ထူးချွန်ဆုတွေ ဝေမျှရရှိခဲ့တဲ့ ၂၀၁၃ ဂရမ်မီည

ဆုသုံးဆု ရရှိခဲ့တဲ့ အဆိုတော် Gotye။ ဓာတ်ပုံ - အေအက်ဖ်ပီဆုသုံးဆု ရရှိခဲ့တဲ့ အဆိုတော် Gotye။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဒီနှစ်ရဲ့ ဂရမ်မီဆုတွေကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကသာ သိမ်းကြုံး ရယူသွားတာမျိုး
မဟုတ်ဘဲ ဂီတလောကသားတွေဟာ ဝေမျှရရှိခဲ့တယ်လို့ ပြောရပါမယ်။

လော့စ်အိန်ဂျလိစ်က Staples စင်တာမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီး
ကျယ်ဆုံးဂီတ ဆုပေးပွဲကြီး (၅၅ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ)မှာ အင်ဒီပေါ့ပ်အဖွဲ့ Fun၊ ရော့ခ်
အဖွဲ့ The Black Keys နဲ့ ဩစတြေးလျ-ဘယ်လ်ဂျီယံအဆိုတော် Gotye တို့က ထိပ်တန်းဆုတွေ
ရရှိပြီး အောင်ပွဲခံခဲ့ကြပါတယ်။

နယူးယော့ခ်အခြေစိုက်ဂီတအဖွဲ့ Fun ဟာ "We Are Young" သီချင်းနဲ့ နှစ်တစ်နှစ်ရဲ့အကောင်း
ဆုံးသီချင်းဆုနဲ့ အကောင်းဆုံး လူသစ်အနုပညာရှင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်အသက် ၂၁ နှစ်ပြည့်မွေး နေ့ကျင်းပနေသလို ခံစားမိပါတယ်ဗျာ" လို့ Fun ရဲ့ အဆိုရှင်
ဖြစ်တဲ့ Nate Ruess က ပြောပါတယ်။

တကယ်တော့ သူ့အသက်က ၃၀ ဖြစ်ပြီး သူတို့တီးဝိုင်းသက်တမ်းဟာ ၁၂ နှစ် လောက်ရှိနေပါပြီ။

ဒါပေမဲ့ အကောင်းဆုံးလူသစ်အနုပညာရှင်အဖြစ် အရွေးခံရဖို့အပြင် တခြားဘာမှ မရှိပါဘူးလို့ ပြော
ကြားခဲ့ပါတယ်။

ဗြိတိန်သား ရော့ခ်အဖွဲ့ဖြစ်တဲ့ Mumford & Sons ကတော့ နှစ် တစ်နှစ်ရဲ့ အကောင်းဆုံးသီချင်း
အယ်လ်ဘမ်ဆုကို "Babel" အယ်လ်ဘမ်နဲ့ ရရှိ ခဲ့ပြီး Gotye ကတော့ Kimbra ပါဝင် ကူညီသီဆို
ပေးထားတဲ့ "Somebody That I Used to Know" သီချင်းနဲ့ အယ်လ်ဘမ်တွေထဲကမှ
အကောင်းဆုံး သီချင်းတစ်ပုဒ်ကို ရွေးချယ်ချီးမြှင့်တဲ့ဆုကို ရရှိခဲ့ပါတယ်။

ဆုပေးပွဲညမှာ လူငယ်ပိုင်းနဲ့ လူကြီးပိုင်းအနုပညာရှင်တွေကို တွဲဖက်ပေးထားပြီး အဆိုတော်ကြီး
Stingက ရက် ဂေးအဆိုတော်ဘော့ဘ်မာလီရဲ့ကလေး တွေနဲ့ သီချင်းတွဲဆိုတာ၊ အယ်လ်တန်ဂျွန်
နဲ့ Brit Ed Sheeran တို့ အတူတွဲပြီး ဖျော်ဖြေတာမျိုးနဲ့ အဆိုတော်ကြီး Prince က Gotye ကို
ဆုချီးမြှင့်ပေးတာမျိုးတွေကို တွေ့ကြရပါတယ်။

The Black Keys ကတော့ ဒီနှစ်မှာ ဂရမ်မီဆု အများဆုံးရခဲ့တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး
ရော့ခ်တင်ဆက်မှုဆု၊ အကောင်းဆုံးရော့ခ်သီချင်းဆု၊ တီးဝိုင်းအတွက် အကောင်းဆုံးရော့ခ်
အယ်လ်ဘမ်ဆုနဲ့ အဖွဲ့ရဲ့အဆိုတော် Dan Auerbach အတွက် နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးထုတ်
လုပ်သူဆုဆိုပြီး ဆုလေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Gotye ကတော့ အိမ်ကို ဆုသုံးဆု သယ်သွားနိုင်ခဲ့ပါတယ်။ သူ ရရှိတဲ့ဆုတွေ က အယ်လ်ဘမ်
တွေထဲကမှ အကောင်းဆုံးသီချင်းတစ်ပုဒ်ကို ရွေးချယ်ချီးမြှင့်တဲ့ဆု၊ အကောင်းဆုံးပေါ့ပ် အုပ်စုလိုက်
တင်ဆက်မှုဆုနဲ့ အကောင်းဆုံးအော်လ် တာနေးတစ်အယ်လ်ဘမ်ဆုတွေပဲ ဖြစ်ပါတယ်။

