Wednesday, 27 August 2014

အနုပညာစိတ်ကူးကို လွတ်လပ်စွာကွန့်မြူးချင်တဲ့၊ မန္တလေးသား

ပန်းချီစူးမြင့်သိန်းကို မန္တလေးခေတ်ပြိုင်အနုပညာစင်တာရှေ့တွင် တွေ့ရစဉ်။ သောမတ်စ်ကင်းန်/ မြန်မာတိုင်း(မ်)ပန်းချီစူးမြင့်သိန်းကို မန္တလေးခေတ်ပြိုင်အနုပညာစင်တာရှေ့တွင် တွေ့ရစဉ်။ သောမတ်စ်ကင်းန်/ မြန်မာတိုင်း(မ်)

ခေတ်ပြိုင် အနုပညာကို မြန်မာနိုင်ငံမှာ သိပ်ပြီးအားပေးအားမြှောက်မရှိသလို သိပ်ပြီးလည်း
မခံစားတတ်ကြပါဘူး။ အထူးသဖြင့် အာဏာပိုင်တွေပဲ ဖြစ်ပါ တယ်။

ပန်းချီဆရာတစ်ဦးဖြစ်တဲ့ စူးမြင့်သိန်းက ဒီအချက်ကို ကောင်းကောင်းကြီး သိပါတယ်။ မန္တလေး
ပန်းချီ၊ ပန်းပု ကျောင်းမှာ ဆရာအဖြစ် သင်ကြားပေး နေစဉ်မှာ သူဟာ ၂၁ ပေမြင့်တဲ့ အမျိုးသမီး
ရုပ်တုတစ်ခုကို ထုလုပ်ခဲ့ပါတယ်။ ရုပ်တုရဲ့ပုံစံကတော့ လက်နှစ်ဖက်ကို ဗိုက်ရှေ့မှာချထားပြီး အဲဒီ
လက်နှစ်ဖက် ထဲမှာတော့ မျက်နှာမှာမပါတဲ့ သူ့ပါးစပ် ကို ကိုင်ထားပါတယ်။ သူက အဲဒီရုပ်တု
ကို ကျောင်းမှာ ပြသထားပါတယ်။ ဒါပေမယ့် အထက်လူကြီးတွေ ပြခန်းကို လာကြည့်တဲ့အခါ
တိုင်း ဒီရုပ်တုကို ဖုံးအုပ်ထားသင့်တယ်ဆိုတာကို မကြာ ခင်မှာ သူသိသွားပါတယ်။

"ဒီရုပ်တုကို ကြည့်ပြီး လူကြီးတိုင်း မေးတဲ့ မေးခွန်းသုံးခု ရှိပါတယ်။ အမျိုးသမီးက ဘာလို့
အရပ်အရှည်ကြီး ဖြစ်ရ တာလဲ။ သူ့မှာ ဘာလို့ပါးစပ်မပါရတာ လဲ။ သူ့ပါးစပ်ကို ဘာလို့ လက်ထဲ
မှာ ကိုင်ထားရတာလဲတဲ့။ နောက်ဆုံးတော့ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ကျောင်းကို လာစစ်ဆေး
ကြတဲ့အခါတိုင်း ဒီရုပ်တုကို အ၀တ်နဲ့ အုပ်ထားလိုက်တယ်" လို့ မြန်မာတိုင်း(မ်)နဲ့ မကြာ
သေးခင်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စူးမြင့်သိန်းက ပြောပြပါတယ်။

အခုတော့ ဒီရုပ်တုကို သိပ်မကြာခင် ကမှ ဖွင့်လှစ်လိုက်တဲ့ မန္တလေးခေတ်ပြိုင် အနုပညာစင်တာ
အဆောက်အအုံရဲ့ မျက်နှာစာမှာ တင်ထားပါတယ်။ အဆောက်အအုံထဲမှာ Dreamland Art
စတူဒီယို၊ အလင်းတံခါးအနုပညာ ကျောင်း၊ ဂီတသင်တန်းခန်းနဲ့ အနုပညာ ပစ္စည်းအရောင်း
ဆိုင်တွေကို ဖွင့်လှစ် ထားပါတယ်။

"ဒီရုပ်တုကြီးကို အဆောက်အအုံပေါ် မှာ ကျွန်တော် တင်ထားချင်နေတာကြာ ပြီ။ ဥရောပမှာ
အဲဒီလိုတင်ထားတတ်ကြတာ ကျွန်တော်တွေ့ဖူးတယ်။ မြန်မာနိုင်ငံ မှာတော့ မတွေ့ဖူးသေး
ပါဘူး" လို့ စူးမြင့်သိန်းက ပြောပြပါတယ်။

