးရပြီး နေရောင်ပေးစရာ မလိုတာမို့ အိမ်ခန်းတွင်းမှာနဲ့
ရုံးတွင်း၊ ဆိုင်တွင်းမှာ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပါပဲ။

ဒီအပင်မျိုးစိတ်ဟာ တရုတ်နိုင်ငံက ၀င်လာတာဖြစ်ပြီး မြန်မာတိုင်း(မ်)က ဓာတ်ပုံသွားရိုက်ထားတဲ့
ဆိုင်ကတော့ ရန်ကုန်မြို့၊ မြေပဒေသာကျွန်းထဲမှာ ဖွင့်လှစ်ထားတဲ့ ရတနာသစ်ခွပျိုးဥယျာဉ်နဲ့
စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင် ဖြစ်ပါတယ်။

အပင်ဈေးနှုန်းကတော့ တစ်ပင်ကို ကျပ် ၈,၅၀၀ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်