အမျိုးသမီးထုကို၊ လွှမ်းမိုးနိုင်တဲ့၊ အကယ်ဒမီဖက်ရှင်

ပွဲတက်ဝတ်စုံများ ဖန်တီးနေတဲ့ ဒီဇိုင်နာ ယုံးယုံး။ ရတနာ/ မြန်မာတိုင်း(မ်)ပွဲတက်ဝတ်စုံများ ဖန်တီးနေတဲ့ ဒီဇိုင်နာ ယုံးယုံး။ ရတနာ/ မြန်မာတိုင်း(မ်)နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တွေရဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းတွေက အဲဒီ ဆုပေးပွဲကို အချိန်
ပေးစောင့်ကြည့်တဲ့ ပရိသတ်ကို အချိန်ဘယ်လောက်ကြာ အောင် ဆွဲဆောင်နိုင်မယ်
ထင်ပါသလဲ။

နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကာလ၊ ဒါမှမဟုတ် အစောပိုင်းအချိန်တွေမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ
ရုပ်ရှင်ထူးချွန်ဆု ပေးပွဲရဲ့ ပွဲတက်ဖက်ရှင်တွေကတော့ နောက်နှစ်၊ ဒါမှမဟုတ် တစ်နှစ်တာပတ်
လုံးရဲ့ ရိုးရာဝတ်စုံဒီဇိုင်းတွေမှာ ထိပ်ဆုံး က နေရာယူနေလေ့ရှိပါတယ်။

"အကယ်ဒမီပွဲတက်အတွက် အစော ပိုင်းကတော့ ချိတ်ကိုပဲ ဒီဇိုင်းထွင်ရက် လုပ်ကြတယ်။
နောက်ပိုင်းမှာ ဖန်စီစတိုင် ခေတ်စားလာပြီး ထမီကို ကိုယ်ပိုင်ဒီဇိုင်း ထိုးတာ ခေတ်စားလာ
တယ်။ နောက်ပိုင်းမှာ ချိတ်အပြောင်းအလဲ ရှိပေမယ့် မြန်မာ့ ရိုးရာဒီဇိုင်းတွေပဲ များတယ်။
ခုနောက်ပိုင်းမှာတော့ ချိတ်ကိုမှ အပေါ်ပိုင်းကို အနောက်တိုင်းဂါဝန်တွေရဲ့ အပေါ်ပိုင်း ကို
ပြန်ယူပြီး ချုပ်တာတွေ ရှိတယ်"လို့ မနှစ်ကဆုပေးပွဲမှာ အကယ်ဒမီဆုခဲ့တဲ့ သက်မွန်မြင့်ရဲ့
ချင်းရိုးရာပွဲတက်ဝတ်စုံ လေး ဖန်တီးပေးခဲ့တဲ့ မပုံ့ (My Favourite) က ပြောပါတယ်။

တိုင်းရင်းသားဝတ်စုံကို ရိုးရာမပျက် လှပအောင် တီထွင်လိုက်နိုင်တဲ့ သူ့ရဲ့ အကယ်ဒမီဖက်ရှင်
ကို ပြည်တွင်းက လူ တွေ လိုက်ဝတ်တာ နည်းပေမယ့် ပြည်ပမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား
တွေက နေ အော်ဒါတွေမှာကြတာကြောင့် မနှစ်က ဖန်တီးခဲ့တဲ့ ချင်းဝတ်စုံလေးက သူ့အတွက်
တကယ့်ကိုအမှတ်တရပါပဲ လို့လည်း ဆိုပါတယ်။

"အကုန်လုံး ဆင်တူကြီးတော့ မဟုတ် ပေမယ့် သံတူကြောင်းကွဲပုံစံ ခပ်ဆင်ဆင် ဒီဇိုင်းလေး
တွေ မှာချုပ်ကြတယ်။ ရိုးရာ မပျောက်တဲ့ ဒီဝတ်စုံလေး ထွင်ချုပ်တဲ့ အတွက်လည်း ချီးကျူး
စကားတွေ ပြော ကြတယ်။ သက်မွန်လည်း အကယ်ဒမီကို ရိုးရာဝတ်စုံနဲ့ ဆုလက်ခံယူတဲ့
အတွက် အမှတ်တရ ဂုဏ်ပြုတာမျိုးတွေ ရှိတယ် ဆိုတော့ ၀မ်းသာရပါတယ်" လို့ မပုံ့က
ပြောပါတယ်။

