လူငယ်တွေကြားမှာ ဖက်ရှင်တစ်ခုလို၊ဖြစ်လာတဲ့ ရှီရှားသုံးစွဲမှု

စားသောက်ဆိုင်တစ်ဆိုင်တွင် ရှီရှားသောက်သုံးနေသူ လူငယ်တစ်စု။ ဓာတ်ပုံ - အောင်ဌေးလှိုင်စားသောက်ဆိုင်တစ်ဆိုင်တွင် ရှီရှားသောက်သုံးနေသူ လူငယ်တစ်စု။ ဓာတ်ပုံ - အောင်ဌေးလှိုင်

 'ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်' ဆိုတဲ့ စာတန်းတွေနဲ့
ကျန်းမာရေး အတွက် သတိပေးတားမြစ်ချက်တွေ ကြောင့် (ကျန်းမာရေးဝန်ကြီးဌာနစစ်တမ်းအရ)
ဆေးလိပ်သောက်သုံးမှု အတော်အတန် လျော့ဆင်းလာပြီလို့ ပြောမယ်ဆိုရင် မဟာရန်ကုန်မြို့မှာ လူငယ်တွေကြား ရေပန်းစားလာတဲ့ ဆေးလိပ်အစားထိုးသောက်သုံးမှု တစ်ခုက ဘာဖြစ်မယ်လို့
ထင်ပါသလဲ။

ရေတစ်ဝက်လောက် ထည့်ထားတဲ့ စတီးအိုးရဲ့ထိပ်ပေါက်ဝမှာ အပူခံစက္ကူစတစ်ခု ပတ်ထားပြီး
စက္ကူစထဲမှာ တော့ စီမံဖော်စပ်ထားတဲ့ ဆေးရွက်ကြီးတစ်စကို မီးသွေးခဲသေးသေးနဲ့ လောင်ကျွမ်း
ထားစေပါတယ်။ လောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုးငွေ့တွေကိုတော့ အောက်ခံရေအထိမရောက်
ခင် ပိုက်ပျော့တန်းကနေ တစ်ဆင့် အပြင်ကို ရှူထုတ်လို့ရအောင် ပြင်ဆင် ထားပြီး ပိုက်ရဲ့ထိပ်ကိုတော့
တစ်ခါ သုံး ကော်အစွပ် တပ်ထားပါတယ်။ ကော်အစွပ်ကနေတစ်ဆင့် ပါးစပ်နဲ့ တေ့ပြီး ရှူလိုက်မယ်
ဆိုရင်တော့ စတော်ဘယ်ရီ၊ ပန်းသီး၊ နွယ်ချို၊ ပရုတ် စတဲ့ ရနံ့တွေကို ရရှိစေမှာပါ။

ဒီဓလေ့ဟာ အိန္ဒိယနိုင်ငံကနေ ဆင်း သက်လာတယ်လို့ မှတ်တမ်းတချို့မှာ ရေးသားထားပါတယ်။
အာရပ်စော် ဘွားတွေ သောက်သုံးတယ်လို့လည်းသတ်မှတ်ကြတဲ့ ဒီရှီရှားသုံးစွဲမှုကို အမျိုးသမီးထု
ကြားမှာတော့ ဟူးခခ် သောက်တယ်လို့လည်း ပြောကြပါ တယ်။

ဒါကတော့ ဒီနှစ်ပိုင်းတွေမှာ ရန်ကုန် မြို့ရဲ့ လူငယ်နဲ့ လူလတ်တန်းတွေကြား မှာ ရေပန်းစားလာတဲ့
ရှီရှားသုံးစွဲမှုပုံစံဖြစ်ပြီး အဆင့်မြင့်စားသောက် ဆိုင်၊ ဘားနဲ့ ကလပ်တော်တော်များ များမှာ ရရှိနေပြီ
ဖြစ်ပါတယ်။

ဒဂုံမြို့ သစ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုအောင်ဇင်လတ်က ရှီရှားသောက်
သုံးမှုကို လွန်ခဲ့တဲ့ နှစ်နှစ် က အင်းလျားလိတ်ဟိုတယ်က စား သောက်ဆိုင်တစ်ဆိုင်မှာ စတင်တွေ့ရှိ
ခဲ့ပြီး နောက်ပိုင်းမှာတော့ သူငယ်ချင်း တွေနဲ့အတူ ဆက်လက် သုံးစွဲဖြစ်နေတယ်လို့ ပြောပါတယ်။

