ထိုင်းသရုပ်ဆောင်မင်းသမီး ဆီးဂိမ်းလှုံဆော်ပွဲမှာ ပါဝင်မည်

မြန်မာနိုင်ငံမှာ လူကြိုက်များခဲ့တဲ့ ထိုင်းအချစ်ဟာသသရဲကား Pee MakrS ခေါင်းဆောင်မင်းသမီး
Davika Hoorne နဲ့ ထိုင်းအဆိုတော် Mos တို့ ဟာ မြန်မာနိုင်ငံက စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရုပ်ရှင်
ရိုက်ကူးဖို့ လာရောက်လေ့လာရာမှ ဆီးဂိမ်းအကြိုလှုံဆော်ပွဲတွင် ပါဝင်ပေးသွားမယ်လို့ သိရပါတယ်။

ပွဲကို ၀င်ကြေးအခမဲ့စီစဉ်ထားပြီး ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Junction Square မှာ ယနေ့ ညနေ
၆နာရီတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ လူမင်း၊ မိုးစက်ဝိုင်တို့နဲ့အတူ
Davika Hoorne နဲ့ Mos တို့က ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်