Friday, 28 November 2014

အွန်လိုင်းမဂ္ဂဇင်းအဖြစ် ပြောင်းလဲလိုက်မှုကြောင့်၊ပြည်တွင်းက နယူးစ်ဝိခ်စာဖတ်ပရိသတ်တွေ အဆင်မပြေဖြစ်ကြရ

ပန်းဆိုးတန်းလမ်းက အင်းဝစာအုပ်ဆိုင်တွင် ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ရတဲ့ နယူးစ်ဝိခ်နဲ့ တခြားမဂ္ဂဇင်းများ။ ကိုတိတ်/ မြန်မာတိုင်း(မ်)ပန်းဆိုးတန်းလမ်းက အင်းဝစာအုပ်ဆိုင်တွင် ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ရတဲ့ နယူးစ်ဝိခ်နဲ့ တခြားမဂ္ဂဇင်းများ။ ကိုတိတ်/ မြန်မာတိုင်း(မ်)

နှစ်ပေါင်း ၈၀ နီးပါး ပုံနှိပ်မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့တဲ့ အမေရိကန်အခြေစိုက် နယူးစ်ဝိခ်မဂ္ဂဇင်း
(Newsweek) ကို အွန်လိုင်းမဂ္ဂဇင်းအဖြစ် ပြောင်းလဲမယ် လို့ တရားဝင်ကြေညာချက်
ထွက်လာအပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နေ့မှာ သူ့ရဲ့နောက်ဆုံး ပုံနှိပ်မဂ္ဂဇင်းကို ထုတ်ဝေ
ခဲ့ပါတယ်။

နယူးစ်ဝိခ်မဂ္ဂဇင်းကို ၁၉၃၃ ခုနှစ်မှာ စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး နိုင်ငံရေးဝေဖန် သုံးသပ်တဲ့
ဆောင်းပါးတွေကြောင့် ပြည်တွင်းမှာ ဟိုးအရင်ကတည်းက ပုံမှန် စာဖတ်ပရိသတ်ကို
ဆယ်စုနှစ်များစွာ အခိုင်အမာ ဆွဲဆောင်ထားနိုင်တဲ့ မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါတယ်။
ပြည်တွင်းကို ၁၉၅၀ ပြည့်နှစ်နောက် ပိုင်းမှာ စတင်တင်သွင်းခဲ့ပြီး အစိုးရမှ တာဝန်ယူပြီး
လပေးရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ အင်းဝစာအုပ်တိုက် ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖွင့်လှစ် ပြီးကတည်းက
မဂ္ဂဇင်းတင်သွင်းရောင်း ချပေးခဲ့တဲ့ စာအုပ်တိုက်အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်က
နယူးစ် ၀ိခ်မဂ္ဂဇင်းကို အစဉ်တစိုက် လပေးမှာယူ ဖတ်ရှုခဲ့တဲ့ စာဖတ်သူအများစုဟာ
အငြိမ်းစားအစိုးရ၀န်ထမ်းတွေနဲ့ အငြိမ်း စားကုမ္ပဏီဝန်ထမ်းတွေ ဖြစ်တယ်လို့ မြန်မာတိုင်း(မ်)
ကို ပြောပြပါတယ်။

 "အဲဒီအုပ်စုက နယူးစ်ဝိခ်ကို စွဲစွဲမြဲမြဲ ဖတ်တဲ့ အုပ်စုလို့ ပြောလို့ရပါတယ်"လို့ လည်း သူက
ပြောပါတယ်။ ဒါကြောင့် မဂ္ဂဇင်းကို အစဉ်တစိုက် အားပေးဖတ်ရှုလာကြတဲ့ အငြိမ်းစား
သက်ကြီးပိုင်းတွေအတွက် အွန်လိုင်း ပေါ်မှာ ဖတ်ရှုဖို့အတွက် အဆင်မပြေဘူး လို့ဆိုပါတယ်။

"သူတို့အတွက်ကတော့၊စိတ်မကောင်း စရာဖြစ်ပါတယ်။ တချို့ကို ကျွန်တော်က အွန်လိုင်းပေါ်
မှာဖတ်ဖို့ အကြံပေးပေမယ့် သူတို့က လက်မခံချင်ကြပါဘူး။သူတို့ဘာသာ ကြိုက်တဲ့အချိန်
စာအုပ်ကို ကောက်ဖတ်ပြီး မှတ်ချင်တာလေးတွေ မှတ်သားထားတာမျိုးကို လုပ်ချင်တယ် လို့
ပြောကြတယ်"လို့ ဦးမောင်မောင်လွင် က ပြောပါတယ်။

မဂ္ဂဇင်းကို အွန်လိုင်းပြောင်းလဲလိုက် ခြင်းဟာ နည်းပညာတိုးတက်လာတာ ကြောင့် အားလုံးက
စာအုပ်နဲ့ မဖတ်ကြ တော့ဘူးဆိုတဲ့ အကြောင်းပြချက်ကို တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့
လည်း ထပ်ပြောပါတယ်။

အပတ်စဉ် နယူးစ်ဝိခ်လပေးမှာယူသူ စာဖတ်သေူပါင်း ၇၀၀ ကျော်ရှိတဲ့ အတွက် အိမ်တိုင်ရာ
ရောက်ဖြန့်ချိပေးတဲ့ အင်းဝစာအုပ်တိုက်မှ ၀န်ထမ်းတွေ အတွက်လည်း အနည်းငယ်ဆုံးရှုံးမှု
ရှိတယ်လို့လည်း ဆိုပါသေးတယ်။