"အနံ့လေးက မွှေးနေတော့ သဘော ကျမိတယ်။ နီကိုတင်းကလည်း သဘော လောက်ပဲ ပါတာ
ဆိုတော့ ကျန်းမာရေး အတွက်လည်း သိပ်ထိခိုက်မယ်လို့ မထင်ဘူး။ စစချင်းတုန်းက အသစ်
အဆန်းတစ်ခုလိုဖြစ်နေတော့ ဆက် သောက်ဖြစ်တာပါ"လို့ ဖရဲသီးရနံ့ကို အမြဲလိုလို ရွေးချယ်
မိတယ်ဆိုတဲ့ ကိုအောင်ဇင်လတ်က ပြောပါတယ်။

ရှီရှားသောက်သုံးတဲ့ ယဉ်ကျေးမှု ဟာ အသက် ၂၅ နှစ်လောက်ကစပြီး ၃၀ ကျော် လူလတ်ပိုင်းတွေ
ကြားမှာတော့ ပိုမိုတွင်ကျယ်နေပြီး ၂၅ နှစ် အောက် လူငယ်ပိုင်းတွေမှာတော့ အပျော်တမ်းဖက်ရှင်
တစ်ခုအဖြစ် ရေ ပန်းစားနေတယ်လို့လည်း သူ့အမြင် ကို ပြောပါတယ်။

၂၀၁၁ ခုနှစ်လောက်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ရှီရှား စသောက်သုံးဖူးတဲ့ အသက်
၂၂ နှစ် အရွယ် မဆူးချိုးကတော့ ရှီရှားကနေ ထွက်လာတဲ့ အငွေ့အရသာက နေရာ ဒေသအလိုက်
မတူဘဲ မြန်မာနိုင်ငံမှာ တော့ အရသာပေါ့တယ်လို့ ပြောပါ တယ်။

"ဟိုမှာ ရှီရှားဆိုတာကို စသိတော့ အရသာက အသစ်၊ ပြီးတော့ စီးကရက်လိုမဟုတ်တော့ အနံ့
လည်းသိပ်မထွက် ဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ပြန်ရောက် တော့လည်း ဆက်သောက်ဖြစ်တယ်။
ဒါပေမဲ့ အရသာက သိသိသာသာပေါ့ သွားတယ်"လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ မဆူးချိုးက
ပြောပါတယ်။

သူကတော့ ပန်းသီး၊ စပျစ်သီးနဲ့ ပရုတ်အရသာ သုံးမျိုးပေါင်းစပ်ထား တဲ့ ရှီရှားအရသာကို နှစ်ခြိုက်ပြီး
တစ် ပတ်မှာ တစ်ကြိမ်၊ ဒါမှမဟုတ် နှစ်ကြိမ် ပုံမှန် သုံးဖြစ်တယ်လို့ ဆိုပါတယ်။

"ရှီရှားကြိုက်တဲ့ သူငယ်ချင်းတွေနဲ့ဆုံ ရင် သွားသောက်ဖြစ်ပေမယ့် မသောက်ဘဲနေလို့ကလည်း
ရပြန်တယ်။ သူငယ်ချင်းတွေစုပြီး အရက်၊ ဘီယာသောက် တာ၊ ဆေးလိပ်သောက်တာထက်စာရင်
တော့ ရှီရှားက ကျန်းမာရေးကို သိပ် ဆိုးဆိုးရွားရွားမဖြစ်စေဘူးလို့ ထင် တယ်"လို့ ရှီရှားနဲ့ပတ်သက်
ပြီး သူ့အမြင် ကို ပြောပြပါတယ်။

ရှီရှားသောက်သုံးတဲ့ လူငယ်၊ လူရွယ် တွေဟာ စွဲလမ်းလို့ သုံးကြတာမဟုတ် ဘဲ အလုပ်ကိစ္စ၊ ဒါမှ
မဟုတ် အပျော် တမ်းသဘောမျိုးနဲ့သာ သုံးစွဲလေ့ရှိကြ ပြီး ရန်ကုန်နဲ့ မန္တလေးမြို့ကလွဲပြီး တခြား
နယ်မြို့တွေမှာ လုံးဝ မရှိဘူးလို့ လည်း ဆူးချိုးက သူခရီးသွားရင်း လေ့လာခဲ့တာကို ပြောပြပါတယ်။

"ရှီရှားက တခြားဆေးလိပ်တွေလိုအနံ့မထွက်တော့ အိမ်မှာ ၀ယ်သိမ်းချင် တာ။ အိမ်ကတော့ ခွင့်ပြု
မှာမဟုတ်ဘူး"လို့လည်း ပြောပါတယ်။