ဂျေးဇီနဲ့ ကာနေးဝက်စ်တို့ကလည်း သူတို့ရဲ့ ပူးတွဲတင်ဆက်မှုတွေကနေ ရက်ပ်ဂီတတင်ဆက်မှုဆု၊
ရက်ပ်သီချင်း ပူးတွဲတင်ဆက်မှုဆုနဲ့ ရက်ပ်အယ်လ်ဘမ် တွေကမှ အကောင်းဆုံးရက်ပ်သီချင်း
တစ်ပုဒ်ကို ရွေးချယ်ချီးမြှင့်ဆုတွေ ရရှိခဲ့ ပါတယ်။

Somebody That I Used to Know သီချင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အရောင်းရဆုံး ဆင်ဂဲလ်ခွေ
တစ်ခုဖြစ်ခဲ့ တဲ့အပြင် YouTube ကနေ ပရိသတ် သန်း ၄၀၀ နီးပါး ကြည့်ရှုခံခဲ့ရတဲ့ သီချင်းလည်း
ဖြစ်ပါတယ်။

ဒါက တော့ အင်တာနက်ပလက်ဖောင်းရဲ့ ကြော်ငြာအားကို ထင်ရှားပေါ်လွင် စေတဲ့ ဖြစ်ရပ်ပါ။
"ကျွန်တော့်နောက်မှာ ကြိမ်လုံးကိုင်ပြီးရပ်နေတဲ့သူဆီက ဆုလက်ခံပြီးတဲ့ နောက်မှာ ဘာပြောရမှန်း
မသိတော့ပါဘူး"လို့ သူ့ကိုဆုချီးမြှင့်ပေးတဲ့ ပေါ့ပ်စ တား Prince ကို ရည်ညွှန်းပြီး  Gotye က
ပြောကြားခဲ့ပါတယ်။

"ဒီဆုအတွက် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မ ၀မ်းသာပါ တယ်"လို Somebody
That I Used to Know သီချင်းရဲ့ featuring အဆိုရှင် Kimbra မှ ပြောကြားခဲ့ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂစ်လဒ်ကလည်း Gotye ဟာ "ကနေ့ ဩစတြေးလျက အနု
ပညာရှင်တွေရဲ့ အရည်အသွေးကို စံပြဖြစ်စေတဲ့သူတစ်ဦးပါ"လို့ ပြောကြားခဲ့ပါတယ်။

ဆပ်ကပ်အဖွဲ့ခေါင်းဆောင်လို အဖြူ ရောင်ဘောင်းဘီတို ၀တ်ဆင်ပြီး အရောင်တောက်တောက်
ဦးထုပ်မြင့်မြင့် ဆောင်းထားတဲ့ တေလာဆွစ်ဖ်က သူ့ရဲ့ သီချင်း "We Are Never Ever Getting
Back Together" သီချင်းကို ဆပ်ကပ်ပွဲပုံစံတင်ဆက်မှုတွေနဲ့ ဆုပေးပွဲ အခမ်းအနားကို စတင်ပေး
ခဲ့ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းကို အလွန်အမင်းဖော်ပြထားတဲ့ ၀တ်စုံမျိုး မ၀တ်ဆင်ဖို့ တင်ဆက်သူတွေနဲ့ေ
ဖျာ်ဖြေသူ တွေကို သတိပေးထားတဲ့ဒီညမှာ Anthony Vaccarello ရဲ့လက်ရာ အနက်ရောင်
ဝတ်စုံဝတ်ဆင်ပြီး ပေါင်တံ နဲ့ ပခုံးသားတွေကို လှစ်ဟပြခဲ့တဲ့ ဂျနီဖာလိုပက်စ်ကို ဖန်သားပြင်မှာ
တွေ့လိုက်ရပါတယ်။

"ရှင်တို့မြင်တဲ့အတိုင်းပါပဲ။ ကျွန်မကတော့ ဖက်ရှင်ညွှန်ကြားချက်ကို ဖတ်ထားတဲ့သူပါ"လို့ ရက်ပ်ပါ
Pitbull နဲ့ အတူ ဆုပေးပွဲညရဲ့ ပထမဦးဆုကို ချီးမြှင့်ပေးဖို့ စင်ပေါ်တက်လာရင်းနဲ့ ဂျေလိုက စီဘီ
အက်စ်ရဲ့ ၀တ်စုံစည်းမျဉ်းကို ရည်ညွှန်းပြီး ဟာသလလုပ်ပြောကြားခဲ့ပါတယ်။

