Friday, 25 April 2014

ပရိသတ်နဲ့ အမြဲတမ်းထိတွေ့ခွင့်ရဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်သံစုံတီးဝိုင်း

၂၀၁၂၊ခုနှစ်၊ ဇူလိုင်လက အမျိုးသားဇာတ်ရုံမှာ၊နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေတင်ဆက်နေစဉ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))၂၀၁၂၊ခုနှစ်၊ ဇူလိုင်လက အမျိုးသားဇာတ်ရုံမှာ၊နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေတင်ဆက်နေစဉ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))

၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ၂၁ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်သံစုံတီး ၀ိုင်းဟာ
အနောက်တိုင်းဂန္ထ၀င်ဂီတကို ပရိသတ်နဲ့ အမြဲထိတွေ့ပေးနိုင်အောင် ဖျော်ဖြေပွဲတွေ ကျင်းပနိုင်ဖို့
အတွက် အခက်အခဲတချို့ ရှိနေပါတယ်။

ဒါပေမဲ့ ဂျပန်လူမျိုးဂီတပညာရှင်နဲ့ လေ့ကျင့်မှုရယူသွားမယ့် အစီအစဉ်နဲ့ အတူ ဒီနှစ်အတွင်းမှာ
ဂန္ထ၀င်ဂီတ ဖျော်ဖြေပွဲ လေးပွဲကျင်းပသွားဖို့ စီမံကိန်း ချမှတ်ထားတာကြောင့် ပရိသတ်နဲ့ အထိ
အတွေ့နည်းခဲ့တဲ့ အခက်အခဲကို ကျော်လွှားသွားနိုင်တော့မယ်လို့ သံစုံတီးဝိုင်းအဖွဲ့သားတွေဟာ
မျှော်လင့်နေ ကြပါတယ်။

စီစဉ်ထားတဲ့ ပွဲလေးပွဲထဲမှ ပထမဆုံး ပွဲကို လာမယ့် မတ်လ ၂ ရက်နေ့မှာ အမျိုးသားဇာတ်ရုံမှာ
ကျင်းပသွားမှာ ဖြစ်ပြီး ဂျပန်ဂီတပညာရှင် မစ္စတာ Fukumura က ဂီတနုတ်စ်တွေ လှမ်းပို့ ပေး
တာကြောင့် အဖွဲ့သားတွေဟာ လတ်တလောမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပါတယ်။

သံစုံတီးဝိုင်းမှ ကလယ်ရီနက်တီးမှုတ် သူ ပညာရှင် ဦးမောင်မောင်က သူတို့ကို ရေရှည်လေ့ကျင့်
ပေးမယ့် ပညာရှင်မရှိ ခြင်းဟာလည်း သူတို့အတွက် အခက် အခဲတစ်ခုပဲလို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေတုန်းက ပြည်ပကနေ conductor တွေလာပြီး သင်တန်းတို တွေပေးကြတယ်။
လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန်လုပ်ကြရပေမယ့် သူတို့ ပြန်သွားတော့ ဒုံရင်းအတိုင်းပဲ ပြန်ဖြစ်
သွားကြတယ်"လို့ သူက ဆိုပါတယ်။

နိုင်ငံတော်သံစုံတီးဝိုင်မှာ ပညာရှင် ၆၅ ဦးပါဝင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပညာရှင်များ၊ ပြင်ပမှ
ဂီတပညာရှင်များနဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဂီတ ပညာရှင်များအပြင် နောက်ပိုင်းမှာ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ အနုပညာရှင်တွေလည်း ပါဝင်လာကြ
ပါတယ်။ သက်တမ်း ၁၀ နှစ် ကျော်ကာလအတွင်း အများပြည်သူ လာရောက်ကြည့်ရှုနိုင်တဲ့
ဖျော်ဖြေပွဲကြီး သုံးပွဲသာ ကျင်းပနိုင်ခဲ့ပါတယ်။

"အဖွဲ့ကြီး စပြီးဖွဲ့တုန်းကဆို ကောင်း ကောင်းမွန်မွန် သင်ပေးမယ့်သူလည်း မရှိ ဆိုတော့ အဖွဲ့
သားတွေဟာ ကိုယ့်ဟာ ကိုယ်ပဲ တဖြည်းဖြည်းချင်း လေ့ကျင့်ခဲ့ရ တယ်"လို့ ဦးမောင်မောင်က
ပြောပါ တယ်။