"ရှေ့မှာ ဒီလိုပုံနှိပ်မဂ္ဂဇင်း ရပ်လိုက်တဲ့ အတွေ့အကြုံမျိုးတွေ ရှိပါတယ်။ ဥပမာ- ကျွန်တော်တို့
ယခင်ကသွင်းခဲ့တဲ့ Businessweek ဆိုလည်း ရပ်သွားဖူး တယ်။ ဒါပေမယ့် ကာလတစ်ခု
အကြာ မှာBusinessweek ပုံနှိပ်မဂ္ဂဇင်းအဖြစ် ပြန်ပေါ်လာတယ်။ Discovery Channel
ဆိုလည်း ပုံနှိပ်ရပ်သွားပြီး ပြန်လည်ထုတ်ဝေတယ်။ ဒါကြောင့် နယူးစ်ဝိခ်မဂ္ဂဇင်းဟာ နောင်
တစ်ချိန်မှာ ပိုင်ရှင်ပြောင်းသွားလို့ပဲဖြစ်ဖြစ် ပုံနှိပ် အဖြစ် ပြန်လည်ထွက်ပေါ်လာလိမ့်မယ် လို့
ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ သူက ပြောပါတယ်။

နယူးစ်ဝိခ်နဲ့အပြိုင် တိုင်းမ်(TIMES) မဂ္ဂဇင်းလည်း တင်သွင်းပေမယ့် နယူးစ်ဝိခ်ကို လပေး
မှာယူဖတ်ရှုတဲ့ စာဖတ်သူ အရေအတွက်ပိုများတယ်လို့ဆိုပါတယ်။"နယူးစ်ဝိခ်မဂ္ဂဇင်းက
ကျွန်တော်တို့ မြန်မာနိုင်ငံက စာဖတ်ပရိသတ်တွေကို တော်တော် ထောက်ထားတယ်လို့ ပြော
လို့ရပါတယ်။ တော်တော်လေးကို သက်သာတဲ့ နှုန်းထားနဲ့ ပေးပါတယ်။ လပေး မှာယူတဲ့သူ
တွေကို တစ်စောင် ကျပ် ၁,၂၀၀ နဲ့ပေးပါတယ်။ ပြည်တွင်းထုတ် မဂ္ဂဇင်းတွေနဲ့ ယှဉ်လိုက်ရင်
တော်တော် သက်သာတဲ့ နှုန်းဖြစ်ပါတယ်"လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။

အရင်စာပေစိစစ်ရေးရှိစဉ်က စိစစ် ရေးမူဝါဒနဲ့ အံမ၀င်တဲ့ သတင်းတွေ မဂ္ဂဇင်းထဲမှာ ဖော်ပြပါရှိ
တဲ့အခါ စာမျက်နှာတွေ ဖြုတ်ပေးရလေ့ရှိသလို တစ်ခါတလေ အခန့်မသင့်လို့ မျက်နှာဖုံး
ဆောင်းပါးစိစစ်ရေးမူဝါဒနဲ့ မကိုက်ညီတဲ့အခါ တစ်အုပ်လုံးပိတ်ခံရတာမျိုးလည်း ကြုံရဖူးတယ်
လို့ ဆိုပါတယ်။

ဒါပေမယ့် မဂ္ဂဇင်းတစ်အုပ်လုံး ဖြန့်ချိ ခွင့်မရတဲ့အဖြစ်မျိုးကတော့ ရှားပါတယ် လို့လည်း ထပ်ေ
ပြောပါတယ်။ "နယူးစ်ဝိခ်မဂ္ဂဇင်းက တခြားနိုင်ငံ တကာမဂ္ဂဇင်းတွေနဲ့ယှဉ်ရင် ဒါမျိုး ဖြစ်စဉ်မျိုး
နည်းပါးတဲ့ မဂ္ဂဇင်းပါ"လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။

အင်းဝစာအုပ်တိုက်က လစဉ်ထုတ် Readers Digest နဲ့ National Geographic၊ အပတ်စဉ်
ထုတ်မဂ္ဂဇင်း တွေဖြစ်တဲ့ Discovery Channel၊ Times၊ Fortune၊ The Economists ၊
နှင့် M Zine+ တွေကို ရောင်းချပေးနေ ပါတယ်။ နယူးစ်ဝိခ်မဂ္ဂဇင်းကို ၁၉၅၅ ခုနှစ်က တည်းက
လပေးမှာယူဖတ်ရှုတဲ့ ဦးဇော်ဝင်းက အဲဒီအချိန်တုန်းက တစ်နှစ်တာ လပေးမှာယူနှုန်း ကိုးကျပ်
ပဲ ရှိတယ်လို့ ပြောပြပါတယ်။

"တိုင်းမ်မဂ္ဂဇင်းထက် နယူးစ်ဝိခ် မဂ္ဂဇင်းကို ပိုကြိုက်တယ်။ တိုင်းမ်က နိုင်ငံရေးသုံးသပ်ချက်
ဆောင်းပါးတွေ အရမ်းကောင်းပေမယ့် နယူးစ်ဝိခ်မဂ္ဂဇင်း က အရေးအသားတွေ သွက်တယ်။
သတင်းတွေက ကစ-အသ-ိအေန ဖြစ်တယ်"လို့ ပြောပါတယ်။

နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အနှစ်သာရရှိတဲ့ အရေးကြီးဆောင်း ပါးတွေကို ဆုတ်ဖြဲ
ထားတာကြောင့် ၁၉၉၀ ပြည့်နှစ်လောက်မှာ လပေးမှာ ယူတာကိုရပ်လိုက်တယ်လို့
ဆိုပါတယ်။ "ဖတ်ရတဲ့သူတွေအတွက် ဘာမှမထူး ဘူးလေ"လို့ သူကပြောပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်