Saturday, 25 October 2014

မူပိုင်ခွင့်အတွက် တေးရေး ကေအေတီ Forever Group ကို တရားစွဲဆိုမှု ရပ်ဆိုင်းလိုက်ပြီ

မြန်မာတေးအယ်လ်ဘမ်များတွင် မူပိုင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထည့်သွင်းဖော်ပြကြပါတယ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))မြန်မာတေးအယ်လ်ဘမ်များတွင် မူပိုင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထည့်သွင်းဖော်ပြကြပါတယ်။ (ကိုတိတ်/ မြန်မာတိုင်း(မ်))

တေးရေး၊ ကေအေတီက သူ့ရဲ့သီချင်း တွေကို ခွင့်ပြုချက် တောင်းခံမှုမရှိဘဲ Channel 7 နဲ့
MRTV 4 မှာ အသုံးပြု ထုတ်လွှင့်ခဲ့တဲ့အတွက် အဲဒီရုပ်သံလိုင်း တွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့
Forever Group ကို တရားစွဲဆိုသွားမယ်လို့ ဇန်န၀ါရီလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်) ကို
ပြောခဲ့ပါတယ်။

'အိပ်မက်ဆုံရာ' အဆိုပြိုင်ပွဲရှဲ့နျေသည (၁) နဲ့ (၂)မှာ ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ရဲသွေးနောင်နဲ့ နန်းထက်ထက်သူတို့ နှစ်ဦးဟာ တေးရေး ကေအေတီရဲ့ တေးသီချင်းသုံးပုဒ်ဖြစ်တဲ့ 'ကြိုနေစေ
ချင်တယ်'၊ 'နောက်ဆုံးရထား'နဲ့ 'ညရဲ့  ဆူး'တို့ကို ခွင့်တောင်းခြင်းမရှိဘဲ MRTV 4 မှာ
တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ "New Year Count
Down"ရှိုးပွဲနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ရှိုးပွဲတွေမှာ သီဆိုခဲ့
တဲ့အပြင် ဇန်န၀ါရီလ ၆ ရက်နေ့က Channel 7 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ 'အိပ်မက်ဆုံရာ'
Season(4) မှာလည်း နန်းထက်ထက်သူက 'ညရဲ့ဆူး'သီချင်း ကို ဧည့်သည်အဆိုရှင်
အနေနဲ့၊ ထပ်မံ သီဆိုသွားခဲ့တယ်လို့ တေးရေးကေအေတီက ပြောပြပါတယ်။

"အခုက ပိုင်ရှင်ကို အကြောင်းမကြားဘဲ လုပ်ချသွားတဲ့ ရုပ်မြင်သံကြားလိုင်းတွေ များလာပြီ။
အခုဟာကလည်း တစ်ခါတည်းမဟုတ်ဘူး။ သုံးခါတောင် ဆက်တိုက်ဆိုတော့။ သူတို့က
အစက တော့ ဇီးသီးလေးနဲ့ ပေါက်တယ်။ ပြီးရင် ပန်းသီးအဆင့်လောက်နဲ့ ပေါက်တယ်။ ပြီးရင်
ကျွဲကောသီးလောက်နဲ့ ပေါက်တယ်။ နောက်ပိုင်းဆိုရင်၊အုတ်နီ ခဲနဲ့ ထုတဲ့အဆင့် ရောက်
တော့မယ်"လို့ ဆိုပါတယ်။

"အခု ကျွန်တော့်ရှေ့နေဆီကတစ်ဆင့် Forever Group ကို အသိပေးစာပို့ ထားတယ်။
ဇန်န၀ါရီလ ၂၅ ရက်နေ့ထိမှ ကျွန်တော် ကျေနပ်လောက်တဲ့အထိ ညှိနှိုင်းမှု မလုပ်ဘူးဆိုရင်
တော့ တရား စွဲဖို့အတွက် ရှေ့ဆက်လုပ်ဆောင်သွား မှာပါ" လို့လည်း ပြောပါတယ်။

သူက ဒီလိုပြဿနာမျိုးတွေဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးပေမယ့် ဘယ်သူမှ အဖြေရအောင်
မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ "ဖြစ်ပြီးမှလည်း၊ အရှည်အရှည် ပြဿနာ မဖြစ်ချင်တော့လို့
သူတို့ညှိသလောက်နဲ့ပဲ မကျေနပ်လည်း လက်ခံလိုက်တာမျိုး တွေများတယ်။ စိတ်ညစ်စိတ်ရှုပ်
မခံ နိုင်တာလည်း ပါမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ တေးရေးတွေဘက်က ကာကွယ်
ပေးဖို့ အချိန်တစ်ခုကျ ရောက်လာပြီးလို့လည်းမြင်လို့ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ"လို့
ကေအေတီက ပြောပါတယ်။

မြန်မာတိုင်း(မ်)က ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ တေးရေးကေအေတီကို ထပ်မံဆက်သွယ်
မေးမြန်းရာမှာတော့ Forever Group မှ လာရောက်ညှိနှိုင်း မှု ပြုလုပ်တာကြောင့် တရားစွဲဆို
မယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါ တယ်။

