Wednesday, 03 September 2014

မြန်မာ့ပထမဆုံးနိုင်ငံတကာရုပ်ရှင် ပွဲတော်အတွက် ပြိုင်ပွဲဝင်ဖိတ်ခေါ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ
ကျင်းပသွားမှာဖြစ် တာကြောင့် ပြည်တွင်း၊ ပြည်ပမှ ပါဝင် ယှဉ်ပြိုင်လိုသူများကို စတင်ဖိတ်ခေါ်
နေပါပြီ။

ပွဲတော်ကို 'လူ့အခွင့်အရေး လူ့ဂုဏ် သိက္ခာ'လို့ အမည်ပေးထားပြီး ပြိုင်ပွဲဝင် ကားတွေဟာ လူ့
အခွင့်အရေးကို ပုံဖော် ထင်ဟပ်ပြသရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဇာတ်ကားများကို မှတ်တမ်း
ရုပ်ရှင်၊ ဇာတ်လမ်းတိုနဲ့ အင်န်နီမေးရှင်း ဆိုပြီး ကဏ္ဍသုံးမျိုးခွဲခြားထားပြီး ပြိုင်ပွဲဝင်များကို
လည်း ပြည်တွင်းနဲ့ နိုင်ငံတကာ ပြိုင်ပွဲဝင်ဆိုပြီး နှစ်မျိုးခွဲလက်ခံမှာဖြစ် သလို ဆုတွေကိုလည်း
ခွဲပြီးချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ရုပ်ရှင်ပွဲတော်စီစဉ်သူဖြစ်တဲ့ မင်းထင်ကိုကိုကြီးက မြန်မာ
တိုင်း(မ်)ကို ပြောပါတယ်။

သူက ပွဲစီစဉ်ဖြစ်ပုံကို ချက်ဗ်ရီပတ်ဘလစ်နိုင်ငံက ဦးစီးပြီး ၂၀၁၂ ခုနှစ်၊ မတ်လက ပြင်သစ်နိုင်ငံ
မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် "One World Film Festival" ကို တက်
ရောက်ခဲ့ရာက မြန်မာနိုင်ငံမှာလည်း လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ရုပ်ရှင်ပွဲ တော်တစ်ခု
ကျင်းပချင်တဲ့ စိတ်ကူးရလာ ခဲ့တယ်လို့ ပြောပြပါတယ်။

"မနှစ်က အဲဒီပွဲက ပြန်လာကတည်း က 'လွတ်လပ်ခြင်း' ရုပ်ရှင်ပွဲတော်ကို ကျွန်တော် ဆက်
မလုပ်တော့ဘူး။ ကိုယ့် ဘာသာကိုယ်ပဲ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပွဲတော်ကို စီစဉ်ချင်လာ
တယ်။ အဲဒီ One World ရုပ်ရှင်ပွဲတော်စီစဉ်တဲ့ နိုင်ငံဆိုရင် ၁၉၉၀ လောက်မှာ ပြဇာတ်
စာရေးဆရာ ဟာဗဲလ်ရဲ့ခေါင်းဆောင်မှုနဲ့ ကွန်မြူနစ် နိုင်ငံအောက်က လွတ်မြောက်လာပြီး
ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်း ခဲ့တယ်။

"ဒီလို အနှစ် ၂၀ ကျော် ဒီမိုကရေစီ နိုင်ငံအဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတွေကတောင် လူ့အခွင့်
အရေးနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေလုပ်နေ တယ်။ မြန်မာနိုင်ငံမှာလည်း
ရုပ်ရှင်ကို နည်းနည်းလေး နားလည်သူတစ် ယောက်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့
ရုပ်ရှင်ပွဲတော်လုပ်ကြည့်ချင် လာတယ်"လို့ ကိုယ်တိုင်ရုပ်ရှင်ပွဲတော် အသစ်တစ်ခုကို စီစဉ်
ကျင်းပဖြစ်ပုံကို ပြောပြပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့
ရုပ်ရှင်ပွဲတော်ကျင်းပ တဲ့ရက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာ
ကျင်းပဖို့ ရွေးချယ်ဖြစ်တယ်လို့လည်းဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ၈၈ အရေးအခင်းမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို စပြော
ခဲ့တယ်။ နောက် သူ အမြဲပြောတဲ့စကားထဲမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလို့ပဲ ဒွန်တွဲပြီး
ပြောတယ်။ လူ့အခွင့်အရေး မြန်မာနိုင်ငံမှာ ချိုးဖောက်ခံနေရတယ်။ ပြည်သူလူထုက လူ့
အခွင့်အရေးကို အပြည့်အ၀ခံစား သင့်တယ်ဆိုတဲ့ စကားတွေကို သူ့ဆီက ပဲ ကြားဖူးတယ်။
တခြား သူ့ထက်အရင် ဘယ်သူ့ဆီကမှလည်း မကြားဖူးသလို ဘယ်စာအုပ်ထဲကမှလည်း
မဖတ်ဖူးခဲ့ ဘူး။ ကျွန်တော်ညံ့တာလည်း ဖြစ်ချင်ဖြစ် လိမ့်မယ်။ ဒါပေမယ့် လူ့အခွင့်အရေးကို
အမြဲကြိုးပမ်းနေတဲ့သူ့ကို ဂုဏ်ပြုချင်ခဲ့ ပါတယ်"လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆုနဲ့ မင်းကိုနိုင်ဆုလို့ အမည်ပေးထားတဲ့ ဆုတွေကို ပြိုင်ပွဲရဲ့ကဏ္ဍ
သုံးမျိုးစလုံးအတွက် ချီးမြှင့်သွားမယ်လို့လည်းသူကပြောပြပါတယ်။