သူ့လိုပဲ ရှီရှားကို အိမ်မှာဝယ်သိမ်းချင်တဲ့ နောက်တစ်ယောက်ကတော့ ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့
ကိုထက် မြတ် ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင် က ဘန်ကောက်မှာ သူငယ်ချင်းတွေနဲ့ အတူ ရှီရှားကို
စတင်ကျွမ်းဝင်ခဲ့တာလို့ ပြောပြပါတယ်။

"အိမ်မှာ ၀ယ်ထားချင်ပေမယ့် ပိုက် တွေ၊ ဆေးအိုးတွေနဲ့ဆိုတော့ လူကြုံ မှာလို့ မကောင်းဘူးလို့
ထင်တယ်။ ဒါကြောင့် ကိုယ်သွားတော့မှ ၀ယ်ဖို့ စဉ်းစားထားတယ်၊ ကျန်းမာရေးအတွက်လည်း
စီးကရက်လောက် ဆိုးကျိုးမဖြစ်စေဘူးလို့ ယုံတယ်လေ"လို့ အသက် ၃၀ ရှိပြီဖြစ်တဲ့ ကိုထက်မြတ်
က ပြောပါတယ်။

"အရသာက ဆေးလိပ်လိုမဟုတ်ဘူး၊ အရမ်းပေါ့တယ်။ နောက်ပြီး အခု နောက်ပိုင်း ဆိုင်တော်တော်
များများ မှာလည်း ရလာပြီ။ တစ်အိုးကို သူငယ်ချင်းတွေနဲ့ တစ်ယောက်တစ်လှည့် ရှူမယ်ဆိုရင်တောင်
၄၅ မိနစ်လောက်ကြာတော့ ကျန်းမာရေး အရမ်းမထိလောက်ဘူး"လို့လည်း ပြောပါတယ်။

ရှီရှားဟာ ကျန်းမာရေးကို မထိခိုက် ဘူးလို့ ယုံကြည်ထားတဲ့ နောက်တစ် ယောက်ကတော့ ကမာ
ရွတ်မြို့နယ်က ကိုအောင်စစ်သည်ဖြစ်ပြီး သူကတော့ ရှီရှား သုံးအိုးတောင်မှ အိမ်မှာဝယ် သိမ်းထား
သူပါ။ "အိမ်မှာ ပါတီလုပ် ရင်၊ သူငယ်ချင်းတွေ ရှီရှားသောက်ချင်တယ်ပြောရင် အဆင်သင့်ဖြစ်အောင်
အိမ်မှာ ၀ယ်ထားလိုက်တယ်။ ပြီးတော့ မရတဲ့ဆိုင်တွေ သွားရင် အဆင်ပြေ အောင်လို့ ကားပေါ်မှာ
တစ်အိုး လောက် တင်ထားလိုက်ပြီး ဘယ်သွား သွား သယ်သွားတယ်"လို့ပြောပါတယ်။

သူက ဆေးလိပ်သောက်သုံးမှုကို ကျန်းမာရေးအတွက် ရှစ်နှစ်ကျော်ဖြတ် ထားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်
ကမှ ရှီရှား ကို စတင်သောက်သုံးဖြစ်တယ်လို့ ဆိုပါတယ်။ "အိမ်ကိုတော့ သေချာရှင်းပြ ရတာပေါ့။
ရှီရှားမှာ နီကိုတင်း သုည ဒသမ ၀၁ ရာခိုင်နှုန်းလောက်ပဲ ပါတယ် ဆိုတာရော၊ ကတ္တရာစေး မပါဘူး
ဆို တာကိုရောပေါ့"လို့ အသက် ၃၀ ရှိပြီ ဖြစ်တဲ့ ကိုအောင်စစ်သည်က ပြောပါ တယ်။ ရန်ကုန်မှာ
ရှီရှား ရနိုင်ပြီဆိုပေမယ့် တခြားနိုင်ငံတွေနဲ့ မတူတဲ့အချက်က တော့ သူ့အတွက် သီးသန့်ဝန်ဆောင်မှု
ပေးတဲ့ ၀န်ထမ်းတွေ ဆိုင်တွေမှာ မရှိ သေးတာပဲလို့ဆိုပါတယ်။