"င်္Forever Group က ကျွန်တော်တို့ ပြောထားတဲ့ နောက်ဆုံးရက် ဇန်န၀ါရီ လ ၂၅ ရက်နေ့
မှာလာပြီး ညှိနှိုင်းမှုလုပ် ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ အတိုင်း လုပ်ပေးမယ်ဆိုတာ
ကြောင့် ကျွန်တော်တို့ဘက်က ဆက်ပြီးတရားစွဲ ဆိုဖို့ ရပ်ဆိုင်းလိုက်ပါပြီ။ ဘာတွေ တောင်း
ဆိုမလဲ၊ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်မလဲဆိုတာတော့ ဆွေးနွေးနေတုန်း ပါပဲ"လို့ ပြောပါတယ်။

ဘယ်လိုညှိနှိုင်းဆွေးနွေးမှုတွေ လုပ် ဆောင်မလဲဆိုတာတွေကို သိရှိနိုင်ဖို့ အတွက် Forever
Group ကိုလည်း မြန်မာတိုင်း(မ်)မှ ဆက်သွယ်ခဲ့ရာ အချိန်မီ အဆက်အသွယ်မရရှိခဲ့ပါဘူး။
လေ့လာဆန်းစစ်သူတွေကတော့၊ ဒီလိုပြဿနာတွေ ဖြစ်ရခြင်းအပေါ် မြန်မာနိုင်ငံဟာ နိုင်ငံ
တကာမူပိုင်ခွင့်နဲ့ ကင်းလွှတ်ခွင့်တွေ ရရှိနေတာနဲ့ ဆက်စပ် ပတ်သက်မှုရှိတယ်လို့ သုံးသပ်
ပြောဆို ကြပါတယ်။

မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ဥပဒေဟာ ၂၀ ရာစု အင်္ဂလိပ်ခေတ်ကတည်းက မြန်မာနိုင်ငံမှာ ပြဋ္ဌာန်း
ခဲ့ပေမယ့် ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်ဇင်ခေတ်မှာ နိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ကြေညာလိုက်
တာကြောင့် World Intellectual Property Organization (WIPO) ထံကနေ မူပိုင်ခွင့်နဲ့
ကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လထိ ရရှိခဲ့ပါတယ်။

"အလွယ်တကူ ဘာသာပြန်ခွင့်ရတဲ့ အတွက် ပြည်သူလူထုက ဈေးပေါပေါနဲ့ ကမ္ဘာ့စာပေတွေ
ကို လေ့လာခွင့်ရတဲ့ အတွက် ဒီအခွင့်အရေးဟာ ပြည်သူအများစု ခံစားရတာပေါ့။ ဒီလို မူပိုင်ခွင့်
ဥပဒေနဲ့ ကင်းလွှတ်ခွင့်ပေးထားတော့ ကျွန်တော်တို့မှာ လွယ်လွယ်လုပ်တဲ့ အကျင့် ဖြစ်သွား
တာတော့ မကောင်း ဘူးပေါ့"လို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အငြိမ်းစား
ညွှန်ချုပ်ဖြစ်တဲ့ ချစ်နိုင်(စိတ်ပညာက) သုံးသပ်ပြောဆိုပါတယ်။

"တကယ်တမ်းက သူ့ဦးနှောက်ကို ကိုယ်က ဖောက်စားတာပဲ။ တန်ရာတန် ကြေးပေးနိုင်ရင်
ပေး၊ မပေးနိုင်ရင် ခွင့်ပြု ပါလို့ Acknowledgement တောင်းရ မှာပေါ့။ ဒါက ယဉ်ကျေးမှု။
အဲဒါကြောင့် သူ့ရဲ့ဖန်တီးမှုကို ကိုယ်က လေးစားသမှုနဲ့ ယဉ်ကျေးမှုရှိရမယ်"လို့လည်း
ဆိုပါ တယ်။

သူက ဒီလိုမူပိုင်ခွင့်ဥပဒေကို မြန်မာနိုင်ငံမှာ ပြဋ္ဌားန်ခဲ့ပေမယ့် ပြည်တွင်းက အနုပညာဖန်တီးရှင်
များအချင်းချင်းထဲ မှာတော့ ခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုများ အတွက် တရားစွဲဆိုဆောင်ရွက်မှုများ
သိပ်မရှိခဲ့ဘူးလို့ ပြောပါတယ်။

"တရားစွဲဆိုပြီး ဖြေရှင်းကြရတဲ့အမှု ဆိုရင် ငါးခု၊ ခြောက်ခုလောက်ပဲ ရှိ တယ်။ နှစ်ဖက် ကျေ
အေးပြီး ပြီးသွားတဲ့အမှုတွေ ကတော့ အများကြီးပဲ။ မြန်မာလူမျိုးရဲ့ အားနာတတ်မှု၊ ခွင့်လွှတ်
လွယ်မှုလို့ပဲ ပြောရမှာပေါ့"လို့ ချစ်နိုင်(စိတ်ပညာ)က ပြောပါတယ်။

