Thursday, 21 August 2014

ဒါရိုက်တာ ရူးပတ်ဆန်းဒါးကို ဇနီးသည် လစ်ဘာတီရော့စ် ကွာရှင်းခွင့်တောင်းခံလိုက်

ခရစ္စတင်းလက်ချက်ကြောင့် သူတို့နှစ်ဦး တကယ်ကွာပြဲကြတော့မှာလား...။ခရစ္စတင်းလက်ချက်ကြောင့် သူတို့နှစ်ဦး တကယ်ကွာပြဲကြတော့မှာလား...။

အိမ်ထောင်ရေးမှာ အဖုအထစ်လေး တွေဖြစ်လာတဲ့အခါ ဖြေရှင်းသွားနိုင်ပြီး အိမ်ထောင်
ဆက်လက်ခိုင်မြဲသွားကြ တာမျိုးရှိသလို တစ်ခါတလေတော့လည်း ဖြေရှင်းမရဘဲ ကွာရှင်း
လိုက်ရတဲ့ အထိ ဖြစ်ရတာမျိုးတွေ ရှိပါတယ်။

ဒါရိုက်တာ ရူးပတ်ဆန်းဒါးဟာလည်း ခရစ္စတင်းစတူးဝဒ်နဲ့ ဖောက်ပြန်တဲ့ သူ့ရဲ့ အပုပ်နံ့ဟာ
ပြီးခဲ့တဲ့နှစ်မှာ တစ်ကမ္ဘာလုံး ပျံ့နှံ့ခဲ့ပေမယ့် ဇနီးသည် လစ်ဘာတီရော့စ်နဲ့ အိမ်ထောင်ရေးဟာ
မပျက်မစီးဘဲ ဆက်လက်တည်တံ့နေခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့ ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်တဲ့ လစ်ဘာတီရော့စ်ဟာ တရားရုံးတော်မှာ ခင်ပွန်း
ဖြစ်သူ ရူးပက်ဆန်ဒါးကို ကွာရှင်းခွင့်လျှောက်ထား လိုက်ပါပြီ။

ရုပ်ဖြောင့်တဲ့ ရူးပတ်ဆန်းဒါး တစ်ယောက် သူရိုက်ကူးတဲ့ "Snow White and the
Huntsman" ရုပ်ရှင်ထဲက ခေါင်းဆောင်မင်းသမီး စတူးဝဒ်ကို အနမ်းပေးနေတဲ့ဓာတ်ပုံဟာ
ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာကြီးက သူ့ဇနီးနဲ့ ကလေး
တွေ နာကျင်ခံစားရအောင် လုပ်မိတဲ့အတွက် တောင်းပန်ကြောင်း လူသိရှင်ကြား တောင်းပန်
ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်