Wednesday, 01 October 2014

အကယ်ဒမီ မော့စ် မသေပါ ဇာတ်ကားတွေ ထပ်ရိုက်ဦးမယ်ဟုဆို

၂၀၁၂ ခု၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညက စင်ပေါ်မှာ အကယ်ဒမီဆု လက်ခံယူအပြီး ကျေးဇူးတင်စကား ပြောနေတဲ့ မော့စ်။ ဘူးသီး/ မြန်မာတိုင်း(မ်)၂၀၁၂ ခု၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညက စင်ပေါ်မှာ အကယ်ဒမီဆု လက်ခံယူအပြီး ကျေးဇူးတင်စကား ပြောနေတဲ့ မော့စ်။ ဘူးသီး/ မြန်မာတိုင်း(မ်)

အကယ်ဒမီပေးပွဲအပြီး ထွက်လာတဲ့ သတင်းပေါင်းများစွာထဲမှာ ပူပူနွေးနွေး ဆုရထားတဲ့ မော့စ်
တစ်ယောက် ဆုံးပြီ ဆိုတဲ့သတင်းဟာ လူတွေတော်တော် များများကြားမှာ ဂယက်ထခဲ့
ပါတယ်။

အသည်းရောဂါဝေဒနာကို ခံစားနေရ တာလည်း ကြာပြီဖြစ်တာကြောင့် ဒီ သတင်းအမှန်ပဲ
လားဆိုပြီး သူ့ပရိသတ် တွေမှာ ထိတ်လန့်စိုးရိမ်ပိုကြရပါတယ်။

"ဇန်န၀ါရီလ ၅ ရက်နေ့လောက်ထိ ဖုန်းတွေဆက်ပြီး မေးလာတဲ့အတွက် ကြောင့် ပြန်လည်
ဖြေကြားပေးနေရပါ တယ်"လို့ ပူပူနွေးနွေးအကယ်ဒမီဆုရှင် မော့စ်က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆေးထိုးခံ ရဖို့အတွက် ဆေးခန်းသွားနေရတဲ့ ၀ါရင့် သရုပ်ဆောင်
ကြီးဟာ အသက် ၅၉ နှစ် ရှိပြီဖြစ်ပြီး အနုပညာသက်တမ်း နှစ် ၃၀ ကျော်အတွင်းမှာ
ပထမဆုံးရုပ်ရှင်ထူး ချွန်ဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို ခေတ္တနားထား ပေမယ့်
လာမယ့်ဖေဖော်ဝါရီလထဲမှာ အနုပညာမှတ်တိုင်တစ်ခု ကျန်ရစ်မယ့် ဇာတ်လမ်းဇာတ်ကွက်
ကောင်းကောင်း နဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကြီးတစ် ကားမှာ ပါဝင်သရုပ်ဆောင်ဖို့
ကမ်းလှမ်းခံထားရတယ်လို့ မော့စ်က ပြောပါတယ်။

"ကျန်းမာရေးအခြေအနေကြောင့် ဗီဒီယိုကားတွေတော့ မရိုက်တော့ပါဘူး။ ရုပ်ရှင်ကားကြီး
တွေကိုပဲ ကျန်းမာရေးကို ဂရုစိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းရိုက်ကူး သွားပါမယ်"လို့ ရှေ့ဆက်
လုပ်သွားမယ့် အနုပညာအစီအစဉ်တွေကို ပြောပြပါ တယ်။

ထူးချွန်ဆုကို ပိုင်ဆိုင်ခွင့်ရပြီမို့ အရမ်း စိတ်လှုပ်ရှားပြီး ပျော်လို့မဆုံးနိုင်ဘူးလို့လည်း ဆို
ပါတယ်။ "အကယ်ဒမီရတော့ ရင်တွေခုန် စိတ် လှုပ်ရှားပြီး ဘာပြောရမှန်းမသိ ဖြစ်သွား
တယ်။ အကယ်ဒမီညကနေ နောက်နှစ် ရက်လောက်ထိက ပရိသတ်တွေဆီက ၀မ်းသာ
ကြောင်း ဖုန်းတွေ အဆက်မပြတ် လာနေခဲ့ပါတယ်။ မန္တလေးက ပရိသတ် တစ်ယောက်
ဆို အကယ်ဒမီကြည့်နေ ရင်း မော့စ်နာမည်ကြေညာလိုက်တော့ ၀မ်းသာလွန်းလို့
လက်ဖက်ရည်ခွက် တောင် ပြုတ်ကျသွားတယ်လို့ ဖုန်းဆက် လာတော့ ဦးမော့စ်လည်း
တော်တော် ပီတိဖြစ်ရပါတယ်"လို့ သရုပ်ဆောင် မော့စ်က ပြောပါတယ်။

မြန်မာ့ဓလေ့နောက်ခံနဲ့ ရိုက်ကူးတင် ဆက်ထားတဲ့ 'ထာဝရအလင်းတန်းများ' ရုပ်ရှင်
ဇာတ်ကားမှာ စာတတ်ချင်ယောင် ဆောင်တဲ့ တောသူဌေးသားတစ်ဦး အဖြစ် သဏ္ဌာန်လုပ်
သရုပ်တူအောင် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု
ကို ရရှိခဲ့တာဖြစ်ပြီး မကြာခင်ရုံတင်မယ့် 'လော်မင်္ဂလာ'နဲ့ 'သူရာဘီလူး'အမည်ရ ရုပ်ရှင်ကား
တွေမှာလည်း ထူးခြားတဲ့ ဇာတ်ရုပ်တွေနဲ့ ပါဝင်သရုပ်ဆောင် ထားတာကို ပရိသတ်က
ကြည့်ရှုကြရ မှာ ဖြစ်ပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်