Friday, 01 August 2014

ပန်းချီငွေဖြိုးရဲ့ဆေးစက်ချလက်ရာများ ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့

ပန်းချီငွေဖြိုးကို သူ့လက်ရာပန်းချီကားနှင့်အတူ တွေ့ရစဉ်။ ( အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်))ပန်းချီငွေဖြိုးကို သူ့လက်ရာပန်းချီကားနှင့်အတူ တွေ့ရစဉ်။ ( အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်))ပန်းချီငွေဖြိုးကို သူ့လက်ရာပန်းချီကားနှင့်အတူ တွေ့ရစဉ်။ ( အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်))ပန်းချီငွေဖြိုးကို သူ့လက်ရာပန်းချီကားနှင့်အတူ တွေ့ရစဉ်။ ( အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်))

ဆေးစက်ချရာက ရုပ်ပုံပေါ်လာစေတဲ့နည်း (Dripping)နဲ့ အက်ခရိုင်းလစ်ကို အသုံးပြုရေးဆွဲ
ထားတဲ့ ပန်းချီငွေဖြိုးရဲ့ လက်ရာတွေဟာ ပွဲလာပရိသတ်တွေ ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပြပွဲကျင်းပ
ရာ ပထမဆုံးနေ့မှာပဲ ပန်းချီကား ၂၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ပြပွဲကို ဇန်န၀ါရီလ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ ယောမင်းကြီးလမ်းထဲက Gallery 65
မှာ ကျင်းပခဲ့ပြီး အဲဒီပွဲဟာ ပန်းချီငွေဖြိုးရဲ့ ငါးကြိမ်မြောက် တစ်ကိုယ် တော်ပြပွဲပဲ ဖြစ်ပါတယ်။
ပန်းချီကားပေါင်း ၄၃ ကား ပြသခဲ့ပြီး နိုင်ငံတစ်ဝန်းက ပြည်သူတွေရဲ့လူနေ ဘ၀နဲ့ လှပတဲ့
သဘာဝရှုခင်းတွေကို သူ့ရဲ့ ဆန်းသစ်တဲ့စိတ်ကူးနဲ့ ဖန်တီးထားတဲ့ လက်ရာတွေက တခြားသူ
တွေရဲ့ လက်ရာတွေနဲ့ ကွဲပြားခြားနားလှတာကို တွေ့ရပါတယ်။

"ထူးခြားချက်အနေနဲ့ ကျွန်တော် အရင်က မရေးဖူးတဲ့ ညအမှောင်ပန်းချီ ကားတွေ ပြဖြစ်တယ်။
နောက် ရှုခင်းတွေ လည်း ရေးဖြစ်တယ်။ ဒါပေမဲ့ ပြထားတဲ့ ပန်းချီကားအကုန်လုံးရဲ့ နေရာတွေ
ကို တော့ ရောက်ဖူးလို့မဟုတ်ဘူး။ ကိုးကား ပြီး ရေးထားတာလည်း ပါတယ်"လို့ အသက်
၂၃ နှစ်အရွယ် ပန်းချီငွေဖြိုးက ပြောပါတယ်။

ပွဲကျင်းပနိုင်ဖို့ အချိန်တစ်နှစ် ယူခဲ့ရပြီး ပန်းချီကား တစ်ကားချင်းစီအတွက်ကို တော့ သုံးရက်
ကနေ သီတင်းပတ်တစ်ခု ကြာအောင် အချိန်ယူရေးဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီလို dripping ပန်းချီကားတွေရေးဖို့ ဆေးစက်ချရာက အရုပ်ထင်ဆိုတဲ့ စကားကို သတိထား
မိရာကနေ စိတ်ကူး ရလာပြီး တစ်စိုက်မတ်မတ်လေ့ကျင့် ရေးဆွဲခဲ့တယ်။ စစချင်းမှာ အရမ်း
ခက်ခဲ ခဲ့ပေမယ့် ခုချိန်မှာတော့ ပန်းချီကား တစ်ကားလုံးမှာ ဘယ်နေရာ အခက်ဆုံး
လဲဆိုတာတောင် မရှိတော့ပါဘူး။ ဒီ ဆေးစက်ချရေးနည်းနဲ့ တော်တော်လေး လည်း ရင်းနှီး
ကျွမ်းဝင်နေပါပြီ" လို့ လူငယ်ပန်းချီဆရာက ပြောပါတယ်။

ငွေဖြိုးဟာ ဆေးစက်ချတဲ့နည်းနဲ့ ပန်းချီရေးဆွဲခြင်းကို ၂၀၁၀ ပြည့်နှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး
အချိန်ယူလေ့ကျင့် ခဲ့ကာ သူ့ရဲ့ဖန်တီးမှုအသစ်ကို အဲဒီနှစ်မှာပဲ ကျင်းပခဲ့တဲ့ ပထမဆုံး
တစ်ကိုယ် တော်ပြပွဲမှာ ပရိသတ်တွေကို မိတ်ဆက် ခဲ့ပါတယ်။ ဒုတိယအကြိမ် တစ်ကိုယ်တော်
ပွဲကို ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့ကာ တတိယနဲ့ စတုတ္ထအကြိမ်ပွဲတွေကိုတော့ ၂၀၁၂ ခုနှစ်ထဲမှာ
ကျင်းပခဲ့ပြီး သူ့ရဲ့အမှတ်သင်္ကေတ လို့ပြောရမယ့ိမငစစငညါ ကားတွေကိုသာ ပြသခဲ့တယ်လို့
ဆိုပါတယ်။

"နောက်ထပ်လည်း ဒီလိုဆေးစက်ချ တဲ့ ပန်းချီကားတွေပဲ ဆက်ရေးဖြစ်သွား မှာပါ။ အရင်က
ရီရယ်လစ်ဇင်ရေးခဲ့ပေ မယ့် ခုနောက်ပိုင်း မရေးချင်တော့ဘူး။ ကျွန်တော့်လက်ရာကို
တဖြည်းဖြည်း တော့ လက်ခံလာကြပါတယ်။ ဒါပေမဲ့ ပန်းချီကားဝယ်တဲ့သူတွေကတော့ နိုင်ငံ
ခြားသားတွေများပြီး ခုချိန်ထိ မြန်မာ နှစ်ဦးပဲရှိသေးတယ်"လို့ ပန်းချီငွေဖြိုးက ပြောပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတစ် ကားချင်းစီကို အက်ဖ်အီးစီ ၅၀၀ ကနေ ၁,၀၀၀ အထိ
သတ်မှတ်ထားပြီး ပွဲအပြီး မှာ စုစုပေါင်း ၂၂ ကားရောင်းချနိုင်ခဲ့ တယ်လို့ သိရပါတယ်။   

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်