ဂျေလိုတို့ ချီးမြှင့်ခဲ့တဲ့ဆုကို ရရှိခဲ့သူ ကတော့ ပြီးခဲ့တဲ့နှစ် ဂရမ်မီဆုပေးပွဲမှာ ဆုခြောက်ဆုရခဲ့တဲ့
ဗြိတိန်အဆိုတော် Adele ပဲဖြစ်ပါတယ်။

စင်မြင့်ထက်မှာ ပြုံးပျော်ရွှင်နေတဲ့ အဆိုတော် Adele။ ဓာတ်ပုံ-အေအက်ဖ်ပီစင်မြင့်ထက်မှာ ပြုံးပျော်ရွှင်နေတဲ့ အဆိုတော် Adele။ ဓာတ်ပုံ-အေအက်ဖ်ပီ

သူကအကောင်း ဆုံးတစ်ကိုယ်တော်တင်ဆက်မှုဆုကို "Set Fire to the Rain" သီချင်းနဲ့ ရရှိခဲ့
တာဖြစ်ပါတယ်။

"ကျွန်မကို ကံကောင်းစေသူ ဂျေလို" လို့ လိုပက်စ် ချီးမြှင့်ပေးတဲ့ဆုကို လက်ခံရင်း Adele က ပြော
ကြားခဲ့ပါတယ်။

"မယုံနိုင်လောက်အောင်ပါပဲ။ ဒီညမှာ ကျွန်မလည်း ပါဝင်ချင်ခဲ့တာ။ ဒီညမျိုးကို ပြီးခဲ့တဲ့နှစ်ကတည်း
က ကျွန်မ နှစ်သက်ခဲ့တာရှင့်" လို့လည်း ပြောကြားခဲ့ပါ သေးတယ်။

အဆိုတော်ကြီး ပေါလ်မက်ကာတနေ ကတော့ "Kissing on the Bottom" သီချင်းအတွက်
အကောင်းဆုံးရိုးရာ ပေါ့ပ်အယ်လ်ဘမ်ဆုကိုရရှိခဲ့ပြီး ဘီယွန်းစေးကတော့ "Love on Top" သီချင်း
အတွက် အကောင်းဆုံးရိုးရာ အာရ်အင်န်ဘီတင်ဆက်မှုဆုကို လက်ခံရရှိ ခဲ့ပါတယ်။

Beach Boy Brian Wilson က တော့ အကောင်းဆုံးသမိုင်းဝင် အယ်လ်ဘမ်ဆုရရှိခဲ့ပြီး ကွယ်လွန်
သူ အိန္ဒိယ အဆိုတော် ရာဗီရှန်ကာကတော့ The Living Room Sessions Part 1 နဲ့ အကောင်း
ဆုံး ကမ္ဘာ့ဂီတဆု ရရှိခဲ့ပါတယ်။

ဂရမ်မီပွဲရဲ့ အစဉ်အလာအတိုင်း ကွယ်လွန်သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားလည်း ကျင်းပခဲ့ပါ
တယ်။ ဂျွန်၊ Mumford & Sons နဲ့ တခြားအနုပညာရှင်တွေဟာ ကွယ်လွန်သူ ဒရမ်သမားနဲ့
အဆိုတော် Levon Helm ကို အမှတ်တရ ဂုဏ်ပြုဖျော်ဖြေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဂရမ်မီမတိုင်ခင်ညမှာ ၀ှစ်တနီဟူစတန် သေဆုံးခဲ့တဲ့ ဖြစ်ရပ် ကြုံခဲ့ရသလို ပြီးခဲ့တဲ့သုံး၊
လေးနှစ်မှာ လည်း ခရစ္စဘရောင်းနဲ့ ရီဟာနားတို့ရဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေ ဖြစ်ခဲ့တာ ကြောင့်
ဒီနှစ်မှာတော့ အဲဒီလို စိတ်လှုပ်ရှားတုန်လှုပ်စရာဖြစ်ရပ်တွေ မကြုံရဖို့ အတွက် ပွဲစီစဉ်ကျင်းပသူ
တွေက မျှော်လင့်ထားခဲ့ကြပါတယ်။

သုံးနာရီခွဲကြာကျင်းပခဲ့တဲ့ ဒီဆုပေးပွဲညမှာ ဘရူနိုမားစ်၊ ရီဟားနား၊ ဂျပ်စတင်တင်းဘားလိတ်၊
ဂျေဇီးစတဲ့ နာမည်ကျော်အဆိုတော်များစွာ ဖျော် ဖြေတင်ဆက်ခဲ့ကြပါတယ်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်