"မီးသွေးက လည်း အသက်ဆိုတော့ မီးသွေးကောင်းဖို့လိုသလို မီးများရင် သီးတတ်တာမျိုး၊
ချောင်းဆိုးတာမျိုး ဖြစ်တတ်တယ်။ လုပ်တတ်မှ သောက်လို့အဆင်ပြေတာ"လို့ ကိုအောင်စစ်သည်က
ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ ရွှေဂုံတိုင်လမ်းမပေါ်က Vista ဘား၊ ကမ္ဘာအေး ဘုရားလမ်းပေါ်က The Space
ဘား၊ ရွှေတောင်ကြား(၁)ထဲ မ္ဘောဇလမ်းပေါ် က Bar One 4 နဲ့ အနောက်မြင်းပြိုင် ကွင်းနားက
Andaman Club and Bar အပါအ၀င် အဆင့်မြင့်စားသောက် ဆိုင်နဲ့ ဘားတချို့မှာ ရှီရှားကို ရနိုင်
ပါ တယ်။ ကြိုက်နှစ်သက်ရာ အနံ့အရသာ ကို တောင်းဆိုနိုင်သလို အနံ့သုံးလေးမျိုးစပ်ပြီးတော့
လည်း သောက်သုံးလေ့ ရှိကြတဲ့ ရှီရှားအိုးတစ်အိုးရဲ့ဈေးနှုန်းက တော့ ပျမ်းမျှအားဖြင့် ကျပ်တစ်သောင်း
ခွဲ ဖြစ်ပြီး နှစ်မျိုးထက်ပိုပြီး စပ်ပေးရတဲ့ အနံ့တွေအတွက်ကိုတော့ တစ်မျိုးကို ကျပ် ၂,၅၀၀ နဲ့ ၃,၀၀၀
ဝန်းကျင်လောက် ထပ်ပြီး ပေးရတတ်ပါတယ်။

ရှီရှားပရိသတ်အများစုက လူကုံထံ တွေနဲ့ အသိုင်းအ၀ိုင်းတစ်ခုလောက် ကပဲ ဖြစ်ကြပြီး အများဆုံးက
လူငယ်တွေဖြစ်ကာ ဒုတိယအများစုကတော့ လူလတ်ပိုင်းတွေ ဖြစ်တယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်၊
ဆိုင်စဖွင့်ကတည်းက ရှီရှားကိုပါ ပူးတွဲရောင်းချခဲ့တဲ့ The Space ဘားရဲ့ အရောင်းမြှင့်တင်ရေး ဆိုင်
ရာ တာဝန်ရှိသူတစ်သူတစ်ဦးဖြစ် တဲ့ ကိုသက်တင်ဦးက ပြောပါတယ်။

"ဆိုင်စဖွင့်တော့ ဒီမှာက ဘား ယဉ်ကျေးမှု နည်းသေးတယ်။ ရန်ကုန်မှာတောင် ဘားတွေ သိပ်
အများကြီးမရှိသေးတော့ ထူးထူးခြားခြား ဖြစ်အောင် ဆိုပြီး ရှီရှားကို ထည့်ဖြစ်တာပါ။ ရှီရှား ၀န်ဆာင်
မှုအတွက်ဆိုပြီး ၀န်ထမ်းတွေကို သီးသန့်စာသင်သလို သင်ပေး တာမျိုးမရှိပေမယ့် အရင်က အတွေ့
အကြုံရှိပြီးသား ၀န်ထမ်းတွေက တစ်ဆင့် ပြန်သင်ပေးပါတယ်"လို့ ပြော ပါတယ်။

လတ်တလောမှာ ရှီရှားကိုသုံးစွဲသူ တွေဟာ လူတန်းစားတစ်ရပ်သာ ဖြစ် နေသေးတယ်လို့ပြောတဲ့
ကိုသက်တင် ဦးရဲ့အဆိုကို ကိုအောင်ဇင်လတ်က လည်း လက်ခံတယ်လို့ ဆိုပါတယ်။

"စီးကရက်နဲ့မတူတာက သူ့ကို နေရာတိုင်းမှာ လွယ်လင့်တကူမရနိုင် ဘူး။ ဈေးနှုန်းကလည်း
ပေါတာမျိုး မဟုတ်တော့ အချိန်တိုင်းလည်း မသုံး နိုင်ဘူး။ ဘားလိုနေရာမျိုးမှာမှ ရတာ ဆိုတော့
အမြဲတမ်းလည်း မသွားနိုင်ဘူးလေ။ ဒီတော့ စီးကရက်လောက်တော့ လူတွေကြားရောက်မှာ
မဟုတ်ဘူးထင်တယ်"လို့ ပြောပါတယ်။