"အရင်ကဆိုရင် နာဂတောင်တန်း မောင်ကြည်စိန်ရေးတဲ့ ၀တ္ထုတစ်အုပ်ကို ထွန်းဝေက ရုပ်ရှင်
ရိုက်တယ်။ ပြီးမှ စာရေးဆရာကသိတော့ တောင်းပန်ပြီး ပိုက်ဆံနည်းနည်းပေးပြီး ပြီးသွားတယ်။
"ဘာလို့လဲဆိုတော့ 'ရန်ကင်းရုပ်ရှင် ပိုင်ရှင် ဦးထွန်းဝေက ရိုက်တယ်ဆိုတော့ မင်းဂုဏ်တောင်
ယူရဦးမှာ။ မင်းဝတ္ထု နာဂလူမျိုးတွေပါတဲ့ နာဂတောင်တန်း ရုပ်ရှင်ကို တခြားလူဆို ဘယ်ရိုက်
မလဲ ဒီလိုရုပ်ရှင်'ဆိုပြီး ပြောကြတော့ ကျေနပ် ကြပြန်ရော။ အဲဒီလို ကျေအေးသွားတဲ့ အဖြစ်
အပျက်တွေမှ အများကြီးပဲ"လို့ လည်း ပြောပါတယ်။

ကိုယ့်အချင်းချင်း ခွင့်လွှတ်ကျေအေး နိုင်တာကြောင့် အမှုနည်းလေကောင်း လေဖြစ်ပေမယ့်
ခုချိန်လိုမျိုး ဒီမိုကရေစီ ခေတ်ကို ရောက်လာတဲ့ကာလမှာ နိုင်ငံတကာနဲ့  ဆက်ဆံလာရပြီ
ဖြစ်တာကြောင့် ကိုယ့်အတွက်ကိုယ် တောင်းပိုင်ခွင့် လည်း ရှိသလို ကိုယ်ကလည်း သူများ
ဟာကို ယူသုံးတာမျိုး မလုပ်သင့်တော့ ဘူးလို့ ဆိုပါတယ်။

အဲဒါကြောင့် ဒီလို တရားစွဲဆိုမှုတွေ ရှိလာခြင်းဟာလည်း မသိလိုက်လို့ ယူသုံးလိုက်မိတဲ့
လူတွေအတွက် အငိုက်မိ သွားသလိုဖြစ်ပေမယ့် ဒီလိုပြောင်းလဲမှု ကို လူတွေသတိရှိအောင်
သတိထား မိစေဖို့လည်း ဖြစ်တယ်လို့ ထပ်ပြော ပါတယ်။

ဒါပေမဲ့ စာရေးဆရာ ချစ်စံဝင်းကတော့ ဒီလိုနိုင်ငံတကာမူပိုင်ခွင့်နဲ့ ပတ် သက်ပြီး ကင်းလွှတ်ခွင့်
ရနေခြင်းဟာ မြန်မာပြည်သူတွေအတွက် အခွင့်ထူး တစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

"နိုင်ငံတကာနယ်ပယ်နဲ့ ညီညွတ်တဲ့ မူပိုင်ခွင့်နဲ့ သွားရပြီဆိုရင် မြန်မာပြည် က အရမ်းနစ်နာ
တယ်။ ဆရာတို့က ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာတွေ
အများအပြားက ပြည်ပကနေ ယူရဦးမယ်။ ဒီမှာ အနုပညာပစ္စည်းတွေက အင်မတန်မှ
နည်းသေးတယ်။ အရမ်း ကို limited ဖြစ်နေသေးတယ်"လို့ ဆရာချစ်စံဝင်းက သူ့ရဲ့အမြင်ကို
ပြောပါတယ်။

"စာအုပ်ဆိုရင် ထွက်ထွက်ချင်း အုပ်ရေ  ၂၀၀၊ ၃၀၀ ရောင်းရတဲ့ စာအုပ် က ရှားတယ်။ ၂၀၀၊
၃၀၀ တောင် မရောင်းရပဲနဲ့  copy right ကို ဘယ်ဟာ နဲ့ပေးမလဲဆိုတဲ့ ပြဿနာတွေ
ရှိတယ်။

"ပြည်ပသတင်းတွေ၊ ကျန်းမာရေး သတင်းတွေ၊ ယဉ်ကျေးမှုသတင်းတွေ၊ အနုပညာသတင်း
တွေ၊ ကုန်ထုတ်လုပ်မှု သတင်းတွေကို ဈေးကြီးလို့ မယူဘူးဆို ရင် ပြည်သူတွေ မသိဘူးပေါ့။
အသိ ပညာ၊ အတတ်ပညာခေတ်ကြီးမှာ အသိ ပညာမဲ့တဲ့ဘ၀ကိုရောက်သွားနိုင်တယ်"
လို့လည်း သူက ထပ်ပြောပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်