"ကျွန်တော်က ကျွန်တော့ရဲ့လက်ရာကို ရိုးရိုးကြီး မလုပ်ချင်ပါဘူး။ ကြည့် လိုက်တာနဲ့ ဒါဘာလဲ
လို့ နားလည်လွယ် တာမျိုးလည်း မလုပ်ချင်ဘူးဗျ။ ဒါကြောင့် ကျွန်တော့လက်ရာကို ထူးခြား
အောင် ကျွန်တော် အမြဲကြိုးစားပြီးလုပ်ပါတယ်" လို့လည်း၊သူကဆက်ပြီးပြောပြပါတယ်။

သူ့ရဲ့ အဲဒီလို 'အဆန်းထွင်ချင်တဲ့' စိတ်ကြောင့်ပဲ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ
က တာဝန်ရှိသူ တွေနဲ့ အချေအတင်ဖြစ်ခဲ့ရပါတယ်။ အဆောက်အအုံနဲ့ ရုပ်တုတွေက မြူနီ
စပယ်ပိုင်လမ်းမပေါ် ရောက်နေတဲ့ အတွက် မြူနီစီပယ်ဥပဒေကို လိုက်နာပါ့ မယ်ဆိုတဲ့ ခံဝန်
ကတိထိုးဖို့ အကြိမ်ပေါင်း များစွာ ဖိအားပေးခံခဲ့ရပါတယ်လို့ သူက ပြောပြပါတယ်။

စူးမြင့်သိန်းဟာ သူ့တစ်ကိုယ်လုံး တိပ်အပြာရောင်နဲ့ပတ်၊ စပါးနှံခက်တွေ ထည့်ထားတဲ့အိတ်ကို
လက်တစ်ဖက်က ကိုင်ကာ သူလမ်းလျှောက်သွားနေတဲ့ လမ်းမတစ်လျှောက်မှာတွေ့တဲ့ သူ
တွေရဲ့ လက်ဖ၀ါးတွေမှာ အင်္ဂလိပ်အက္ခရာ"P"ဆိုတဲ့ စကားလုံးကို ရေးသားပေးပြီး လမ်းမ
ပေါ်မှာ ပါဖောမန့်ပြခဲ့တဲ့အတွက် လည်း မကြာသေးခင်က ခဏတာ ထိန်းသိမ်းခံခဲ့ရ
ပါသေးတယ်။

"တိပ်တွေနဲ့ တစ်ကိုယ်လုံးပတ်ပြီး လမ်းလျှောက်တာ ကြည့်ရင်တော့ လွယ် တယ်လို့ ထင်ရ
ပါတယ်။ ဒါပေမယ့် တကယ့်ကို ခက်ပါတယ်။ ပြီးတော့ အရမ်းအိုက်ပါတယ်။ ဒါပေမယ့်
ကျွန်တော် အအိုက်သက်သာအောင် လူတွေက ရေနဲ့လောင်းပေးကြပါတယ်။ ကျုံးနား
ရောက်တော့ ကျွန်တော် လမ်းမလျှောက်နိုင်တော့လို့ လဲကျမလိုတောင် ဖြစ်သွား ပါတယ်။
ဒါပေမယ့် ကျွန်တော် အားမလျှော့ဘဲ ဆက်သွားနိုင်ခဲ့ပါတယ်" လို့ သူက ပြောပြပါတယ်။

ဒီသရုပ်ပြမှုဟာ အနုပညာဖန်တီးမှု ကို ကန့်သတ်ထားတဲ့ဥပဒေကို မီးမောင်း ထိုးဖော်ပြတာ
လို့လည်း သူက ပြောပါ တယ်။ အနုပညာဖန်တီးမှုကို ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့်
ပြပွဲများ ကြီးကြပ်ကွပ်ကဲရေး အက်ဥပဒေအရ ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် ပါဖောမန့်စ်
ကိုတော့ ထိန်းချုပ်ထားတာ မရှိပါဘူး။

"ပါဖောမန့်စ်ပြခွင့်ရဖို့ ခွင့်ပြုချက် ဘယ်လိုတောင်းခံရမလဲလို့ ရဲတွေကို မေးတော့ သူတို့က
မသိဘူးလို့ ပြောကြပါ တယ်"လို့လည်း သူက ပြောပြပါတယ်။

၆၉ လမ်းနဲ့ ၃၇လမ်းထောင့်မှာ ရှိတဲ့ မန္တလေးခေတ်ပြိုင်အနုပညာစင်တာက တော့ စူးမြင့်သိန်းရဲ့ ဖန်တီးမှုလက်ရာ တွေကို ပြသနိုင်တဲ့ နေရာတစ်ခုဆိုတာ ထက် ပိုပါတယ်။ ဒီစင်တာဟာ ပန်းချီ၊
ပန်းပုနဲ့ဂီတပိုင်းကလူငယ် အနုပညာရှင် တွေအတွက် သင်တန်းကျောင်းတစ်ခု ဖြစ်သလို ပြပွဲ
တွေနဲ့ ပါဖောမန့်စ်တွေကို လစဉ်လတိုင်း ပြသပေးပါတယ်။