ဒီနှစ်လည်း မပုံ့က အကယ်ဒမီတစ် ပေးခံနေရပြန်တဲ့ သက်မွန်မြင့်အပြင် ခင်လေးနွယ်၊ ၀ိုင်းစု
ခိုင်သိန်း၊ ချစ်သုဝေနဲ့ သက်သခင်တို့ကို အကယ်ဒမီဝတ်စုံ ဖန်တီးပေးမှာပါ။

"ဒီနှစ်ကိုတော့ ၀ိုင်းစုဆိုရင် ထွင်ပေး ထားတယ်။ ငြိမ်ငြိမ်လေးနဲ့ပဲ ထွင်ထား တဲ့ ဒီဇိုင်းတွေပေါ့။
တစ်ယောက်တစ်မျိုး စီ ဒီဇိုင်းကွဲမှာပါ။ သက်မွန်မြင့်ကိုတော့ အငြိမ်လေးပဲ လုပ်ပေးထား
တယ်။ သူ့ အရွယ်လေးနဲ့ သူ့ဂုဏ်လေးနဲ့ဆိုတော့ အရမ်းကြီးဟော့ရှော့ထက် အငြိမ်လေး
က ပိုလှမလားလို့ပေါ့နော်"လို့ ဒီနှစ်ပွဲ တက်ဖက်ရှင်အတွက် မပုံ့က အကြိုပြော ပြပါတယ်။

အကယ်ဒမီအတွက် အချိန်ပေးရတာ နဲ့ ပတ်သက်ပြီးတော့လည်း "အရင်က အကယ်ဒမီက
ဒိတ်ကြိုမထွက်တော့ ၀ါ တွင်းအားနေတဲ့အချိန်မှာ ကြိုစဉ်းစားရ တယ်။ ဒီနှစ်မှာလည်း
ကိုယ်ဝန်နဲ့ဆိုတော့ မလုပ်ဖြစ်ဘူး ထင်ခဲ့တာ။ ဒါပေမယ့် သူ တို့တွေကို တစ်နှစ်ပတ်လုံး
လိုအပ်တဲ့ ကြော်ငြာ၊ ဇာတ်ကားတွေကို တောက်လျှောက် လုပ်ပေးလာတာဆိုတော့ သူတို့
အတွက် စဉ်းစားထားတာလေးတွေ လည်းရှိပြီး ဘယ်လိုပုံစံလေးလိုက်တယ် ဆိုတာကို
သိနေတော့ ချုပ်ပေးဖြစ်တာ ပါ" လို့ ပြောပြခဲ့ပါတယ်။

အရင်နှစ်တွေက အပ်ကြောင်းထပ်ခဲ့ တဲ့ ပုံစံမျိုးတွေမဟုတ်ဘဲ ဒီနှစ်မှာတော့ သုံးနေကျ
စီးကွင့်၊ ကျောက်၊ လတ်တ လော ခေတ်စားနေတဲ့ ချည်လုံးအခက် အပွင့်တွေနဲ့ မြန်မာ
ဖက်ရှင်ကို ခန့်စည်သူ၊ ပိုင်ဖြိုးသုတို့အတွက် ဖန်တီးပေးမယ်လို့ ဒီဇိုင်နာယုံးယုံးက
ပြောပါတယ်။

"ကိုယ့်အဘွားတွေ လက်ထက်ကတည်းက စီးကွင့်တွေက သုံးလာတာဆိုတော့ မပါမဖြစ်
တော့ပါမယ်။ နိုင်ငံတော် ပွဲလည်းဖြစ်ပြီး တစ်နိုင်ငံလုံးက လူတွေ စောင့်ကြည့်ကြမှာဖြစ်လို့
ဆန်းတဲ့နေရာ မှာ အရမ်းဆန်းပြီး မလွန်သွားတဲ့ ပုံမျိုး ဖြစ်ချင်တယ်။ ၂၀၁၃ မှာ ခေတ်စားမယ့်
ကျောက်စိမ်း၊ ခဲရောင်အဖောက်၊ အပြာ မှိုင်းမှိုင်းအရောင်လေးတွေ ပါပြီး ပွဲထိုင် ဖြစ်လို့
လင်းလင်းလက်လက်လေးဖြစ် အောင် ချုပ်ဖြစ်မယ်။ ယောက်ျားလေး အတွက်ဆိုရင်လည်း
ရင်ဖုံးအစစ် လုံးဝ ပါရမယ်။ ပြီးတော့မှ ယောက်ျားလေးနဲ့ လိုက်ဖက်ပြီး ရိုးရာနဲ့ ကွဲထွက်မသွား
တဲ့ ဖန်တီးမှုမျိုးကို လုပ်မှာပါ"လို့ ပြောပါတယ်။

