Friday, 28 November 2014

နှစ်ပေါင်း ၃၀ ကြာပြီးမှ အဆိုတော် စိန်လွင်ရဲ့သီချင်းတွေ ပြန်လည် နားဆင်နိုင်မယ့်ပွဲ

အဆိုတော် စိန်လွင်အဆိုတော် စိန်လွင်

တစ်ချိန်က ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်စိန်လွင်ရဲ့ တေးသီချင်းတွေ
ကို သူ့ပရိသတ်တွေ ပြန်လည်နားဆင်ကြရတော့ မှာပါ။

အဆိုတော်ကြီး ကွယ်လွန်ခြင်းနှစ် ၃၀ ပြည့်နဲ့ သတိရအောက်မေ့ဖွယ် အမှတ်တရအဖြစ်
အဆိုတော်ပေါင်းများစွာက သူ့ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက အပုဒ် ၄၀ လောက်ကို
ပြန်လည်သီဆိုပေးမယ့် ဖျော်ဖြေပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပသွားမယ်
လို့ ဦးစိန်လွင်ရဲ့ ညီဖြစ်သူ ပလေးဘွိုင်းသန်းနိုင် က ပြောပါတယ်။

"ကိုစိန်လွင် လေယာဉ်ပျက်ကျပြီး ဆုံးသွားတာ ဒီနှစ်မှာဆို နှစ် ၃၀ ပြည့်ပြီ။ ဒီာကားထဲမှာ
ဦးတို့က သူနဲ့ပတ်သက်ပြီး ဘာပွဲမှ မလုပ်ဖြစ်ခဲ့ဘူးလေ။ အဲတော့ သူ့ရဲ့ သားလေးကလည်း
မြန်မာပြည်ကို ပြန်လာမယ်။ သူ့အဖေ  ရဲ့ အမှတ်တရ လုပ်ချင်ပါတယ်လို့ ပြောတာနဲ့
ကိုပီးပေါ်နဲ့အတူ စီစဉ်ပြီး လုပ်ဖြစ်သွားပါတယ်" လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အဆိုတော်စိန်လွင်ရဲ့ တစ်ဦးတည်းသောသားဖြစ်သူ ကိုပြည့်ဖြိုးကလည်း "ကျွန်တော်
မြန်မာပြည်ကို ပြန်လာတော့ ဦးသန်းနိုင်က သူနဲ့ ဦးပီးပေါ်မှာ ဒီလိုမျိုးလေး စိတ်ကူးရှိတယ်။
ကာယကံရှင်ကကော လုပ်ချင်လားလို့ မေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဖေဖေဆုံးပြီး
ဘာပွဲမှလည်း မလုပ်ဖြစ်ခဲ့ဘူးလေ။ အမှတ်တရအနေနဲ့ကော၊ ဖေဖေ့သီချင်းတွေကို ပြန်
နားထောင်ချင်တဲ့လူတွေ ရှိမယ်ထင်လို့ လုပ်ဖြစ်ခဲ့တယ်"လို့ ပြောပါတယ်။

ဖျော်ဖြေပွဲမှာ သူလည်း ဖခင်ဖြစ်သူရဲ့ သီချင်း နှစ်ပုဒ်ကို သီဆိုဖျော်ဖြေမယ်လို့ ဆိုပါတယ်။
"အရင်ကတည်းက သီချင်းဆိုဖူးပါတယ်။ ဖေဖေ့ သီချင်းတွေနဲ့ကလည်း အကျွမ်းဝင်ပြီးသား
မို့လို့ အရမ်းစိုးရိမ်တာမျိုးတော့ မရှိပါဘူး"လို့ ကိုပြည့်ဖြိုး က ပြောပါတယ်။

အဆိုတော်စိန်လွင်ဟာ မြန်မာ့လေကြောင်းလိုင်းတွင် လေယာဉ်မောင် တာဝန်ထမ်းဆောင်ရင်း
၁၉၈၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် လေယာဉ်ပျက်ကျရာမှာ ကွယ်လွန်သွားခဲ့ရတာ
ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ သုံးဦးရှိပြီး ပလေးဘွိုင်းသန်းနိုင်နဲ့ မြသီတာတို့ရဲကအစ်ကို
ဖြစ်ပါတယ်။ ကွယ်လွန်ချိန် မှာ အသက် ၃၄ နှစ်သာ ရှိပါသေးတယ်။

အခုကျင်းပမယ့် ပွဲလေးမှာ ပလေးဘွိုင်းသန်းနိုင် ကလည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး အဆိုတော်
လူကြီးပိုင်း၊ လူငယ်ပိုင်း စုံစုံလင်လင်ပါမှာ ဖြစ်တယ် လို့ သိရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်