"မန္တလေးမှာ အနုပညာပြခန်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီမှာ လို သင်ပေးတာမျိုး
မရှိပါဘူး"လို့ သူက ပြောပြပါတယ်။

ကီးဘုတ်တွေ တန်းစီထားပြီး ဂစ်တာတွေ နံရံမှာ ချိတ်ထားတဲ့ အခန်းတစ်ခန်းထဲမှာတော့
ကျောင်းသားတစ်ယောက် တယောထိုးလေ့ကျင့်နေပြီးသူ့ရဲ့ တယောသံက နှစ်ထပ်အဆောက်
အအုံ ဖြစ်တဲ့ ဒီစင်တာထဲမှာ ငြိမ့်ညောင်း သာယာစွာပျံ့လွင့်နေပါတယ်။

မြေညီထပ်ရဲ့ နောက်ဘက်ပိုင်းက အခန်း တစ်ခန်းမှာတော့ ဘုန်းကြီးတစ်ပါးက ပန်းပုရုပ်တစ်ရုပ်
ကို ထုလုပ်နေပြီး ကွန်ပျူတာတွေရှိတဲ့ နောက်တစ်ခန်းမှာတော့ကျောင်းသားတစ်ယောက်
အင် တာနက် သုံးနေတာ တွေ့ရပါတယ်။

ဒီစင်တာကို ပုံမှန်လာနေကျ ကျောင်းသား ၃၀ လောက်ရှိပြီး ကျောင်းသား တွေရဲ့ အသက်အရွယ်
တွေကလည်း ငါးနှစ်အရွယ်ကလေးကနေ တက္ကသိုလ် ကျောင်းသားအရွယ်အထိ ရှိပါတယ်။
နွေရာသီဆိုရင်တော့ ကျောင်းသား၂၀၀ လောက် အထိရှိတယ်လို့ ဆိုပါတယ်။ သင်တန်းကြေး
က တစ်လ ကျပ် ၂၀၀၀၀ သတ်မှတ်ထားပေမယ့် ငွေကြေးမတတ် နိုင်တဲ့ ကလေးတွေကိုတော့
လျှော့ယူ သလို တချို့သင်တန်းတွေဆိုအခမဲ့သင် ပေးတယ်လို့ သိရပါတယ်။

စူးမြင့်သိန်းကို အထင်ကြီးလေးစား တဲ့အတွက် ဒီစင်တာမှာ လာတက်ဖြစ် တာပါလို့ အသက်
၁၈ နှစ်အရွယ် ပန်းချီ ကျောင်းသူတစ်ဦးဖြစ်တဲ့ မစိုးစိုးလင်းက ပြောပါတယ်။ သင်တန်းကြေးက
အသင့် အတင့်ဖြစ်ပြီး သင်တန်းချိန်ညှိနှိုင်းလို့ ရတာကို ကြိုက်တယ်လို့ သူကပြောပါ တယ်။

"သမီးက ပန်းချီဆွဲဝါသနာပါတော့ ဆယ်တန်းအောင်တာနဲ့ ပန်းချီဆွဲနည်း သင်တန်းတက်
လိုက်ပါတယ်။ ပုံကြမ်း ဆွဲနည်းကို အခြေခံခြောက်လတက်ပြီး သွားပါပြီ။ ပန်းချီဆွဲနည်းအားလုံး
ကို သင်ယူဖို့ သမီး ရည်ရွယ်ထားပါတယ်။ပြီးတော့ ခေတ်ပြိုင်ပန်းချီလို မော်ဒန် ပန်းချီကိုလည်း
ဆက်ပြီး လေ့လာသွား မှာပါ" လို့ သူက ပြောပြပါတယ်။

ကျောင်းသားတွေ ဖန်တီးထားတဲ့ လက်ရာတွေကို နိုင်ငံတကာပြိုင်ပွဲတွေ မှာလည်း ၀င်ပြိုင်
ဖြစ်ကြတယ်လို့ ဆိုပါ တယ်။ ဒါက သူတို့အတွက် အစပဲ ရှိပါ သေးတယ်။ ဒါပေမယ့် စူးမြင့်သိန်း
ဟာ တခြားနိုင်ငံက ကလေးတွေဆွဲထားတဲ့ လက်ရာတွေကို မြန်မာကလေးတွေကို ပြသဖို့
ယူလာလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ အနုပညာနဲ့ပတ်သက်ပြီး ပညာ ပေးပြသမှုအများစုကို ရန်ကုန်နဲ့ မန္တလေး မှာပဲ
လုပ်လေ့ရှိတဲ့အတွက် ဂျပန်ကလေး တွေရဲ့လက်ရာတွေကို လှည့်လည်ပြသ ပေးဖို့ စီစဉ်နေပြီး
ရှမ်းပြည်နယ်က လားရှိုး၊ ကျောက်မဲနဲ့ သီပေါမြို့တွေမှာ လည်း သွားရောက်ပြသပေးမယ်လို့
သိရ ပါတယ်။

