Wednesday, 30 July 2014

စစ်မှုထမ်းနေဆဲ အဆိုတော် ရိန်း အချစ်ဇောဟုန်ကြောင့် အမှုပွေရရှာ

စစ်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အဆိုတော်၊ သရုပ်ဆောင်ရိန်းရဲ့ ဒီဓာတ်ပုံကို ၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။စစ်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အဆိုတော်၊ သရုပ်ဆောင်ရိန်းရဲ့ ဒီဓာတ်ပုံကို ၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား ပေါ့ပ်စတား ရိန်းဟာ စစ်မှုထမ်းနေစဉ်အတွင်းမှာ နာမည်ကြီး မင်းသမီးတစ်ဦး
နဲ့ ချိန်းတွေ့ခဲ့တာကြောင့် စစ်စည်းကမ်းကို မထီမဲ့မြင်ပြုလုပ်တာ ထင်ရှားတာမို့ အပြစ်ပေးခံရဖို့
ရှိတယ်လို့ တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

အသက် ၃၀ အရွယ် နာမည်ကျော် အဆိုတော်ကို နောက်တစ်ပတ်မှာ စစ်စည်းကမ်းထိန်းသိမ်း
ရေးကော်မတီ က စစ်ဆေးမှာဖြစ်တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်
ကင်မင် ဆွတ်က သတင်းထောက်တွေကို ပြော ကြားခဲ့ပါတယ်။

"ဒါပေမယ့် ထောင်ကျမယ့်အထိ တော့ မဖြစ်နိုင်ပါဘူး"လို့ ကင်မ်က ပြော ပါတယ်။ လတ်
တလောမှာ ရိန်းဟာ တောင် ကိုရီးယားရဲ့အမျိုးသားတိုင်း စစ်မှုမထမ်း မနေရ ပြဋ္ဌာန်းထားတဲ့
စစ်မှုထမ်းကာလ နှစ်နှစ်ကို တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။ စိတ်
ဓာတ်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စစ်တပ်က ထုတ်လွှင့်တဲ့ ရေဒီယိုနဲ့ ရုပ်သံ အစီအစဉ်
တွေမှာ ပါဝင်တင်ဆက်ပေးရ တဲ့ စစ်သားအဖြစ် တာဝန်ပေးအပ်ခံရသူ လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်လည်းဖြစ်တဲ့ ရိန်း တစ်ယောက် ဂျပန်ပရိသတ်တွေ အများ အပြားရထားတဲ့
ရုပ်သံဒရာမာစတား ကင်တေဟီးနဲ့ တွဲဖြစ်နေပြီဆိုတဲ့ သတင်း အတည်ပြုပေးပြီးတဲ့နောက်မှာ
တောင် ကိုရီးယားအနုပညာရှင်တွေရဲ့ သတင်း ထူးတွေကိုမှ ဖော်ပြပေးတဲ့ စာစောင်ဟာ ရိန်းရဲ့
သတင်းတွေကို ဖော်ပြပေးဖို့ အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ တော်တော် လေး ကြိုးစားခဲ့ပါတယ်။

ရိန်းနဲ့ ကင်တေးဟီ (၃၂ နှစ်)တို့ တွဲနေကြပြီဖြစ်ကြောင်းကို ကင်မ်ရဲ့ အေဂျင်စီက အင်္ဂါနေ့မှာ
အတည်ပြုပေး ခဲ့တာပါ။ "အခုအချိန်မှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်
နားလည် မှုရကြတုန်းပါ" လို့ အေဂျင်စီရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကင်မ်ဟာ "Iris" နဲ့ "Stairway to Heaven" စတဲ့ နာမည်ကြီး ကိုရီးယား ဒရာမာကားတွေနဲ့
လူသိများသူတစ်ဦး ဖြစ်ပါတယ်။နိုင်ငံရဲ့နာမည်အကြီးဆုံးအနုပညာရှင် နှစ်ဦးတွဲနေကြတဲ့
သတင်းအပေါ် စိတ်လှုပ်ရှားနေကြတဲ့ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တလေးပတ်အတွင်းမှာ
စတားနှစ်ဦး အကြိမ်ပေါင်းများစွာ ဘယ်လိုချိန်းတွေ့ခဲ့သလဲဆိုတဲ့ မေးခွန်း တွေနဲ့စိမ်းမချမ်းမသာ
ဖြစ်နေကြပါတယ်။

စစ်မှုထမ်းနေကြတဲ့သူတွေဟာ စစ်မှု ထမ်းနေတဲ့ကာလအတွင်းမှာ စစ်တန်း လျားမှာပဲ နေခွင့်
ရှိပြီး အားလပ်ချိန် လည်း သိပ်မရှိပါဘူး။ဒါပေမယ့် အနုပညာရှင်တွေရဲ့ သတင်းထူးကို အသား
ပေးဖော်ပြတဲ့ စာစောင်မှာတွေ့ရတဲ့ ရိန်းရဲ့ပုံဟာ စစ်မှုထမ်းကာလအတွင်း လိုက်နာရမယ့်
စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး ယူနီဖောင်း ၀တ်ကြီးနဲ့ အရပ်သားသုံးကားမောင်း နေတဲ့အပြင်
စစ်ဦးထုပ်လည်း ဆောင်း မထားပါဘူး။

