Sunday, 26 October 2014

ချက်ထရီယမ်က ရေငတ်ပြေစေတဲ့ ဆာကေးကော့တေးလ်

မစ္စတာ ဘရိုင်ယန်နဲ့ သူ့ဝန်ထမ်းတစ်ဦးကို ဆာကေးဘားတွင် တွေ့ရစဉ်။ ( မို့မို့သော်/ မြန်မာတိုင်း(မ်))မစ္စတာ ဘရိုင်ယန်နဲ့ သူ့ဝန်ထမ်းတစ်ဦးကို ဆာကေးဘားတွင် တွေ့ရစဉ်။ ( မို့မို့သော်/ မြန်မာတိုင်း(မ်))အဆိုတော် ဂျေဆင်မရပ်စ်ရဲ့အဖွဲ့သား တွေဟာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဖျော်ဖြေပွဲ
အတွက် ရန်ကုန်မြို့ကို ရောက် ရှိနေစဉ် ချက်ထရီယမ်ဟိုတယ်ရဲ့ Ritz Exclusive Lounge ကို
ရောက်သွား တဲ့အခါမှာ သူတို့ရဲ့အဆိုတော်ကို ဂုဏ်ပြု ဖန်တီးထားတဲ့ ကော့တေးတစ်မျိုးကို
တွေ့လိုက်ရခါ အံ့ဩသွားကြပါတယ်။ အဲဒီကော့တေးအမည်ကတော့ "Mraz Magic"
ဖြစ်ပါတယ်။

"ဒီကော့တေးက အရမ်းလူကြိုက်များ ပါတယ်။ သူတို့တွေ တော်တော်လေး ကြိုက်ကြပါ
တယ်"လို့ ဒီကော့တေးကို တီထွင်စပ်ဟပ်ခဲ့သူ၊ ကက်နက်ဘရိုင်ယန်(ကိုအောင်ဌေး)က
၊ပြောပြပါတယ်။

"ဒီသောက်စရာက ပါတီကို မနားတမ်း ဆက်ပြီးကျင်းပဖြစ်အောင် အထူး စပ်ဟပ်ပေးထားတာ
ပါ"လို့လည်း ပြော ပါတယ်။

ဒါကြောင့် ဒီကော့တေးဟာ မြင်နေ ကျ ကော့တေးတွေနဲ့ မတူပါဘူး။ ဂျပန် ဆာကေးကို အဓိက
အသုံးပြုထားတာ ဖြစ်ပြီး ဆာကေးက ပြင်းပေမယ့် သောက်ရတာ အ၀င်မဆိုးပါဘူး။ ဗော့ဒ်ကာ၊
 blue curacao၊ Red Bul နဲ့ သံပုရာရည်ကိုလည်း ထည့်စပ်ပေးထားပါ တယ်။

စင်ကာပူနဲ့ ဒူဘိုင်းက ဟိုတယ်တွေမှာ အပါအ၀င် ပြည်ပမှာ ရှစ်နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့
အတွေ့အကြုံတွေ ကိုအသုံးပြုပြီး ဘရိုင်ယန်ဟာ Ritz Exclusive Lounge မှာ'ဆာကေးဘား'
ကို ပြီးခဲ့တဲ့ သုံး၊ လေးလလောက်ကစပြီး တာဝန်ယူဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒူဘိုင်း ဟိုတယ်မှာဆိုရင် သူဟာ ရေနံသူဌေး အာရပ်မင်းသားတွေ ကျင်းပတဲ့ သီးသန့် ပါတီပွဲ
တွေမှာတောင် ၀န်ဆောင်မှုပေးခဲ့ ဖူးပါတယ်။ (သူတို့အုပ်စုက အယောက် ၂၀ လောက်ရှိပြီး
ဘားတစ်ခုလုံးကိုသူ တို့ ငှားပစ်လိုက်တာ။ ပါတီလုပ်နေရင်း စားသောက်ဆိုင်ဘက်ဆီ
ဆင်းသွားပြီး အဲဒီကဧည့်သည်တွေကို သူတို့နဲ့လာသောက်ဖို့တောင် ဖိတ်လိုက်သေးတာလို့
ဘရိုင်ယန်က ပြောပြပါတယ်။)

မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ သူပြန် ရောက်လာခဲ့ပြီး ချက်ထရီယမ်ဟိုတယ် မှာ အလုပ်ဝင်
ခဲ့ပါတယ်။ ရန်ကုန်မှာ ဆာကေးဘား ဖွင့်ချိန်တန်ပြီဆိုတဲ့ အကြောင်း ဟိုတယ်ရဲ့ အထွေထွေ
မန်နေဂျာကို လက်ခံစေခဲ့ပြီး ၂၀၁၂ ခုနှစ် အစောပိုင်းမှာ စတင်ဖွင့်လှစ် ခဲ့ပါတယ်။

လုပ်ငန်းအကောင်အအထည်ဖော်ဖို့ အတွက် လွယ်ကူပေမယ့် ရလဒ်ကောင်း မကောင်းက
မှန်းထားတာထက် ခက်ခဲ ပါတယ်။ အထူးသဖြင့် ဆာကေးအမျိုး ပေါင်း ၃၀ ကျော်၊ ဆိုဂျူ ၁၀
မျိုးလောက်နဲ့ ဆာကေးအခြေခံကော့တေး ၁၃ မျိုး လောက်ကို ဆိုင်မှာတင်ထားရတဲ့အချိန်
မျိုးမှာပဲ ဖြစ်ပါတယ်။

"ဘယ်သူမှ မကြိုက်ကြမှာကို အစပိုင်း မှာ ကျွန်တော် စိတ်ပူနေမိပါတယ်။ ဘာ ဖြစ်လို့လဲဆို
တော့ ဆာကေးက ၀ီစကီ ထက်ဈေးပိုကြီးလို့ပါ။ နောက်ပြီးတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့
အမယ်တွေက ပြည်ပက တင်သွင်းရတာဆိုတော့ ပစ္စည်းပြတ်သွားမှာကိုလည်း စိတ်ပူမိပါ
သေးတယ်"လို့ ဘရိုင်ယန်က ပြောပါတယ်။

"ဆာကေးပုလင်း တော်တော်များများ မှာ အင်္ဂလိပ်လို ရေးလေ့မရှိတာကြောင့် ဆာကေးနဲ့
ပတ်သက်ပြီး ၀န်ထမ်းတွေ ကို အရင်ဆုံးသင်တန်းပေးရပါတယ်။ ဒါ့ပြင် မြန်မာအများစုနဲ့
ဥရောပက ဧည့်သည်တွေက ဆာကေးနဲ့ပတ်သက် ပြီး သိပ်မသိကြပါဘူး။ ဒါကြောင့်
ကျွန်တော်တို့ ဧည့်သည်တွေကို သေသေ ချာချာ ရှင်းပြနိုင်ဖို့ လိုပါတယ်"လို့လည်း
ဆိုပါတယ်။

ပြီးခဲ့တဲ့ညက ကျင်းပတဲ့ပါတီပွဲဟာ မနက် ၄ နာရီခွဲလောက်မှ ပြီးသွားခဲ့ပြီး ဘားကောင်တာ
နောက်က စင်မှာလည်း ပုလင်းလွတ်တွေ တန်းစီနေပါတယ်။ ဒါဟာ ကော့တေးရဲ့အစောပိုင်း
အောင် မြင်မှုကိုပြတဲ့ သက်သေပဲလို့ ပင်ပန်းနွမ်း နယ်နေပုံရတဲ့ မစ္စတာဘရိုင်ယန်က
ပြောပါတယ်။

"တစ်လကျော်ကျော်လောက်မှာပဲ ဒီ ဆာကေး ၂၅ ပုလင်းလောက် ကုန်သွား ပြီ"လို့ ၁ ဒသမ
၈ လီတာဝင် Ozeki Silver ပုလင်းတစ်ပုလင်းကို ကိုင်ပြရင်း သူက ပြောပြပါတယ်။ ဒီဆာကေး
ဟာ သူတို့ဘားရဲ့ အဓိကဆာကေးဖြစ်ပြီး ၁၅၀ မီလီလီတာတစ်အိုးကို ခုနစ် ဒေါ်လာနဲ့
ရောင်းပါတယ်။