ဒီဇိုင်နာတွေ အများကြီးကြားမှာ သတိ ထားတယ်ဆိုတာထက် ကိုယ်အလေး ထားတဲ့ပွဲဖြစ်ပြီး
သူ့ထက်ငါ အပြိုင်တက် ကြမယ့်ပွဲမှာ ကိုယ်ဆင်ပေးတဲ့ မင်းသမီး ပုံထွက်မလှတာမျိုး မဖြစ်
စေချင်လို့ အလေးထားပြီး စိတ်ဝင်တစားလုပ်ဖြစ် တယ်လို့လည်း ဒီဇိုင်နာယုံးယုံးက
ဆိုပါ တယ်။

ဖွေးဖွေးတစ်ယောက်တည်းအတွက် ကိုပဲ ချုပ်ပေးဖြစ်တယ်လို့ ဆိုသူကတော့ ဒီဇိုင်နာ
သက်နှင်းအေးပါ။"ဒီနှစ်မှာတော့ ဖွေးဖွေးအတွက် မြင် နေကျပုံစံမျိုးမဟုတ်တဲ့ လုံချည်ရော၊
အင်္ကျီကိုပါ ဆန်းသစ်ထားပါတယ်။ မြန်မာဆန်ဆန်လေးလည်း ဖြစ်ပြီး မော်ဒန်လည်းဆန်
တဲ့ပုံမျိုး နှစ်ခုပေါင်းပြီး ဖန်တီးထားပါတယ်"လို့ သူဖန်တီးထား တာကို ပြောပြပါတယ်။

အကယ်ဒမီဖက်ရှင်ဆိုတာ များသော အားဖြင့် ပွဲတက်ပုံမျိုးပဲဖြစ်ပြီး မြန်မာ အမျိုးသမီး
တွေကလည်း သူတို့ ပွဲတက် ၀တ်စုံအတွက် အဲဒီဖက်ရှင်ကို ယူပြီး ၀တ်တတ်ကြတာဖြစ်လို့
သုံးတဲ့ပစ္စည်း တွေ ချည်တွေကအစ မြင်လိုက်တာနဲ့ အသစ်ဖြစ်နေအောင် အသုံးပြုရတယ်
လို့လည်း သူက ပြောပြခဲ့ပါတယ်။

အကယ်ဒမီဖက်ရှင်ကလည်း တစ် နှစ်ထက်တစ်နှစ် ပိုဆန်းသစ်လာပြီး အနောက်တိုင်း
ဟန်ဘက်ကို ပိုသွားချင် နေကြတယ်လို့လည်း သူ့အမြင်ကို ဆိုပါ တယ်။

"၀တ်မယ့်လူနဲ့လည်း ဆိုင်တာပေါ့။ သူ့ရဲ့အသားအရေ၊ ရုပ်၊ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် ပုံစံကို
မှ မြန်မာဆန်ဆန် လေးဆို ကျက်သရေရှိပြီး လိုက်ဖက် မလားဆိုတာမျိုးတွေပေါ့။ တစ်နိုင်ငံ
လုံး က စောင့်ကြည့်တဲ့ပွဲဆိုတော့ ယဉ်ကျေးမှု မပျက်အောင်တော့ အစ်မတို့ကိုယ်တိုင် သတိ
ပြုပြီး ကြိုးစားရတယ်" လို့လည်း ပြောပါတယ်။

ဘယ်သူမဆို ကိုယ့်ဒီဇိုင်းကို လူကြိုက် များစေချင်ပေမယ့် နံပါတ်တစ်အနေနဲ့ ကတော့
သက်သောင့်သက်သာ ဖြစ်ဖို့ပါ ပဲလို့လည်း ပြောခဲ့ပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်

အကြည့်အများဆုံး - နားနားနေနေ စိတ်အပန်းဖြေ