"ဒိုင်တွေကတော့ အခုလောလောဆယ် ကျွန်တော်နဲ့ ကိုမင်းကိုနိုင်ပေါ့။ သူ က အနုပညာကို
သိတော့ ဒိုင်အဖြစ်ကမ်း လှမ်းဖြစ်ခဲ့တယ်။ နောက် နိုင်ငံတကာက ဒိုင်သုံးယောက်လောက်
ပါဝင်မယ်။ ပြိုင်ပွဲကို ပြည်တွင်းနဲ့ နိုင်ငံတကာဆိုပြီး ခွဲထား ပေမယ့် ဘယ်နိုင်ငံတွေက ပါဝင်
မလဲဆို တာတော့ မသိသေးဘူး။ One World ရုပ်ရှင်ပွဲတော်နဲ့ အဆက်အသွယ်ရတော့
အဲဒီကတစ်ဆင့် လက်လှမ်းမီတဲ့နိုင်ငံ တွေ ပါဝင်လာမယ်လို့ ထင်တယ်" လို့ မင်းထင်ကိုကိုကြီး
က ပြောပါတယ်။

ပြိုင်ပွဲဝင်ဇာတ်ကားများ နောက်ဆုံး ပေးပို့ရမယ့်ရက်က မေလ ၁၀ ရက်နေ့ ဖြစ်တယ်လို့
ဆိုပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ပုံစံဖြစ်အောင် ပြိုင်ပွဲဝင် လျှောက်လွှာကအစ ဖွင့်လှစ်
ထားတဲ့ www.hrhdiff.org မှာ ၀င်ရောက်လေ့ လာလျှောက်ထားနိုင်ပြီး ထူးခြားချက် အနေနဲ့
ရုပ်ရှင်ပွဲတော်ကို ဦးစီးစီစဉ်သူ တွေအားလုံးဟာ မြန်မာနိုင်ငံသားတွေ ပဲ ဖြစ်ကြတယ်လို့လည်း
ဆိုပါတယ်။

"ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော် လာအိုနိုင်ငံက ကျင်းပတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခု
ကို သွားတက်ဖြစ်ခဲ့ တယ်။ လာအိုလိုနိုင်ငံက နိုင်ငံတကာပွဲ စီစဉ်နိုင်တဲ့အတွက်လည်း အံ့ဩ
မိခဲ့ တယ်။ ဒါပေမယ့် တကယ်တမ်းတော့ အဲဒီပွဲစီစဉ်သူအားလုံးလိုလိုက နိုင်ငံခြား သားတွေ
ဖြစ်နေတယ်။ အဲဒီလိုမဖြစ်ချင် လို့ ကျွန်တော် အမေစု၊ ကိုသူရတို့နဲ့ တိုင် ပင်ပြီး 'လွတ်လပ်ခြင်း
အနုပညာပွဲတော်' ကို မြန်မာတွေ ဦးစီးကျင်းပနိုင်ခဲ့တယ်။ အခုလည်း ဒီလူ့အခွင့်အရေး ရုပ်ရှင်
ပွဲတော်မှာ မြန်မာလူမျိုးတွေပဲ ဦးစီးဖြစ် မယ်"လို့ သူ့ရည်ရွယ်ချက်ကို မင်းထင် ကိုကိုကြီးက
ပြောပြပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်