ပထမဆုံးသင်တန်းကို ၂၀၀၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဂီတပညာရှင်တစ်ဦး လာရောက်
သင်ကြားပေးခဲ့ပြီး အဲဒီနှစ် ထဲမှာပဲ မြန်မာ့အသံ စတူဒီယို(အေ)ထဲ မှာ ဖိတ်ကြားထားတဲ့
လူကြီးတွေကို ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

"သံစုံတီးဝိုင်းမှာ တီးခတ်တဲ့ သီချင်း တွေက ချက်ချင်းတိုက်၊ ချက်ချင်းတီးလို့ မရပါဘူး။ လနဲ့ချီပြီး
တိုက်ရပါတယ်။ သူက တစ်ခါလာရင် သုံးလလောက် နေလိုက်၊ ပြန်သွားလိုက်နဲ့ဆိုတော့ သူ
ပြန်သွားတဲ့အချိန်မှာ ခေါင်းဆောင်မရှိ တော့ အဆင်မပြေပြန်ဘူး"လို့ ပြောပါ တယ်။

နိုင်ငံတော်သံစုံတီးဝိုင်းကို တတ်ကျွမ်း တဲ့ ဂီတပညာရှင်တွေ အမြောက်အမြား နဲ့ ဖွဲ့စည်းထား
ပေမယ့် သတ်သတ် မှတ်မှတ် လေ့ကျင့်ပေးမယ့် ပညာရှင် တစ်ဦးရှိသင့်တယ်လို့လည်း သူက
ဆိုပါ တယ်။

"အဲဒီလိုပဲ နိုင်ငံတကာက ပညာရှင် တွေလည်း လာတယ်။ လာပြီး ပြလိုက် ပြန်သွားလိုက်နဲ့
အဲဒီလိုပဲ အချိန်တွေ ကုန်လာတယ်"လို့ ဦးမောင်မောင်က ပြောပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ဃောဘမငိါန တက္ကသိုလ်မှ ဂီတပညာရှင်တွေ လာရောက်လေ့ကျင့်ပေးပြီး
ရလဒ်အနေနဲ့ နိုင်ငံတော်သံစုံတီးဝိုင်းဟာ အမျိုးသား ဇာတ်ရုံမှာ လူအများ လာရောက်ကြည့်ရှု
နိုင်တဲ့ အခမဲ့ဖျော်ဖြေပွဲကြီးကို ပထမဆုံး အကြိမ် ဖျော်ဖြေတင်ဆက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီအခါတော့ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တယ်။ အဲဒါလည်းပြီးရော အေး သွားပြန်ရော"လို့
ဦးမောင်မောင်က ပြောပါတယ်။ ဖျော်ဖြေပွဲကြီးပြီးသွားတဲ့နောက် သံစုံ တီးဝိုင်းအဖွဲ့သားတွေဟာ
ဂန္ထ၀င်ဂီတ ကို ဖျော်ဖြေနိုင်မယ့် အခွင့်အရေးရရှိဖို့ ခက်ခဲတာကြောင့် အဖွဲ့သားတချို့ဟာ ရုပ်မြင်
သံကြားရိုက်ကူးရေးက မြန်မာ့ သံတီးဝိုင်းတွေမှာ ပါဝင်ဖျော်ဖြေကြရ တယ်လို့လည်း
ပြောပါတယ်။

အခြေအနေဘယ်လိုမျိုးပဲရှိရှိ ဆက်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ သံစုံတီး ၀ိုင်းအဖွဲ့ဟာ
ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဖျော်ဖြေပွဲနှစ်ပွဲ တင်ဆက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ၂၀၁၂၊ ဇွန်လမှာ ဂျပန်ဂီတ ပညာရှင် မစ္စတာ Fukumura နဲ့အဖွဲ့ ရောက်လာပြီး တစ်လ
လောက် အပြင်း အထန် သီချင်းတိုက်ကြတယ်။ ပြီးတော့ ဇူလိုင်လမှာ ရန်ကုန်အမျိုးသားဇာတ်ရုံ
နဲ့ နေပြည်တော်မှာ ပွဲနှစ်ပွဲ ကျင်းပခဲ့တယ်။ အဲဒီပွဲကတော့ လုပ်ခဲ့တဲ့ပွဲတွေထဲမှာ အဖြစ်ဆုံးပဲ"လို့
ဦးမောင်မောင်က ပြောပါတယ်။

မစ္စတာ Fukumura နဲ့ နိုင်ငံတကာမှ ဂီတပညာရှင်အဖွဲ့ဟာ ရန်ကုန်ကို ဖေဖော်ဝါရီလလယ်ပိုင်း
မှာ လာရောက် ကာ နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့ကို လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျပန်
ဂီတပညာရှင်ရဲ့လမ်းညွှန်မှုနဲ့ မတ်လ ၂ ရက်နေ့မှစတင်ပြီး တစ်နှစ်လုံးဖျော်ဖြေပွဲ လေးပွဲ
ကျင်းပသွားမှာ ဖြစ်ပါတယ်။

