Wednesday, 23 July 2014

ပညာပေးအစီအစဉ်များနဲ့တွဲဖက်ပြီး ဟိုလိုကော့စ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့

ဇန်န၀ါရီလ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့တဲ့ ဟိုလိုကော့စ်အခမ်းအနားတွင် သမိုင်းအထောက်အထားစာအုပ်များ ခင်းကျင်းပြသခဲ့ပါတယ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))ဇန်န၀ါရီလ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့တဲ့ ဟိုလိုကော့စ်အခမ်းအနားတွင် သမိုင်းအထောက်အထားစာအုပ်များ ခင်းကျင်းပြသခဲ့ပါတယ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))

သမိုင်းတစ်လျှောက်မှာ လူသိများပြီး ဂျူးလူမျိုးအများအပြား ရက်စက်စွာ သေကျေပျက်စီးခဲ့ရမှု
ကို အမှတ်ရတဲ့အနေနဲ့ ကျင်းပတဲ့၊အောက်မေ့ဖွယ် အခမ်းအနားကို မြန်မာနိုင်ငံအခြေစိုက်
အစ္စရေးသံရုံးက ကြီးမှူးပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ
ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဟိုလိုကော့စ်အထိမ်းအမှတ်နေ့ကို ဇန်န၀ါရီလ ၂၇ ရက်
နေ့မှာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ တစ်ရက်နောက်ကျ ပြီး ကျင်းပခဲ့တာ
ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လေးနှစ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဂျူးလူမျိုး ခြောက်သန်းကျော် ဘယ်လိုသေ
ကျေပျက်စီး ခဲ့ကြတယ်၊ နာဇီတွေကို ဘယ်လိုပြန်လည် တိုက်ခိုက်ပြီး ဘယ်လိုအဖမ်းခံရကာ
အသေသတ်ခံခဲ့ရတယ်ဆိုတာတွေကို ဓာတ်ပုံတွေနဲ့အတူ သမိုင်းအချက် အလက်များကို
ရေးသားဖော်ပြထားတဲ့ ဓာတ်ပုံများ ခင်းကျင်းပြသခဲ့တဲ့အပြင် စာအုပ်စာတမ်းများ၊ နိုင်ငံတကာမှ
သမိုင်းပညာရှင်များရဲ့ ဟောပြောမှု အစီအစဉ်တွေကို ထည့်သွင်းပြုလုပ်ခဲ့ ပါတယ်။

"ဒီအကြောင်းအရာတွေက သိထား သင့်တဲ့ အကြောင်းအရာတွေ ဖြစ်လို့ ကျွန်မတို့အနေနဲ့
ဒီပွဲမတိုင်ခင်ကတည်း က ဘာသာပြန်ပြီး သေချာ ပြင်ဆင်ခဲ့ပါ တယ်"လို့ ပြီးခဲ့တဲ့နှစ်တွေက
လိုအပ်ချက် တွေကို ပြင်ဆင်ပြီး ကြိုတင်စီစဉ်ခဲ့တဲ့ ဒီနှစ်ပွဲအကြောင်းကို မြန်မာနိုင်ငံအခြေ
စိုက်အစ္စရေးသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စ Avigail Oz က မြန်မာ
တိုင်း(မ်)ကို ပြောပါတယ်။

"ဒီလို လူအများ သေကျေပျက်စီးတဲ့ အဖြစ်အပျက်မျိုး နောက်တစ်ခါ ဘယ် တော့မှ ထပ်ဖြစ်
သင့်တဲ့အရာမဟုတ်ပါ ဘူး။ ဒီအရာတွေက ကျွန်မတို့အားလုံး သတိပြုရမယ့် အရာတွေပါ။
သမိုင်းကို လေ့လာတယ်ဆိုရင် အဲဒီအရာက အနာဂတ်မှာ ရင်ဆိုင်ရမယ့်အရာတွေကို
ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိစေသလို အခုလောလောဆယ်ဖြစ်နေတဲ့  အရာတွေကို
လည်း မဖြစ်သင့်ရင် ရပ်တန့် ဖို့အတွက်လည်း အထောက်အကူဖြစ် စေမှာပါ" လို့လည်း ဒီလို
ဖြစ်ရပ်များကို အောက်မေ့ဖွယ်အခမ်းအနားတွေ ပြုလုပ်ပြီး ပညာပေးအစီအစဉ်တွေနဲ့ တွဲဖက်
ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ် ချက်ကိုလည်း ပြောပြပါတယ်။

ပွဲတက်ရောက်ဖို့အတွက် တက္ကသိုလ် ကျောင်းအသီးသီးမှ ကျောင်းသူ၊ ကျောင်း သားများကိုပါ
ဖိတ်ကြားခဲ့တာကြောင့် သမိုင်းပညာကို စိတ်ဝင်စားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ
အတွက် အကျိုးရှိတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။

"ဒီ Holocaust ဆိုတာက ဆရာမ တို့ နောက်ဆုံးနှစ်မှာလည်း ခေါင်းစဉ် တစ်ခုအနေနဲ့
ပါတယ်။ စိတ်ဝင်စားဖို့ လည်းကောင်းတယ်"လို့ ပွဲတက်ရောက် လာတဲ့ ရန်ကုန်နိုင်ငံခြား
ဘာသာတက္က သိုလ်၊ ဂျာမန်မေဂျာမှ ဆရာမတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"စာထဲမှာလည်း ရက်ရက်စက်စက် သရုပ်ပေါ်အောင် ရေးပြထားပြီး အခု အပြင်မှာ လက်တွေ့
သရုပ်ပြနဲ့ ဗီဒီယို တွေကို ကြည့်တော့လည်း အတူတူပဲ ဖြစ်ပြီး သမိုင်းဟာ ပြင်လို့မရတဲ့
အတွက် စာတွေ့မှာလည်း အတူတူပါပဲ"လို့လည်း သူ့ရဲ့အမြင်ကို ပြောပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ပြင်သစ်မေဂျာမှ ကျောင်းသူအိပန်းဖြူ ကလည်း
"ညီမတို့က ဘာသာစကားသင် တဲ့ ကျောင်းဆိုတော့ တိုင်းတစ်ပါးရဲ့ သမိုင်းကိုလည်း
သိထားသင့်တယ်ထင် လို့ လာကြည့်တာပါ။ အရင်ကလည်း စာအုပ်ဖတ်ဖူးတာကြောင့်
သိထားပါ တယ်။ ထပ်ပြီးသိချင်လို့ စိတ်ဝင်စားလို့ လာကြည့်တာပါ"လို့ ပြောပါတယ်။

နောက်ထပ် ပြင်သစ်မေဂျာ ကျောင်း သူတစ်ဦးဖြစ်သူ ယွန်းမှူးအိမ်ကလည်း "စာအုပ်ထဲမှာ၊
ဖတ်တာနဲ့ အခုတကယ့် သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ရှင်းပြတော့ ကိုယ်ဖတ်ထား
ဖူးတာထက် ပိုတိတိကျကျ သိရှိခွင့်ရတယ်။ တိုင်း တစ်ပါးယဉ်ကျေးမှုကို သိရှိခွင့်ရတော့
လည်း ကိုယ့်ယဉ်ကျေးမှုနဲ့ နှိုင်းယှဉ်လို့ ရတယ်" လို့ ပြောပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်