ကိုထက်မြတ်ကတော့ လူငယ်တွေ ကြားမှာ ရှီရှားရေပန်းစားလာတာဟာ ဖက်ရှင်သဘောမျိုး
လောက်ပဲဖြစ်ပြီး စွဲလမ်းလို့လုပ်ကြတာ မဟုတ်ကြဘူးလို့ သူ့အမြင်ကို ပြောပါတယ်။ ရှီရှားဟာ
ဆေးလိပ်ထက် ကျန်းမာရေးအတွက် အဆင်ပြေစေတယ်လို့ ရန်ကုန်က ရှီရှားသုံးစွဲသူတွေရဲ့
ထင်မြင်ချက်ဟာ ဆရာဝန်တစ် ယောက်ဖြစ်တဲ့ ခရစ္စတိုဖ်ဂျယ်စ်ဒေါ့ဖ် ရဲ့သုံးသပ်ချက်နဲ့တော့
ကွဲပြားနေပါ တယ်။

"အစိုဓာတ်ပါတဲ့ အသီးနဲ့ ဆေးရွက် ကြီးကိုရောထားတဲ့ မီးရှို့ပြီးထွက်လာ တဲ့ အငွေ့က အဆုတ်
ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ တွေကို ပိုမိုဖြစ်စေပါတယ်"လို့ ခရစ္စ တိုဖ်က
ပြောပါတယ်။

ဆေးရွက်ကြီးကို လောင်ကျွမ်းစေရာ မှာသုံးတဲ့ မီးသွေးဟာလည်း ကာဗွန် မိုနောက်ဆိုက်နဲ့
တခြားဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ကင်ဆာလိုရောဂါ ဖြစ်စေပါတယ်လို့လည်း သူက ဆိုပါ
တယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ရှီရား (သို့) ဟူးခခ်နဲ့ ပတ်သက်တဲ့ တင်ပြချက်တစ်ခုမှာ
လည်း ဒီသောက်သုံးမှုဟာ စီးကရက်သောက်သလိုပဲ ထပ်တူညီတဲ့နီကိုတင်းပမာဏပါဝင်နိုင်ပြီး
ရေပေါင်းခံထားတဲ့ အိုးကို ဖြတ်လာတဲ့အငွေ့ကို ပိုက်ကနေ တစ်ဆင့် ရှူရှိုက်ရတဲ့အတွက် အဆိပ်
ပမာဏ ပိုတောင်များနိုင်သေးတယ်လို့ ဖော်ပြထားပါတယ်။

"ဒီနှစ်အစောပိုင်း လေ့လာချက် တွေမှာလည်း ရှီရှားသောက်သုံးတဲ့ အကျင့်ဟာ စီးကရက်နဲ့ထပ်တူ
ဆိုးကျိုး ပေးနိုင်ပြီး အဆိပ်ဓာတ်ပမာဏ ပိုမြင့် တဲ့အတွက် သွေးနီဥကို ပိုမိုလျင်မြန်စွာ ပျက်စီးစေ
တယ်။ ဒါကြောင့် ရှီရှား ဟာ စီးကရက်လိုပဲ ကျန်းမာရေး အတွက် ဆိုးကျိုးပေးနိုင်သလို တချို့ ပိုဆိုး
တဲ့ ကျန်းမာရေးအန္တရာယ်တွေ တောင် ဖြစ်စေတယ်"လို့ ဒေါက်တာ ခရစ္စတိုဖ်ဂျယ်စ်ဒေါ့ဖ်က ပြောပါ
တယ်။

မဆူးချိုးကတော့ အသက်ငယ်ရွယ်လွန်းတဲ့သူတွေ ရှီရှားသုံးနေတာကို တွေ့ရတာကြောင့် မဖြစ်သင့်
ဘူးလို့ဆိုပါတယ်။ "အသက်ငယ်ငယ်လေးတွေ ရှီရှားရှူနေတာ တွေ့ရင်တော့ စိတ်ထဲမကောင်းဘူး။
အသက်ရှူလမ်းကြောင်း ကနေ သွားရတဲ့အတွက် သူတို့ခံနိုင်ရည်မရှိမှာ စိုးတယ်"လို့ ပြောပါတယ်။

ကိုအောင်စစ်သည်ကတော့ အငွေ့ ရှူရတာ ဖြစ်တာကြောင့် ပန်းနာရင် ကျပ်သမားတွေတော့ ရှီရှား
ဟာ အဆင်မပြေလောက်ဘူးလို့ ဆိုပါ တယ်။ ဒါပေမဲ့ မိန်းကလေးတွေအနေ နဲ့ ဆေးလိပ်သောက်
တာထက် ရှီရှား သောက်တာဟာ ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်လို့လည်း သူ့အမြင်ကို ပြောပါ
တယ်။

(မန်နီမောင် ဖြည့်စွက်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်