သံစုံတီးဝိုင်းဖျော်ဖြေတဲ့အခါမှာ နိုင်ငံ တကာမှပညာရှင်တွေလည်း လာရောက် နားဆင်ကြတာ
ကြောင့် သီချင်းကို ကျေကျေညက်ညက် မတိုက်ထားဘဲနဲ့ ပွဲမထွက်ရဲဘူးလို့ ဦးမောင်မောင်
က ပြောပါတယ်။

"သူတို့ရှေ့မှာ ကျွန်တော်တို့က အလွဲတွေ သွားလုပ်ပြလို့ မဖြစ်ဘူး။ ကျွန်တော်တို့က သေချာပိုင်
မှ လုပ်ရဲတယ်။ နိုင်ငံ တကာကနေ ကျွန်တော်တို့ကို ကူတဲ့လူတွေလာရင် တော်တော်လေးကို
တိုးတက်မှုရှိတယ်။ မနှစ်က ဖျော်ဖြေတဲ့ ပွဲကတော့ နိုင်ငံတော်သံစုံတီးဝိုင်းက လုပ်ခဲ့တဲ့ ပွဲတွေ
ထဲမှာ အအောင်မြင်ဆုံးပဲ။ ရုံလည်းပြည့်တယ်။ လူတွေကလည်း အရမ်းသဘောကျပြီး ကြိုက်
သွားတယ်။ အဲဒီအရှိန်ကို ကျွန်တော်တို့က လျော့ မသွားအောင် ဆက်ပြီးထိန်းထားချင် တာ"
လို့ ပြောပါတယ်။

ဂျပန်ဂီတပညာရှင်ရဲ့ နိုင်ငံတကာ အဖွဲ့ အတူသီချင်းတိုက်ကြတဲ့အခါ သူတို့ သံစုံတီးဝိုင်းအဖွဲ့
သားတွေဟာ အမီ လိုက်အောင် ပြင်းပြင်းထန်ထန် ကြိုးစား ရတယ်လို့လည်း သူက ဆိုပါတယ်။

"ကျွန်တော်တို့ကိုပေးတဲ့ သီချင်းတွေက အရမ်းအဆင့်မြင့်တယ်။ နိုင်ငံခြားက ပညာရှင်တွေ တီး
နိုင်တဲ့ သီချင်းမျိုးပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီအဆင့်ကို မီဖို့ အားနည်းသေးတယ်။ သူတို့
ထက်ကို အချိန်ပိုပေးပြီး ကျင့်ရတယ်။ ပိုပြီးတော့ လည်း ကြိုးစားရတယ်"လို့ ဦးမောင် မောင်က
ပြောပါတယ်။

နိုင်ငံတော်သံစုံတီးဝိုင်းမှာ viola တီးခတ်တဲ့ ဦးဝင်းမင်းဖြိုးကလည်း ဂျပန်ဂီတ ပညာရှင်မစ္စတာ
Fukumura တို့နဲ့ လေ့ကျင့်ခန်းပြုလုပ်ရတာဟာ အရမ်းကို ခက်ခဲပါတယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားပညာရှင်တွေနဲ့ အတူတူ တွဲပြီး တီးခတ်ရတဲ့အခါ သီချင်းနဲ့ ပတ်သက်တဲ့ အခက်အခဲ
တွေကို အတူတူ ဖြေရှင်းရတဲ့အချိန် ပိုပြီးတိုးတက်မှုရှိ တယ်။ မိုးဇတ်တို့၊ ဘီသိုဘင်တို့ ဂန္ထ၀င်
တေးသွားတွေထဲက ခက်ခဲတဲ့အပိုင်း တွေကို သူတို့နဲ့အတူတူ ကျင့်တဲ့အခါ ကျွန်တော်တို့
မတီးနိုင်သေးရင် သူတို့ သင်ပြပေးတယ်။ သူတို့ တီးနိုင်တဲ့သီချင်း တွေကို ကျွန်တော်တို့ တီး
လာနိုင်တဲ့ အတွက် တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာ တာကို တွေ့ရတယ်"လို့ ဦးဝင်းမင်းဖြိုးကို
ကပြောပါတယ်။

နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၂ ရက်နေ့မှာ အမျိုးသားဇာတ်ရုံ မှာ ကျင်းပမှာ
ဖြစ်ပြီး မည်သူမဆို အခမဲ့ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်။     

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်