အဆိုတော်ဟာ စစ်တပ်ပြင်ပမှာ စစ် ဦးထုပ်ဆောင်းထားရမယ့်စည်းကမ်းကို ဖောက်ဖျက်တဲ့
အပြင် တာဝန်နဲ့ ခရီးသွား ပြီးအပြန်မှာ ချစ်သူနဲ့ကိုယ်ရေးကိုယ်တာ တွေ့ဆုံမှု သုံးကြိမ်ပြုလုပ်
ခဲ့ပါတယ်လို့ ၀န်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်က ပြောပါတယ်။

ရိန်း (အမည်ရင်း ဂျွန်ဂျီဟွန်း)ဟာ တောင်ကိုရီးယားမှာ ပရိသတ်များစွာ ရရှိထားသလို အာရှနဲ့
တခြားနေရာတွေ မှာလည်း ပရိသတ်တွေ အများကြီးရထားတဲ့ ကိုရီးယားပေါ့ပ်လောကရဲ့
နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ စစ်မှုထမ်းကာလအတွင်း ချစ်သူနဲ့ ချိန်းတွေ့တဲ့ပုံတွေ ထွက်လာပြီးတဲ့ နောက်မှာ ရိန်းကို
စစ်ဆေးဖို့ တောင်းဆို ထားတဲ့ လူပေါင်းများစွာ လက်မှတ်ရေး ထိုးထားတဲ့ အွန်လိုင်းပန်ကြား
လွှာ တစ်စောင်အပါအ၀င် သူ့ကို အရေးယူဖို့ တောင်းဆိုထားတဲ့စာတွေဟာ ၀န်ကြီး ဌာနရဲ့
ဝက်ဘ်ဆိုက်ဆီ တရစပ် ၀င်လာ ပါတယ်။

တချို့က သူ့ကို 'ဂန်နန်းစတိုင်'စတား Psy လိုပဲ စစ်မှုထမ်းကာလကို ထပ်ပြီး ထမ်းဆောင်ခိုင်း
သင့်တယ်လို့ အဆိုပြုထားကြပါတယ်။ Psy ဟာ စစ်မှုထမ်းနေ စဉ်ကာလအတွင်းမှာ သူ့ရဲ့
ဖျော်ဖြေရေး လုပ်ငန်းတွေကို လုပ်ခဲ့တာကြောင့် နှစ်ကြိမ် စစ်မှုထမ်းခဲ့ရပါတယ်။

အနုပညာရှင်တွေဟာ စစ်မှုထမ်းနေ စဉ်မှာ ပရိသတ်တွေ သူတို့ကို မေ့သွား မှာ စိုးရိမ်တာ
ကြောင့် စစ်မှုထမ်းခြင်းကို ရှောင်ရှားဖို့ ကြိုးစားကြပါတယ်။ ဒါကို လည်း ၀န်ကြီးဌာနက
မကြာခဏ ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ နာမည်ကြီးဟစ်ပ် ဟော့အဆိုတော် MC Mong ဟာ စစ်မှုထမ်းရမယ့် တာဝန်
ကို ရွှေ့ဆိုင်း ထားချင်သေးတာကြောင့် ကျန်းမာရေး မကောင်းဘူးလို့ လိမ်လည်အကြောင်း
ပြခဲ့တဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

ကိုရီးယားစစ်ပွဲ(၁၉၅၀-၅၃)ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ သာ ပြီးဆုံးထား
တာမို့ တောင် ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ စစ်ပွဲဖြစ်နိုင် သေးတာကြောင့် စစ်မှုထမ်းခြင်း
ကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပါ တယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူတွေကလွဲရင် ကျန်သူတွေအားလုံး စစ်မှုထမ်းရမှာ ဖြစ်တဲ့အတွက်
ဘာသာရေးအရပဲဖြစ် ဖြစ်၊ လူ့ကျင့်ဝတ်အရပဲဖြစ်ဖြစ် စစ်မှုထမ်း ဖို့ ငြင်းဆန်မယ်ဆိုရင် ထောင်
ဒဏ်ကို အလိုအလျောက်ကျခံရမှာဖြစ်ပါတယ်။

စစ်မှုထမ်းခြင်းကို ရှောင်ရှားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထင်ရှားဆုံးဖြစ်ရပ်က တော့ ၂၀၀၂
ခုနှစ်မှာ ကိုရီးယား-အမေရိကန်ကပြား ပေါ့ပ်အဆိုတော် စတိဗ်ယူး ဟာ ကိုရီးယားနိုင်ငံသား
အဖြစ်ကို စွန့်လွှတ်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်တာပဲ ဖြစ်ပါတယ်။ ကိုရီးယား
အစိုးရက သူ့အမှုကို တပ်ပြေးမှုအဖြစ် သတ်မှတ်ပြီး ကိုရီးယားပြန်လာခွင့်ကို ပိတ်ပင်လိုက်ပြီး
ပြည်နှင်ဒဏ်ပေးထား ပါတယ်။ (အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်