ဈေးပိုကြီးတဲ့ဆာကေးတွေကို ပိုပြီး လူကြိုက်များတယ်လို့လည်း သူက ပြောပြပါတယ်။ အမြှုပ်
ထတဲ့ဆာကေးတစ်မျိုး ဆို ၃၀၀ မီလီလီတာတစ်ပုလင်းကို ဒေါ်လာ ၈၀ ပေးရပြီး Hyakujyu
Kabota ကတော့ တစ်ပုလင်း ဒေါ်လာ ၁၈၀ လောက်ကျတယ်လို့ သူကပြော ပါတယ်။

"ဈေးကြီးတယ်လို့ ထင်ရတယ်မဟုတ်လား။ မကြီးပါဘူး"လို့လည်း ပုလင်းကြီး ထဲကနေ ခွက်
သေးထဲငှဲ့ထည့်ရင်း ပြောလိုက်ပါတယ်။"ကျွန်တော်တို့ရဲ့ ဂျပန်ဧည့်သည်တွေ က ' ဟာ - ဒီမှာ
ဆာကေးဘား ရှိတယ် ပေါ့လေ'လို့ အရင်ဦးဆုံးပြောကြပြီး'ဒီမှာ ဆာကေးက ဈေးအရမ်း
သက်သာတာပဲ' လို့ပြောတတ်ကြပါတယ်။

နိုင်ငံတကာ မှာဆို ကျွန်တော်တို့ ပင်တိုင်သုံးတဲ့ ဆာ ကေးက ၁၀ ဒေါ်လာ (ဒါမှမဟုတ်) ၁၂
ဒေါ်လာ ပေးရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဆာကေးကို သိပ်ပြီးမသိကြ
သေးတဲ့အတွက် ဧည့်သည်တွေကို မြည်းစမ်းကြည့်စေ ချင်တာကြောင့် တမင်ဈေးချထားပေး
ထားတာပါ"လို့ သူက ရှင်းပြပါတယ်။

တစ်ဆက်တည်းမှာပဲ Honjozo၊ Junmai နဲ့ Dai ginjo အမျိုးအစား ဆာကေးသုံးမျိုး ထည့်
ထားတဲ့ ခွက်သုံး ခွက်ကို မြည်းစမ်းကြည့်ဖို့ ချပေးပါတယ်။ အဲဒါကို သူက "Sake Flight" လို့
အမည်ပေးထားပါတယ်။ အ၀င်ကြမ်းပြီး အယ်လ်ကိုဟောများ တယ်လို့ အထင်မှားနေကြတာ
ကတော့ ဆာကေးအတွက် စိန်ခေါ်မှုကြီးတစ်ခု ပါ။ ရွေးချယ်စရာကော့တေးအမျိုးအစား တွေ
အများကြီးရှိပြီး umeshu လို့ခေါ် တဲ့၊ဇီးသီးဆာကေးကတော့ မြန်မာဧည့်သည်တွေ
တော်တော်ကြိုက်ကြပါ တယ်။

"ဒီဆာကေးက ၀ိုင်အချိုနဲ့ တူပါတယ်။အမျိုးသမီးတွေ တော်တော်ကြိုက်ကြ ပါတယ်"လို့ သူက
ပြောပါတယ်။ "မြန်မာတွေကတော့ ဆာကေးနဲ့ မရင်းနှီးကြသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်
ဖြည်းဖြည်းချင်း မိတ်ဆက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့လည်း ထပ်ပြောပါတယ်။

Ritz Exclusive Lounge
(ချက်ထရီယမ်ဟိုတယ်)
Food    : NA
Drink    : 10
Atmosphere    : 8
Service    : 9
X Factor    : 9
Valume for money    : 8
Score Box    : 9/10
သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်