ဒီစင်တာက လုပ်ပေးတဲ့ နောက်ထပ် အစီအစဉ်တစ်ခုကတော့ ပန်းချီပြပွဲတွေ လတိုင်းပြသ
ပေးတာပဲ ဖြစ်ပါတယ်။ဩဂုတ်လမှာ ဒီစင်တာရဲ့ ပထမဦးဆုံး ပန်းချီပြပွဲကို ပြသခဲ့ပါတယ်။
ပန်းချီကား တွေကတော့ ပန်းချီဆရာထိန်လင်းရဲ့ လက်ရာတွေပါ။ ပိုလန်အင်န်ဂျီအိုအဖွဲ့ တစ်ဖွဲ့
ကလည်း ဒီစင်တာရဲ့ အပေါ်ထပ် မှာ မီဒီယာသင်တန်း ငါးရက်သင်တန်း တစ်ခုကို မကြာ
သေးခင်က ပေးခဲ့ပါသေး တယ်။

"ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အနုပညာတို့ ဆက်စပ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အထူး
အာရုံစိုက်လေ့လာ နေပါတယ်"လို့လည်း သူက ပြောပြပါတယ်။

ပုံနှိပ်မီဒီယာဆင်ဆာဖြတ်တာနဲ့ ပတ် သက်ပြီး မကြာသေးခင်က အပြောင်း အလဲတွေဖြစ်ခဲ့
ပေမယ့် အနုပညာဖန်တီး မှုကိုတော့ ၁၉၆၄ ခုနှစ်က ဥပဒေအရ ကန့်သတ်ထားသေးတယ်လို့၊
စူးမြင့်သိန်း က ပြောပါတယ်။ ဒီဥပဒေအရ ပြပွဲ တင်မယ့်ပုံတွေ၊ ရုပ်တုတွေကို ကြီးကြပ် ကွပ်ကဲ
ရေးအဖွဲ့ကို တင်ပြရပါတယ်။

အနုပညာရှင်အများစုက ၁၉၆၄ ခုနှစ် ဥပဒေအပေါ် ဘယ်လိုမှ သဘောမထား ကြတာနဲ့
ပတ်သက်ပြီးတော့လည်း သူက ခုလို ပြောပြပါတယ်။

"ပန်းချီပန်းပု အနုပညာပြပွဲတွေနဲ့ ပတ်သက်ပြီး စိစစ်မှုတွေ ရှိနေသေးတာ ဟာ ပန်းချီပန်းပု
ဆရာအများစုက ဒီ ကန့်သတ်ချက်ကို မတွန်းလှန်ကြလို့ပါ။အများစုက အသစ်အသစ်တွေ
ဖန်တီး ဖို့ပဲ စိတ်ဝင်စားကြပါတယ်။ ပိုပြီးလွတ် လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရဖို့အတွက်
စိတ်မ၀င်စားကြပါဘူး"လို့ သူက ပြော ပါတယ်။

ဒီမိုကရေစီနိုင်ငံမှာမှ မဟုတ်ပါဘူး၊ ဘယ်လိုနေရာမျိုးမှာမှ အနုပညာကို စိစစ်တာမျိုး မရှိသင့်
ဘူးလို့ သူက ပြော ပါတယ်။ အနုပညာရှင်တစ်ဦးရဲ့ ဖန်တီး မှုလက်ရာကို စိစစ်တည်းဖြတ်တာ
မျိုးဟာ ခေတ်ပြိုင်ပန်းချီဆရာတွေအတွက် ပိုလို့တောင် စိတ်ကသိကအောက် ဖြစ်ရတယ်
လို့လည်း သူက ပြောပြပါတယ်။

"ပန်းချီကားတွေကို စစ်ဆေးတည်း ဖြတ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ အနု ပညာနဲ့ပတ်သက်ပြီး
ဘာမှနားမလည် ကြပါဘူး။ သရုပ်မှန်ပန်းချီကားတွေဆို ရင်တော့ ဒီပန်းချီကားက ဘာကိုဆိုလို
လဲ သူတို့ချက်ချင်းသဘောပေါက်ကြပါ တယ်။ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ခေတ် ပြိုင်ပန်းချီကား
တွေဆိုရင် ဆင်ဆာအဖွဲ့ က လူကြီးတွေနဲ့ အဆင်မပြေဖြစ်ရပြီ" လို့ သူက ပြောသွားပါတယ်။
သီရိမင်းထွန်း ဘာသာပြန်သည်။   

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်