ကျော်သူရဲ့ 'ကျွန်တော်သာ သမ္မကြီးဖြစ်ခဲ့ရင်' စာအုပ် တစ်လအတွင်း သုံးကြိမ်ပုံနှိပ်ခဲ့ရ

သရုပ်ဆောင် ကျော်သူက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားသမျှ စုစည်းထုတ်ဝေလိုက်တဲ့
'ကျွန်တော်သာသမ္မကြီး ဖြစ်ခဲ့ရင်' စာအုပ်ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

သူ့ဘ၀အစ ရုပ်ရှင်နယ်ပယ်ထဲရောက်သွားပုံ၊ ဘ၀ရဲ့အချိုးအကွေ့မှာ နာရေးကူညီမှုအသင်း
ဥက္ကဌအဖြစ် ပရဟိတသမားဖြစ်လာပုံ၊ နေ့စဉ် သူနဲ့ထိတွေ့နေရတဲ့ လူတန်းစားမျိုးစုံရဲ့ ဘဝ
အထွေထွေကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါတယ်။

နာရေးကူညီမှုလုပ်ငန်းကို လုပ်ကိုင်နေရင်း မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ စာသင်ကြားဖို့ အခက်
အခဲဖြစ်နေတဲ့ နွမ်းပါးကလေးငယ်တွေရဲ့ ဘ၀တွေ၊ ထမင်းနပ်မမှန်တဲ့ လူမမယ်ကလေးတွေရဲ့
အခြေအနေတွေကိုလည်း ထောက်ပြ ရေးသားထားတဲ့ အဲဒီစာအုပ်ဟာ ထွက်ရှိပြီး သုံးရက်
အကြာမှာ စာအုပ်ဆိုင်တွေမှာ ရောင်းကုန်သွားခဲ့လို့ နိုဝင်ဘာ ၉ ရက်နေ့မှာပဲ ဒုတိယအကြိမ်
အဖြစ် ထပ်မံ ထုတ်ဝေရပါတယ်။နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ တတိယအကြိမ်အဖြစ်
ထပ်မံထုတ်ဝေခဲ့ပေးပါတယ်။

"ကျွန်တော် လူမှုရေးအလုပ်တွေလုပ်နေရင်း တွေ့ကြုံရတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေကို
ဖေ့စ်ဘွတ်မှာ ရေးခဲ့ပါတယ်။ ထုတ်ဝေသူက ကမ်းလှမ်းတာနဲ့ စာအုပ်အဖြစ်ထုတ်ဖြစ်တာပါ"လို့
ပရိဟိတသမား မင်းသားကြီး (ဦး) ကျော်သူက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

ကျော်သူရဲ့ 'ကျွန်တော်သာ သမ္မကြီးဖြစ်ခဲ့ရင်' စာအုပ်ကို ပဉ္စဂံစာအုပ်တိုက်မှ ထုတ်ဝေပြီး
ဈေးနှုန်းကတော့ ကျပ် ၆၀၀၀ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်