အိမ်တွင်းမှာ အပင်စိုက်မယ်

ယိုးဒယားပိန်းပန်းပင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)ယိုးဒယားပိန်းပန်းပင်။ ငြိမ်းအိအိထွေး/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်တော့ အိမ်တွင်းမှာ အလှပန်းပင်လေးတွေ စိုက်ပျိုးနိုင်ဖို့အတွက် ပိန်းပန်းပင်လေးအကြောင်းနဲ့
စာဖတ်ပရိသတ်တွေကို မိတ်ဆက်ပေးပါတယ်။

'ယိုးဒယားပိန်းပန်း' လို့ နာမည်ရတဲ့ ဒီပန်းပင်လေးက အမြင့်တစ်ပေလောက်ပဲရှိပေမဲ့ သူ့အလှကိုတော့
အထင်မသေးလိုက်ပါနဲ့။

သူ့နာမည်အတိုင်းပဲ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ အပင်ဖြစ်ပြီး သူ့ရဲ့အားသာချက်ကတော့
ဆယ်နှစ်ရာသီလုံး အပွင့်တွေ ဝေေ၀ဆာဆာနဲ့ ပွင့်တတ်ပြီး အရွက်တွေကလည်း စိမ်းစိမ်းစိုစိုလေး
ဖြစ်နေတတ်တာပါပဲ။

စိုက်တဲ့ အိုးအရွယ်ကိုလိုက်ပြီး ပြန့်ကားအုပ်ဆိုင်းနေတတ်တာကလည်း ချစ်စဖွယ်လေးပါပဲ။
ဒါကြောင့် အခန်းထောင့်လေးမှာ ထားတာပဲဖြစ်ဖြစ်၊ ဧည့်ခန်းက စားပွဲပေါ်မှာ တင်ထားရင်ပဲ ဖြစ်ဖြစ်
မျက်စိပဒသ ရှိနေမှာအမှန်ပါပဲ။

ပန်းပွင့်တဲ့ အရောင်တွေက အနီရောင်၊ အဖြူရောင်၊ ခရမ်းရောင်အပြင် ပန်းနုရောင်တွေ ပါရှိတာမို့
စိတ်ကြိုက်အရောင်ကို ရွေးချယ်ဝယ်ယူ စိုက်ပျိုးနိုင်ပါတယ်။

ပန်းပွင့်တဲ့အခါမှာလည်း တစ်ပင်တည်းမှာ လေး၊ ငါးပွင့် တပြိုင်နက်တည်း ပွင့်နေတတ်ပါတယ်။

ရေကိုတော့ သုံးရက်တစ်ကြိမ် လောင်းပေးရုံနဲ့ လုံလောက်ပါတယ်။ အားဆေးကျွေးချင်တယ်
ဆိုရင်တော့ ၁၃ ပတ်လည်လို့ခေါ်တဲ့ ဆေးဝါလုံးလေးတွေကို တစ်ပတ်တစ်ကြိမ် အမြစ်နားမှာ ကပ်ပြီး
ဖြူးပေးနိုင်ပါတယ်။

မြန်မာတိုင်း(မ်)မှာ ဖော်ပြဖို့အတွက် ပိန်းပန်းပင်ပုံတွေကို မြေပဒေသာကျွန်းဥယျာဉ်ထဲက
ရတနာသစ်ခွပျိုးဥယျာဉ်နဲ့ စိုက်ပျိုး ရေးသုံးပစ္စည်းအရောင်းဆိုင်မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး
အပင်တစ်ပင်ရဲ့ဈေးနှုန်းကတော့ ကျပ် ၆,၅၀၀ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်